Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Air Conditioner

မိမိနေအိမ်အတွင်း လေထုပိုမိုကောင်းမွန်စေဖို့

Updated 16th Jun 2016

Written by

Trend Myanmar, Shweproperty

 


မိမိအခန်းကို လေသလပ်ထားခြင်းက ပိုမိုအေးမြလတ်ဆတ်တဲ့ အပြင်လေ ရရှိစေပြီး ပူအိုက်စိုထိုင်းတဲ့ အခန်းလေကို   ခြောက်သွေ့စေ ပါတယ်။ လေဝင်လေထွက်ရှိအောင် တတ်နိုင်သလောက် အစွမ်းကုန်ဖန်တီးဖိုု့ မဖြစ်မနေ လိုအပ်ပါတယ်။ ခန့်မှန်းခြေအနေနဲ့ ၅ မိနစ်ကြာ တစ်နေ့ ၂ - ၃ ကြိမ် လုပ်ပေးသင့်ပါတယ်။ ပြတင်းတံခါးတွေအကုန်ဖွင့်ပြီး အထူးတာဝန်အဖြစ် သဘောထား လုပ်ဆောင်သင့်ပါတယ်။ ဒီနည်းက နေအိမ်တွင်း အလျင်မြန်ဆုံး လေထုဖလှယ်မှုဖြစ်ပေါ်စေပါတယ်။



ညစ်ညမ်းတဲ့ လေထုက အောက်ပါအချက်တွေ ဖြစ်ပွားစေနိုင်ပါတယ်.......



၁။ အားအင်ချိနဲ့ခြင်းနဲ့ အိပ်ရေးပျက်ခြင်း



၂။ စိတ်ဓာတ်ကျခြင်း



၃။ သမ်းဝေခြင်း



၄။ မကြာခဏခေါင်းကိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။



မိမိတို့နေအိမ်အတွင်း လေထုပိုမိုကောင်းမွန်အောင် ဘာတွေလုပ်နိုင်လဲ



၁။ သင့်နေအိမ်ကို ပုံမှန်လေဝင်လေထွက် ရအောင်လုပ်ပါ။



၂။ အခန်းထဲ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်မီးခိုးက အခန်းကို ချက်ချင်း ပျက်စီးသွားစေပါတယ်။



၃။ ကောင်းကျိုးမပြုတဲ့ ရောင်ခြည်ဖြာထွက်ပစ္စည်းတွေ အနည်းဆုံး ထားပါ။



၄။ အခန်းထဲ သစ်ပင်တွေ ထားရှိပါ။



၅။ ရနံ့သင်းဆီမွှေး၊ အနံ့မွှေးတဲ့ ဆေးဖက်ဝင်အပင်နဲ့ အမွှေးတိုင်တွေ အသုံးပြုပါ။

 

Ref : Trend Myanmar

Photo Credit : Trend

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ