Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

စိတ်ကူးယဉ်ဆန်တဲ့အခန်းဖြစ်စေမယ့် အရောင်(၈)မျိုး

Updated 9th Nov 2017

Written by

MM-Homedecor, Shweproperty

 

စိတ်ကူးယဉ်ဆန်တယ်ဆိုတာနဲ့ ပထမဆုံးမြင်မိတဲ့အရောင်ကတော့ ပန်းရောင်ဖြစ်ပါတယ်။ မိန်းကလေး တော်တော်များများက ကိုယ့်အတွက်အသုံးပြုတဲ့အရာတော်တော်များများကို ချစ်စရာကောင်းပြီး မိန်းမဆန် တယ်၊ နှူးညံ့တယ်ဆိုတဲ့အရာတွေကိုကိုယ်စားပြုတဲ့ ပန်းရောင်ကိုရွေးတတ်ကြပါတယ်။ (ဥပမာ-အဝတ်အစား၊ accessories၊ ကိုယ်ပိုင်အိမ်ခန်း)။ အမှန်တကယ်ကတော့ စိတ်ကူးယဉ်ဆန်တဲ့အရောင်လေးတွေက ပန်းရောင် အပြင် တခြားအရောင်လေးတွေလည်းရှိနေပါသေးတယ်။ ဒါကိုသက်သေပြတဲ့အနေနဲ့ ကိုယ့်ရဲ့အိမ်ခန်းလေးကို တခြားအရောင်တွေနဲ့ စိတ်ကူးယဉ်ဆန်အောင်ဖန်တီးပြလိုက်ပါတယ်။

 

(၁)တောက်ပတဲ့လိမ္မော်ရောင်(Glowing oranges)

စာဖတ်သူတွေအနေနဲ့ လိမ္မော်ရောင်လွင်လွင်ကို စိတ်ကူးယဉ်ဆန်တဲ့အရောင်စာရင်းထဲထည့်လိုက်တာ ကို အံ့သြနေကြမယ်ထင်ပါတယ်။ တောက်ပတဲ့လိမ္မော်ရောင်ကို ချစ်စိတ်တက်စေတဲ့အရောင်လို့ UKနိုင်ငံစစ် တမ်းတွေကဖော်ပြထားပါတယ်။ ဒါက တောက်ပတဲ့လိမ္မော်ရောင်နဲ့အလှဆင်ချင်တဲ့ သူတို့ရဲ့ရည်ရွယ်ချက် ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီတောက်ပတဲ့လိမ္မော်ရောင်လေးက အရောင်တောက် တောက်လေးတွေကိုကြိုက်တဲ့သူတွေနဲ့ အိမ်ခန်းထဲမှာရင်ခုန်မူကိုရှာဖွေချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အရောင်ဖြစ်ပါတယ်။

 

(၂)ဇီးရောင်ပေါက်တဲ့ခရမ်းနုရောင်(Pretty plums and purples)

စာဖတ်သူတွေအနေနဲ့ အချစ်ဇာတ်လမ်းတော်တော်များများမှာ ဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်ကို သုံးထားတာတွေ့ဖူးကြမှာပါ။ ဒီအရောင်ရဲ့ဆွဲဆောင်မူတွေကတော့ စိတ်ဖိစီးမူကိုလျော့ချပေးတာနဲ့ စိတ်ကိုနှစ် သိမ့်ပေးနိုင်တဲ့အရည်အသွေးတွေရှိနေတာပဲဖြစ်ပါတယ်။ သင်ကအရောင်မှိုင်းတာကိုကြိုက်ပြီးအခန်းလေးက စိတ်ကူးယဉ်ဆန်တာကို လိုချင်တယ်ဆိုရင်တော့ ဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်လေးက အသင့်တော်ဆုံး ဖြစ်မှာပါ။ မီးအလင်းရောင်လေးပေးလိုက်မယ်ဆိုရင်လည်း ဒီလိုဇီးရောင်လေးပြေးနေတဲ့ခရမ်းနုရောင်လေးက ပိုစိတ်ကူးယဉ်ဆန်ပြီး မှောင်တယ်လို့ထင်ရတော့မှာမဟုတ်ပါဘူး။

 

(၃)အပြာရင့်ရောင်(Deep Blue)

သင်ကသင့်ရဲ့အိမ်ခန်းကိုစိတ်ကူးယဉ်လည်းဆန်ချင်တယ်။ အရောင်တောက်တောက်တွေလည်းမ ကြိုက်ဘူး။ အရောင်ကသဘာဝဆန်ပြီး အိမ်ခန်းလေးကအေးမြတယ်လို့ခံစားစေချင်တယ်ဆိုရင်တော့ အပြာရင့် ရောင်ကိုအကြံပေးချင်ပါတယ်။ ဒီအရောင်ကအိမ်ခန်းကိုအေးမြစေတဲ့အတွက် အပြင်မှာရာသီဥတုပူနေရင် တောင် အခန်းထဲမှာအေးမြမူကိုခံစားရစေမှာပါ။

 

(၄)စိမ်းပြာရောင်(Tantalizing teals)

ရင်ခုန်စရာကောင်းတဲ့အိမ်ခန်းအရောင်ထဲမှာ စိမ်းပြာရောင်လည်းပါပါတယ်။ စိမ်းပြာရောင်က စွမ်းအား တစ်ခုခုရှိတယ်လို့ခံစားမိစေနိုင်တဲ့အရောင်ဖြစ်ပါတယ်။ ဒါပေမယ့်နံရံလေးဘက်လုံးမှာ စိမ်းပြာရောင်ကိုအသုံးပြု မယ်ဆိုရင်တော့ကြည့်ရဆိုးစေမှာပါ။ ဒါ့ကြောင့်အိပ်ရာရဲ့အပေါ်အမိုး ဒါမှမဟုတ် အိပ်ရာရဲ့ခေါင်းရင်းမှာပဲ သုံး ပေးပါ။ ဒါက ပြီးပြည့်စုံတဲ့အရောင်ကစားမူပဲဖြစ်ပါတယ်။

 

(၅)သဘာဝဆန်သောအညိုရောင်(Earthy browns)

နောက်ထပ်အနေနဲ့စိတ်ကူးယဉ်ဆန်တဲ့အရောင်ကတော့ နွေးထွေးမူပေးနိုင်တဲ့အညိုရောင်ပဲဖြစ်ပါ တယ်။ အညိုရောင်ကိုနောက်ခံထားပြီး ပုံမှာပြထားသလိုမျိုး အိပ်ရာဘေးမှာ သန္တာရောင်ထိုင်ခုံထားသလိုမျိုး အခြားသော zestier အရောင်တစ်မျိုးမျိုးကို အခန်းထဲမှာသုံးပေးနိုင်ပါတယ်။ သဘာဝဆန်တဲ့အညိုရောင်က မှောင်တဲ့ ခရမ်းရောင်၊ဇီးသီးရောင်တွေနဲ့ဆင်တူပေမယ့် မှောင်တဲ့အညိုရောင်ကို အဖြူ ဒါမှမဟုတ် ပိတ်နေတဲ့ အဖြူရောင်နဲ့သုံးလိုက်မယ်ဆိုရင်တော့ အရောင်ညှိဖို့လိုပါတယ်။ ဒါ့အပြင် စာဖတ်သူတွေက အိမ်ခန်းကိုအညို ရောင်ကာလာရှိတဲ့သစ်သားတွေနဲ့လည်း အစားထိုးဖန်တီးနိုင်ပါတယ်။ သစ်သားမျက်နှာကျက်နဲ့သစ်သားနံရံ တွေကိုအသုံးပြုတာကလည်း တကယ့်ကိုနွေးထွေးပြီး စိတ်ကူးယဉ်ဆန်စေပါတယ်။

 

(၆)ပန်းဆီရောင်(Raspberry pink)

ပန်းဆီရောင်ကအချစ်ရဲ့အရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာရဲ့အဆုံးမှာ သင်နဲ့သင့်ရဲ့လက်တွဲ ဖော်က ပန်းဆီရောင်အိပ်ရာပေါ်မှာအိပ်ပျော်ဖို့ကြိုးစားရတာ ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်။ ပန်းဆီရောင်က ကြေးနီ၊ ကြေးဝါနှင့်ရွှေရောင်လိုအရောင်တွေဖြစ်တဲ့ သတ္ထုရောင်တွေနဲ့လိုက်ဖက်ပါတယ်။ အခန်းလေးကို ကြည် လင်သန့်ရှင်းတဲ့ပုံဖော်ချင်တယ်ဆိုရင်တော့ အိမ်ခန်းမှာ အဖြူရောင်များများသုံးပေးပါ။ ပန်းဆီရောင်အဖျော့ လေးကနွေးထွေးပြီး သဘာဝဆန်တယ်လို့ခံစားမိစေပါတယ်။ တကယ်လို့ ပုံထဲကပန်းဆီရောင်ကအရမ်း တောက်နေတယ်လို့ထင်တယ်ဆိုရင် ပန်းဆီရောင်တစ်မျိုးတည်းမသုံးပဲ ပန်းဆီရောင်နဲ့သဟဇာတဖြစ်တဲ့ ခရမ်း နုရောင်နဲ့အပြာရောင်တို့ကိုရောပြီးသုံးနိုင်ပါတယ်။ အရောင်တွေကအရမ်းကြီးဆန့်ကျင်နေတဲ့ အရောင်တွေမ ဟုတ်တဲ့အတွက် နေရာကိုအရောင်စုံစေမယ့်အပြင် စိတ်အပန်းပါဖြေစေနိုင်ပါတယ်။ တကယ့်ကို ရင်ခုန်မူပေး နိုင်တဲ့အကောင်းဆုံးအရောင်ပဲဖြစ်ပါတယ်။

 

(၇)ပတ္တမြားရင့်ရောင်(Deep ruby red)

ပန်းဆီရောင်ကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပျော်ရွှင်စေပြီး ဆွဲဆောင်မူရှိစေပေမယ့် ဒီအနီရောင်က တော့ မှောင်ပြီးပိတ်နေပါတယ်။ ပတ္တမြားရင့်ရောင်က မှောင်ပေမယ့်အရောင်ကစိုနေတဲ့အတွက် ရွေးချယ်သင့် ဆုံးအရောင်ဖြစ်ပြီး နံရံကထူးခြားနေမှာဖြစ်ပါတယ်။ နေရာကျဉ်းတယ်ဆိုရင်တော့ ခုတင်ခေါင်းရင်းနံရံကိုပဲ အရောင်ဖန်တီးနိုင်ပါတယ်။ တကယ်လို့သင့်အခန်းကအလင်းရောင်အားနည်းနေတယ်ဆိုရင် အဖြူရောင်တွေ ပေါင်းထည့်တာ ဒါမှမဟုတ် တခြားလင်းတဲ့အရောင်လေးတွေပေါင်းထည့်တာမျိုးပြုလုပ်ပါ။

 

(၈)အနက်ရောင်(Black)

ပန်းရောင်နဲ့အနီရောင်ကအချစ်ရဲ့အရောင်ဆိုရင် အနက်ရောင်ကတော့ ဆွဲဆောင်မူရှိတဲ့အရောင်ဖြစ်ပါ တယ်။ ဒါပေမယ့်အနက်ရောင်နံရံက အခန်းကိုမှောင်စေပြီး အခန်းကိုသေးသွားစေတဲ့အပြင် ပိတ်လှောင် ကြောက်လွန်ရောဂါရှိသူတွေအတွက် ခက်ခဲစေနိုင်မှာပါ။ သင့်အိမ်ခန်းကကျယ်တယ်ဆိုရင်တော့ အနက်ရောင် က အရွေးသင့်ဆုံးဖြစ်ပါတယ်။ သင့်အနေနဲ့အိမ်ခန်းမှာအနက်ရောင်ကိုသုံးဖို့စိတ်ကူးရှိပေမယ့် ဒီအရောင်ကသင် တစ်ယောက်ထဲကြိုက်နေတာဆိုရင်တော့ အနက်ရောင်ကို တစ်ခြားဘယ်လိုနည်းလမ်းတွေနဲ့သုံးမလဲဆိုတာ စဉ်းစားရပါမယ်။ လှပတဲ့အနက်နဲ့အဖြူရောင်အိမ်ခန်းက အရမ်းကိုစိတ်ကူးယဉ်ဆန်စေပြီး ရိုးရှင်းတဲ့အရောင် အ တွဲအစပ်ပဲဖြစ်ပါတယ်။

အခုဆိုရင်စိတ်ကူးယဉ်ဆန်တယ်လို့အများစုကသတ်မှတ်ထားတဲ့ ပန်းရောင်အပြင် အခြားသောစိတ်ကူး ယဉ်ဆန်တဲ့အရောင်တွေကိုစာဖတ်သူအနေနဲ့သိသွားပြီဆိုတော့ ကိုယ့်ရဲ့အိမ်ခန်းလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ ဖုံးလွှမ်းသွားအောင် အခုပဲစိတ်ကူးထဲကချစ်စရာအိမ်ခန်းလေးကိုဖန်တီးလိုက်ပါ။

 

Ref & Photo Credit : MM-Homedecor 

Posted  By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ