Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Cars

မိမိကိုယ်ကိုယ်တိုး တက်စေဖို့ အိုင်ဒီယာ (၁၀) မျိုး

Updated 30th Mar 2016

Written by

Myanmar Latest News, Shweproperty

လူတိုင်းလူတိုင်း ဘဝမှာအောင်ချင်ကြပါတယ်။ ဒါပေမဲ့ အကြောင်းအရင်းတချို့ကြောင့် အောင်မြင်မှုနဲ့ လမ်းလွဲ သွားတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် တိုးတက်လာစေမယ့် အိုင်ဒီယာ (၁၀) မျိုးကိုဖော် ပြပေးလိုက်ပါတယ်။ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း (၁၀) ကတော့.........



၁. “ခဏကျမှ” ဆိုတာကနေ “ခုချက်ချင်း ” လို့ပြောင်းလိုက်ပါ ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေ အုန်းမယ်ဆိုယင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ



၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ယင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် အဆိုတော် “ ကို အငဲ တို့ ကိုလေးဖြူ ”တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ သူတစ်ပါးလုပ်နိုင်ယင် ကိုယ် လည်း လုပ်နိုင်ရပါမယ်



၃. “စမ်းလျောက် ကြည့်ပါ ” ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် အယင်ပုံ စံ အတိုင်းပဲ လုပ်နေမယ် ဆိုယင် အကျိုးအမြတ် က လည်း နှကိုယ် အတိုင်း ပဲ ဖြစ်နေပါလိမ့်မယ် ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် ဆိုယင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ်



၄.နမူနာ ရှာပြီး “ သူ့ဦးနှောက် ကိုဖောက်လာ ပါ ” သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း? သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ် ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့



၅. မိမိ ကိုယ်ကို “ရင်းနှီးမြုတ်နှံပါ ” စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ ထင်ကောင်းထင်မိလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ဟောပြော ချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲ က နည်းလမ်းကောင်းကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ နိုင်ပါတယ် အိုင်းဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ် ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုတ်နှံ တာ ဟာ အင်မတန်အရေးကြီးပါတယ်



၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ “ ကိုယ်ဟာဘယ်သူလဲ ” “ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ ” ဆိုတာ ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုယင် မမိုက်တာတော့ အသေအချာပါပဲ Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့ တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ??? အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ



၇. တစ်ပါး သူအကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပိုသိပါစေ ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း? ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ် ဘယ်သူက ဘယ်သူနဲ့ ရီးစား ဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ? ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ? ကိုယ်ဘာကိုနှစ်သက်သလဲ ? ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ? ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?



၈.ကိုယ့်ရဲ့ အားသန်မှု့ ကို မြင့်တင်ပါ အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေယင် အင်မတန် ခက်ခဲ ပင်ပန်းနေမှာပါ ကိုယ့်ရဲ့ အားသန် မှု့ ကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ..



၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့ ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရလာယင်လည်း ၂၀ အောင်မြင်ပြီလို့ အောင်ပွဲခံတတ်ပါစေ ) ဘာကြောင့်လဲ ဆိုယင် စိတ်ညစ်စိတ်ရှုတ် ဒေါသဖြစ် စိတ်ဆင်းရဲနေယင် … ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလည်း



၁၀ . “နာကျင်စရာတွေ ” အလုံအလောက် ရှာဖွေပါ တော်ပြီ ဒီလိုဘဝမျိုး တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမာန်လူ မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး သင့်မှာ Pain – ရှိပြီး သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင် ပြီးသွားတဲ့ အခါ ကျယင် ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ပြီးယင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင် ရပါမယ် ။

 

Ref : Myanmar Latest News

Photo Credit : shutterstock

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ