Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

ကိုယ့်အိမ်ပေါ်က ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကို ဒီလို နည်းလမ်းလေးတွေနဲ့ မောင်းထုတ်ကြမယ်

Updated 19th Apr 2019

Written by

Xyznews, Shweproperty

 

ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ်စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆိုရင်ဆေးနံ့ကအိမ်ထဲမှာ စွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေပါတယ်။

 

ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို သဘာဝနည်းအတိုင်း ဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

 

Boric Acid

 

ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူးလိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။

 

ပင်စိမ်းရွက်

 

ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါးပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။

 

ကြက်သွန်ဖြူ

 

ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ အနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွားပါက အသစ်ပြန်လဲပေးပါ။

 

ရှာလကာရည်

 

ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ်ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။

 

ငရုတ်သီးမှုန့်

 

အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ်သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုးကောင်များကိုသေစေနိုင်ပါတယ်။

 

သံပုရာခွံ၊လိမ္မာ်ခွံ၊ရှောက်သီးခွံ

 

ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါတယ်။ပင့်ကူတွေအိမ်လာစောက်တတ်တဲ့နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက်ပိုးများ သင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။

 

Ref & Photo Credit : Xyznews

Posted By : Sint Sint (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ