Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

အိမ်မှာရှိနေတဲ့ အညစ်ပတ်ဆုံးအရာတွေကို သိသလား

Updated 10th Oct 2016

Written by

7daydaily, Shweproperty

 

အိမ်မှာနေ့တိုင်းလိုလို ထိတွေ့မိနေပေမယ့် မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ မှိုတွေပေါက်ပွားရှင်သန်နေတဲ့ အညစ်ပတ်ဆုံးပစ္စည်းတွေက ဘာတွေဖြစ်နေမလဲ ဆိုတာ သိထားရအောင်လို့ ဖော်ပြပေးချင်ပါတယ်........



သွားပွတ်တံထည့်ခွက် - ရေချိုး ခန်းထဲမှာတို့၊ ဘေစင်နားမှာတို့ ထားလေ့ရှိတဲ့ သွားပွတ်တံထည့် ခွက်လေးတွေကြည့်ရတာ သန့် ပြန့်နေသယောင်ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဗက်တီး ရီးယားတွေ၊ မှိုတွေစတဲ့ အညစ် အကြေးအစုံရှိနေတယ်လို့ ဆိုပါ တယ်။



ရေချိုးခန်းသုံးအခင်း - ရေချိုးခန်း အဝင်ဝမှာတို့၊ ရေခန်းခန်းထဲမှာ တို့ ထားလေ့ရှိတဲ့ အခင်းတွေဟာ လည်း အမြဲလိုလိုစိုထိုင်းနေတာမို့ ဗက်တီးရီးယားတို့၊ မှိုတို့ပျော် ပျော်ကြီးပေါက်ပွားရာပစ္စည်းတစ် ခုပါ။



ပန်းကန်ဆေးဘေစင် - သားစိမ်း ငါးစိမ်းတွေဆေးလိုက်၊ ဟင်းအ နှစ်တွေဆီတွေဆေးလိုက်နဲ့ အမျိုး မျိုးသော စားစရာတွေ၊ ပစ္စည်း   တွေနေ့စဉ်လို လိုဆေးကြောနေ တဲ့ နေရာဖြစ်တဲ့အတွက် ဗက်တီး ရီးယားတွေကတော့ သေချာ ပေါက်ရှိနေပါတယ်။



ရေခဲသေတ္တာတံခါးအတွင်းရှိ ရော်ဘာအနားကွပ် - ရေခဲသေတ္တာထဲ မှာ စားစရာတွေကို မှိုလိုက်လာ တဲ့အထိ အကြာကြီးသိမ်းတာမျိုး   ရှောင်ဖို့လိုသလို ရေခဲသေတ္တာ တံခါးရဲ့ ရော်ဘာအနားကွပ်တွေ မှာလည်း ခဏခဏဖွင့်လိုက်ပိတ် လိုက်လုပ်သလို အမြဲစိုထိုင်းနေ တာမို့ မှိုတွေ၊ ပိုးမွှားတွေရှိနေ တတ်ပါတယ်။



ခြေသုတ်အခင်း - အိမ်အဝင်ဝတွေမှာ ဖုန်တွေ၊ သဲတွေသန့်စင်ဖို့အတွက် ထားလေ့ရှိကြတဲ့ ခြေသုတ်အခင်းတွေကလည်း အညစ်ပတ်ဆုံး စာရင်းဝင် ပါတယ်။



ဆဲလ်ဖုန်း - မျက်နှာနဲ့ နား နားမှာ အမြဲလိုလိုထိကပ်ပြီး စကားပြော ကြတဲ့ ဆဲလ်ဖုန်းတွေကလည်း အ ညစ်ပတ်ဆုံးအရာတစ်ခုပါပဲ။ အိတ်ထဲထည့်လိုက်၊ ဘောင်းဘီ ထဲထည့်လိုက်၊ သန့်စင်ခန်းထဲယူ သွားလိုက်၊ ဟိုချဒီချလုပ်လိုက်နဲ့ မို့ ဗက်တီးရီးယားပေါင်းများစွာရှိ နေတယ်လို့ ဆိုပါတယ်။



ကစားစရာအရုပ် - အိမ်မှာအချစ် တော်တွေ မွေးထားတယ်ဆိုရင် သူတို့ကစားဖို့ အရုပ်လေးတွေကို လည်း မကြာခဏလျှော်ဖွပ်ပေးဖို့ လိုပြန်ပါတယ်။ သွားရေတွေနဲ့ ကိုက်လိုက်၊ ဆော့လိုက်၊ အပြင် မှာ ပစ်ထားလိုက်နဲ့ဆိုတော့ ဗက် တီးရီးယားတွေ၊ မှိုတွေရှိနေတတ် တာမို့ပါ။

 

Posted By : Wai Phyoe

Photo Design : Thet Swe Lin

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ