Property Titles
    ထပ်မံရှာဖွေရန်
    Property Titles
      Kitchen

      ကားမူးခြင်းအတွက် သဘာဝဆေးနည်းတွေ ရှိသလား

      Updated 19th Sep 2016

      Written by

      Trend Myanmar, Shweproperty

       

      သင် ကားမူးတတ်ပါသလား။ ခရီးတစ်နေရာ ကားနဲ့သွားမယ်ဆိုရင် ခရီးသွားရင်းနဲ့ ပျော်ရမယ့်အပျော်ထက် ကားမူးမယ့်ကိစ္စင်္ကြီးကို ကြိုတွေးပြီး အာရုံနောက်နေရတယ်ဆိုရင်တော့  အထောက်အကူဖြစ်စေတယ်လို့ အများစု သိကြတဲ့ အိမ်တွင်းဆေးနည်းတချို့ ပြောပြပေးသွားပါမယ်။



      လူသိများတဲ့ နည်းလမ်းတစ်ခုက သက်ဆိုင်ရာခန္ဓာကိုယ် အစိတ်အပိုင်းမှာ လက်ချောင်းများဖြင့် နှိပ်နယ်ပေးနည်း acupressure ဖြစ်ပါတယ်။ လက်ကောက်ဝတ်အတွင်းဘက် ခေါက်ကြောင်းမှ လက်ချောင်းသုံးချောင်းစာခန့်နဲ့ အရွတ်နှစ်ခုကြားကို ၅ စက္ကန့်လောက်နှိပ်ပါ။ Acupressure သဘောကျသူတွေဟာ ဒီနေရာ နိုးဆွလှုံ့ပေးခြင်းက မအီမသာ ပျို့အန်ချင်စိတ်ကို သက်သာပျောက်ကင်းစေတယ်လို့ ယူဆကြပါတယ်။ ယင်းနေရာဖိနှိပ်ပေးဖို့ တီထွင်ဖန်တီးထားတဲ့ လက်ကောက်တွေလည်း ဝယ်ယူနိုင်ပါတယ်။ ဒီနည်းလမ်း အသုံးတည့်မတည့်တော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တချို့လေ့လာမှုတွေက အသုံးတည့်တယ်လို့ ဖော်ပြတာရှိသလို တခြားလေ့လာမှုတွေက ဒီလောက်ကြီးမဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ ဒါပေမယ့် စမ်းကြည့်လို့ အန္တရာယ်မဖြစ်ပါဘူး။



      ဂျင်းစားတာကတော့ နောက်ရှေးနည်းဟောင်းတစ်ခုဖြစ်ပါတယ်။ ဂျင်းတက်ကို အစိမ်းလိုက်စားနေစဉ်မှာ ပူရှိန်းပြားလည်း စမ်းသပ်ချင်စမ်း သပ်နိုင်ပါတယ်။ ဂျင်းနဲ့ အဆင်ပြေမပြေ သုတေသနလေ့လာမှုတွေ တစ်သမတ်တည်းမရှိပါဘူး။ စမ်းကြည့်ရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် ဂျင်းက သွေးခဲမှုနှေးကွေးစေလို့ သွေးခဲမှုပြသနာဖြစ်စေတဲ့ aspirin သို့မဟုတ် warfarin စတဲ့ ဆေးဝါးတွေ မမှီဝဲသ၍ အန္တရာယ်ကင်းပါတယ်။



      ဒီပစ္စည်းတွေ လက်ထဲ အဆင်သင့်မရှိပါက မအီမသာဖြစ်မှု မပျောက်မချင်း ဖြေးဖြေးချင်း အသက်ပြင်းပြင်းရှူကြည့်ပါ။ အသက်ခပ်မြန်မြန် ရှူရှိုက် တာက ပိုဆိုးစေတတ်ပါတယ်။ ကား၊ လေယာဉ် ဒါမှမဟုတ် သင်္ဘော ဘာပဲဖြစ်ဖြစ် တံခါးပေါက်နား ကပ်ထိုင်ပြီး ဖြစ်နိုင်ရင် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေပါ။ အနီးနားတစ်နေရာရာကို အာရုံစိုက်နေတာထက် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေတာက လူကို ပိုတည်ငြိမ်စေကြောင်း   လေ့လာတွေ့ရှိခဲ့ပါတယ်။

       

      Posted By : Wai Phyoe

      Photo Credit : ipglab

      Ref : Trend Myanmar

      Get daily fresh news delivered to your inbox

      By subscibing you agree to our privacy policy


      ဝယ်ရန်

      ငှားရန်

      စီမံကိန်း အသစ်များ