Updated 27th Dec 2019
Kumudra, Shweproperty
အစားအစာရှိတဲ့ နေရာမှာ ကြွက်တွေပျော်ကြပါတယ်။အထူးသဖြင့် ၎င်းတို့အတွက် အစားအစာလွယ်ကူတဲ့ နေရာမျိုးဆို မိသားစုလိုက် အုပ်လိုက် ကျင်းလိုက် နေတတ်ပါတယ်။ကြွက်က လူတွေအတွက် ကျန်းမာ ရေးကို ထိခိုက်စေနိုင်တယ်လို့ အားလုံးက သိပြီးသားပါ။ အကုသိုလ် ကင်းကင်းနဲ့ အိမ်မှာကြွက်မနေနိုင်အောင်လုပ်ဖို့ အလွယ်ဆုံး နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဂွမ်းစတွေကို အလုံးကလေးတွေလုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကျင်လည်ရာ နေရာတစ်လျှောက်မှာ ချထားလိုက်ပါ။ကြွက်တွေက ငရုတ်ဆီကို ကြောက်ကြပါတယ်။
ကြွက်တွေ မခံနိုင်တဲ့အနံ့ထဲမှာတော့ လေးညှင်းနံ့လည်း ပါဝင်ပါတယ်။လေးညှင်းနံ့ ရှိတဲ့နေရာဆိုရင် ကြွက်တွေက နောက်တစ်ကြိမ် ထပ်မလာတော့ဘူးလို့တောင်သိရ ပါတယ်။လေးညှင်းပွင့် လေးညှင်းဆီကတော့ အိမ်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။
ပရုတ်လုံးထည့်တဲ့ သေတ္တာလေးတွေကို ကြွက်နေတတ်တဲ့ နေရာနဲ့ ကြွက်ရောက်တတ်တဲ့နေရာတွေမှာ ချထားလိုက်ပါ။ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့်စေတော့တဲ့အထိ ပရုတ်လုံးက စွမ်းပါတယ်။
ဆပ်ပြာမှုန့်ကို ရေနဲ့ နှစ်ဆတစ်ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ငရုတ်ဆီအနည်းငယ်ထည့်ပြီး စပရေးဘူးထဲကို ထည့်ပြီး ကြွက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖျန်းပေးပါ။သုံးလေးရက် တစ်ခါလောက်မှ သည်နည်းကို သုံးလို့ရပါတယ်။ဆပ်ပြာမှုန့်က ငရုတ်ဆီရဲ့ အရည်အသွေးကို သုံးလေးရက်လောက် ထိန်းပေးထားနိုင်လို့ စရိတ်သက်သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါ တယ်။
Ref : Kumudra
Photo Credit : Artzinspired
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။