Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

ဆံပင်ဖြူတာသက်သာစေမယ့် အိမ်တွင်း နည်းလမ်းလေးတွေ

Updated 2nd Nov 2017

Written by

Trend, Shweproperty

 

 ခေါင်းမှာ ဆံပင်ဖြူတွေ ထွက်လာပြီဆိုရင် နက်မှောင်တဲ့ ဆံသား ဖြစ်လာဖို့အတွက် ဆံပင်ဆိုးဆေး သုံးတာတို့၊ အခြားနည်းလမ်း ပေါင်းများစွာနဲ့ ကြိုးစားပမ်းစား လုပ်ဆောင်လေ့ရှိရာမှာ ဘေးထွက် ဆိုးကျိုးကင်းကင်းနဲ့ ဆံပင်အဖြူ သက်သာအောင် လုပ်ချင်သူတွေ အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်း လမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
 
 
သံပရာသီးနှင့် ကုလားဆီးဖြူသီး - ဆံပင်ပြဿနာနဲ့ အရေပြားပြဿနာတွေအတွက် သဘာဝဆေးဖြစ်တဲ့ ကုလားဆီးဖြူသီးအမှုန့်နဲ့ သံပရာရည်နဲ့ရောပြီး ဆံပင်ဖြူနေတဲ့နေရာတွေကို ဦးရေပြားအထိ စိမ့်ဝင်အောင် ပုံမှန်လိမ်းပေးရင် ရက်အနည်းငယ်အတွင်း ထူးခြားလာတာတွေ့ရမှာပါ။
 
 
ကြက်သွန်နီအနှစ် - ကြက်သွန်နီ ကို အနှစ်ဖြစ်သွားအောင် ကြိတ် ခြေပြီး ဦးရေပြားကို သုတ်လိမ်းပြီး နာရီဝက်လောက် ခြောက်သွားတဲ့ အထိ ထားပေးတာမျိုးလုပ်ပေးရင် လည်း ဆံပင်တွေကို ပြန်နက်စေ တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီ က အနံ့ပြင်းတဲ့အတွက် ရှန်ပူနဲ့ သေချာလျှော်ပြီး အနံ့ပျောက် အောင်လုပ်ဖို့တော့ လိုပါတယ်။
 
 
အုန်းဆီနှင့် သံပရာရည် - ဆံပင်ဖြူ ပေါက်လာပြီဆိုတာနဲ့ ဦးရေပြား ယားကျိကျိနဲ့ မသက်မသာဖြစ် လာရင် သံပရာရည်နဲ့ အုန်းဆီနဲ့ ရောပြီး ဆံသားကို လိမ်းပေးမယ် ဆိုရင် ဦးရေပြားကျန်းမာရေး ကောင်းစေပြီး ဆံပင်ဖြူတာကို လည်း လျော့ပါးစေတယ်လို့ ဆိုပါ တယ်။
 
 
မုန်လာဥနီဖျော်ရည် - အရသာ လည်းရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက် ပေးတာဟာ ဆံပင်ဖြူတာကာ ကွယ်ပေးသလို ဆံပင်ဖြူနေရင် လည်း လျော့ပါးသက်သာစေ တယ်လို့ ဆိုပါတယ်။
 
 
နှမ်းစေ့နှင့် အယ်လ်မွန်ဆီ - နှမ်းစေ့ကို ကြေညက်အောင်ထောင်းပြီး အယ်လ်မွန်ဆီနဲ့ ရောထားတာကို ဦးရေပြားကို သီတင်းပတ်အနည်း ငယ်လောက် လိမ်းတာမျိုး လုပ် ပေးရင် ဆံသားတွေပြန်နက်လာ စေတယ်လို့ ဆိုပါတယ်။ နှမ်းမှုန့် နဲ့ အယ်လ်မွန်ဆီရောထားတာကို နာရီဝက်လောက် လိမ်းပေးပြီး ခေါင်းလျှော်ပေးတာမျိုးလုပ်ပေး ရင် ဆံသားသန်စွမ်းကျန်းမာစေပါ တယ်။
 
 
Posted By : Wai Phyoe
Photo Credit : Trend

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ