Updated 14th Nov 2017
Social News, Shweproperty
သင့်ရဲ့အိပ်ခန်း..အိပ်ယာဟာ..သင့်အပေါ်ကို ဘယ်လိုသက်ရောက်မှုတွေရှိစေပါသလဲ။ သင့်ရဲ့အိပ်စက်မှုပုံစံဟာ သင့်ရဲ့နေ့စဉ်ဘဝမှာ ကောင်းခြင်းဆိုးခြင်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ သည်တော့ သင်အိပ်စက်ရာ အိပ်ယာထိုင်ခင်း၊ အိပ်ခန်းဟာလည်း အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
၁) အခန်းသည်လေဝင်လေထွက်ကောင်းမွန်ပါစေ
အိပ်ခန်းတစ်ခန်းရဲ့အဓိကအချက်က လေဝင်လေထွက်ကောင်းမွန်ဖို့ပါဘဲ။ တစ်နည်းပြောရရင် အခန်းတွင်း အောက်စီဂျင်လှည့်ပတ်မှုကောင်းမွန်ဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ဟာအိပ်နေချိန်မှာ အသက်ရှှုတဲ့အလုပ်ကိုဘဲ လုပ်ပါတယ်။ သည်အချိန်မှာရှှုသွင်းတဲ့အောက်စီဂျင်ဟာ သင့်ကျန်းမာရေးကိုအများကြီးသက်ရောက်ပါတယ်။ အခန်းကျယ်ကျယ်၊ မျက်နှာကျက်မြင့်မြင့်၊ ပြတင်းပေါက်တွေ ပါတဲ့အခန်းမျိုးဟာအကောင်းဆုံးပါဘဲ။ တကယ်လို့ အခန်းကကျဉ်းတယ်ဆိုရင်တော့ ပြတင်းပေါက်ဖွင့်အိပ်သင့်ပါတယ်။ ပြတင်းပေါက်ဖွင့်လို့လည်း အဆင်မပြေဘူး ဆိုရင်တော့ အိပ်ခန်းလေသန့်စင်စက် (Bedroom Air-Purifier) မျိုးထားဖို့အကြံပေးပါရစေ။
(၂) အိပ်ခန်းတွင်းမှာပစ္စည်းများများမထားပါနဲ့
ချမ်းသာတဲ့အိမ်တွေ၊ အိပ်ခန်းကိုသီးသန့်အခန်းအနေနဲ့ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေမှာ ကြည့်လိုက်ရင် အိပ်ခန်းထဲမှာပစ္စည်းသိပ်များများမထားကြပါဘူး။ နိုင်ငံခြားရုပ်ရှင်ကားတွေမှာတွေ့ဖူးမှာပါ။ အခန်းတွင်းပစ္စည်း များများရှိရင် ဖုန်၊အမှုန်များများရှိပါတယ်။ အဲဒီအမှုန်တွေဟာ သင့်ရဲ့အသက်ရှှုလမ်းကြောင်းထဲဝင်ရောက်ပြီး ကြာလာတာနဲ့အမျှအသက်ရှှုလေပြွန်တွေ၊ အဆုတ်နဲ့လည်ချောင်းတွေမှာကပ်ငြိလို့ သင့်ကိုဆေးရုံပို့ပါလိမ့်မယ်။ ဒါကြောင့်တတ်နိုင်သမျှ ပစ္စည်းနည်းနည်းဘဲထားပါ။
(၃) အလင်းရောင်ကောင်းကောင်းရှိပါစေ။
အိပ်ခန်းအဖြစ်အသုံးပြုတဲ့အခန်းသည် အနည်းဆုံးပြတင်းတစ်ပေါက်တော့ပါရှိသင့်ပါတယ်။ ဒါမှသာ လေဝင်လေထွက်၊ အလင်းရောင်ဝင်ရောက်မှု ကောင်းမွန်မှာပါ။ အခန်းဟာမှောင်မည်းမည်း အလင်းရောင် နည်းလေလေ၊ ပိုးမွှားနဲ့ဖုန်အမှုန်တွေခိုအောင်းစေတာမို့ အခန်းတွင်းအလင်းရောင်ကောင်းကောင်း ရဖို့လိုပါတယ်။ အလင်းရောင်လို့ဆိုရာမှာ နေရောင်ခြည်ကတော့အကောင်းဆုံးပါဘဲ။ ပြတင်းပေါက်မရှိရင်တော့ အလင်းအားကောင်းကောင်းမီးချောင်းတွေထားသင့်ပါတယ်။ တစ်ပါတ်ကိုအနည်းဆုံး သုံးရက်၊လေးရက်လောက် အိပ်ယာစောင်နဲ့ခေါင်းအုံးတွေကို နေလှန်းခြင်းမျိုးတော့လုပ်ပေးသင့်ပါတယ်။
(၄) သင့်အိပ်ခန်းဟာကျဉ်းတယ်ဆိုရင်
ရန်ကုန်မြို့နေလူအများစုဟာ တိုက်ခန်းတွေ၊ အခန်းကျဉ်းကျဉ်းတွေမှာ မိသားစုလိုက်နေရတာများပါတယ်။ အများစုဟာအိပ်ခန်းရယ်လို့တောင်သတ်သတ်မှတ်မှတ်မရှိပါဘုူး။ သည်အခြေအနေမှာ အိပ်ခန်းအတွက် နေရာကျယ်ကျယ်ပေးဖို့မဖြစ်နိုင်ပါဘူး။ ဒါဆိုဘယ်လိုလုပ်သင့်ပါသလဲ။ လွယ်ပါတယ်။ ကိုရီးယားစတိုင်ကြမ်းပြင် မှာဘဲအိပ်ကြတာပေါ့။ ကိုရီးယား၊ ဂျပန်နိုင်ငံတွေမှာ အခန်းနေရာတွေကအရမ်းကျဉ်းတဲ့အတွက် အိပ်ယာ အတွက် နေရာသက်သက်မပေးနိုင်ပါဘူး။ သည်နေရာမှာစား၊ သည်နေရာမှာဘဲအိပ်၊ သည်နေရာမှာဘဲ တီဗွီကြည့်ပါတယ်။ ဒါပေမယ့်အင်မတန်သန့်ရှင်းပါတယ်။ အမြဲတမ်းလည်းသန့်ရှင်းရေးလုပ်သလို ထိုင်နေရင်းတောင် အဝတ်စတစ်ခုနဲ့ပွတ်တိုက်နေတာပါ။ သင့်အိမ်ခန်းကကျဉ်းတယ်ဆိုရင် ကောင်းတဲ့ဘက်က တွေးရရင် သန့်ရှင်းရေးလုပ်ဖို့အချိန်သိပ်မကုန်တော့ဘူးပေါ့။
(၅) အိပ်စက်ချိန်မှာ သင့်ခန္ဓာကိုယ်ဟာ သက်တောင့်သက်သာရှိပါစေ။
သင့်အိပ်ခန်းကိုဘယ်လောက်ဘဲကောင်းအောင် ပြင်ဆင်ထားပါစေ။ သင့်ရဲ့အိပ်စက်ပုံဟာ မှားယွင်းနေရင် သင့်ခန္ဓာကိုယ်ကိုထိခိုက်ပါလိမ့်မယ်။ သင့်အနေနဲ့
– ဒူးကွေးပြီးအိပ်တာမျိုး
– မှောက်လျက်အိပ်တာမျိုး
– စောင်ခေါင်းမြှီးခြုံအိပ်တာမျိုး – စတဲ့လွဲမှားတဲ့အနေအထားမျိုးနဲ့အိပ်စက်ခြင်းများကို ရှောင်ရှားသင့်ပါတယ်။
Ref : Social News
Posted By : Wai Phyoe Aung
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။