Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Cars

စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမည့်အချက်(၇)ခု

Updated 18th Feb 2016

Written by

Gentelman Magazine, Shweproperty

 

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။ စီးပွားရေးနဲ့ပတ်သက်ပြီး မသိမဖြစ် သိထားရမယ့် အချက်တချို့ရှိပါတယ်။ ဒီအချက်တွေကတော့ –



    ၁။ ကိန်းဂဏန်းတွေကို သိထားပါ။



စီးပွားရေးသမားတော်တော်များများက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက အချက်အလက်တွေ၊ ကိန်းဂဏန်းတွေတွေကို ပဲသိတတ်ကြပါတယ်။ တကယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်ပြီး နှုန်းထားအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကို သိထားရမှာဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်ရာမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ အသိပညာဗဟုသုတရှိရမှာ ဖြစ်ပါတယ်။ ရရှိနိုင်သမျှ သတင်းအချက်အလက်၊ ကိန်းဂဏန်းမှန်သမျှကို အကျိုးရှိရှိအသုံးချပါ။





    ၂။ နည်းလမ်းမှန်သမျှသိထားပါ။



လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် သက်ဆိုင်ရာနည်းလမ်းတွေ၊ ကိရိယာတွေရှိပါတယ်။ ဒီနည်းလမ်းတွေကို ဘယ်လို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချမလဲဆိုတာကို လေ့လာဖို့လိုအပ်ပါတယ်။ စားသုံးသူတွေကို သင်ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင် အားပေးမှုတွေရရှိမှာဖြစ်ပါတယ်။



    ၃။ အချိန်ကို သိပါ။



ကိုယ့်အချိန်ကို ကိုယ်သိတဲ့သူတွေက သူတို့ရဲ့လုပ်စရာကိစ္စတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သင့်အနေနဲ့ ဖြည့်ဆည်းပေးရမယ့် ဝန်ဆောင်မှုတွေကို အမြဲနောက်ကျနေမယ်ဆိုရင် လုပ်ငန်းတိုးတက်ဖို့ အခွင့်အလမ်း မရှိပါဘူး။ အချိန်ကို ထိထိရောက်ရောက်အသုံးချတတ်မယ်ဆိုရင်တော့ စားသုံးသူတွေအားလုံးရင်ထဲငြိစေမယ့် ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။



    ၄။ ခွန်အားကို သိပါ။



အလုပ်ကို အင်အားသုံးပြီး ကြိုးကြိုးစားစားလုပ်တိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။ နည်းစနစ်မှန်ကန်ရင် ခွန်အားကို လိုတာထက်ပိုစိုက်ထုတ်စရာမလိုပဲ အောင်မြင်နိုင်ပါတယ်။





    ၅။ လူမှုအသိုင်းအဝိုင်းကို သိပါ။



သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အရည်အချင်းတွေကို သိထားတာက အမှားကင်းတဲ့လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်ကိုဝန်းရံပေးဖို့ မှန်ကန်တဲ့လူတွေရှိနေမယ်ဆိုရင် အောင်မြင်မှုကို ရပ်တန့်မရနိုင်တော့ပါဘူး။ သင့်လုပ်ငန်းက တောင်းဆိုလာတဲ့နေရာမှန်သမျှမှ သင့်တော်ရာ လူမှန်နေရာမှန် ထည့်သွင်းတတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ပေးနိုင်သမျှ အမြင့်ဆုံးခံစားခွင့်တွေ ပေးထားပါ။



    ၆။ ငွေကြေးကို သိပါ။



သင့်ကိုယ်ပိုင်ငွေကြေးအကြောင်းကို သေချာသိရင် ငွေကြေးကို ပွားများလာအောင် လုပ်တတ်လာပါလိမ့််မယ်။ သင့်အနေနဲ့ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်စုဆောင်းတယ်ဆိုတာကို အတိအကျ သိထားဖို့လိုပါတယ်။ ဒါ့အပြင် လစဉ်လတိုင်းလည်း အပိုငွေကျန်နေအောင် ကြိုးစားပါ။ ဒီလိုဆိုရင် သင့်ရဲ့အမြတ်ငွေတွေ တိုးတက်လာမှာသေချာပါတယ်။ မိမိရဲ့ဘဏ္ဍာရေးအခြေအနေကို သေချာသိထားတာက ချမ်းသာကြွယ်ဝဖို့ အသေချာဆုံးနည်းလမ်းပါပဲ။



    ၇။ စားသုံးသူအကြောင်းကို သိပါ။

သင့်ရဲ့အလုပ်ရှင်ကလည်း သင့်ရဲ့စားသုံးသူပါပဲ။ ရှင်းရှင်းပြောရရင် အခြားသူတစ်ယောက်ယောက်ဆီက ငွေကြေးအကျိုးအမြတ်ရတိုင်းမှာ သူတို့ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ သင့်ရဲ့စားသုံးသူစိတ်ကျေနပ်မှုရရှိဖို့က သင့်ရဲ့ပထမဦးစားပေးဖြစ်နေဖို့ လိုပါတယ်။ တတ်နိုင်သမျှ လိုတာထက်ပိုပြီး ဖြည့်ဆည်းပေးပါ။ သူတို့အကြောင်းကို သိထားပြီး သူတို့ရဲ့လိုအပ်ချက်တွေကို နားလည်နေပါစေ။ ဘယ်လိုလုပ်ငန်းနယ်ပယ်ထဲမှာမဆို စားသုံးသူအကြောင်းကို သိထားတာက သင့်လုပ်ငန်းတိုးတက်စေဖို့ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

 

Ref : Gentelman Magazine

Photo Credit : Social

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ