Updated 1st Nov 2017
Allin Oo, Shweproperty
သင်ဟာ အလွန်အလုပ်များသူဖြစ်ပြီး သင့်အိမ်ဟာလည်း မရှင်းအားသေးလို. ရှုပ်ပွညစ်ပေနေတဲ့ အချိန်မှာ ဧည့်သည်တစ်ဦးဦး ရုုတ်တရက် လာရောက်လည်ပတ်မယ်ဆိုပါလျှင် သင့်အတွက် ခေါင်းနပန်းကြီးစရာ ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်။ ရှုပ်ပွညစ်ပေပြီး ဖြစ်ချင်သလို ဖြစ်နေတဲ့ သင့်အိမ် အခြေအနေကြောင့် ဧည့်သည်အနေနဲ. စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သလို သင့်ကိုလည်း အိမ်ထောင်မှုထိန်းသိမ်းရေး ညံ့ဖျင်းသူလို. ထင်မှတ်သွားနိုုင်ပါတယ်။ ဒီလို အကျပ်တွေ.ရတဲ့အချိန်မျိုးမှာ လှည့်ကွက်လေးတွေကို တတ်ကျွမ်းထားသင့်ပါတယ်။ အမှန်တကယ် ဖြစ်သင့်တာကတော့ သင့်အိမ်ဟာ အစဉ်အမြဲ သန်.ရှင်းသပ်ရပ်နေရမှာ ဖြစ်ပါတယ်။ သို.သော်လည်း တစ်ခါတစ်ရံမှာ ရှင်းလို.မနိုင်တာမျိုးဖြစ်တတ်သလို၊ ရှင်းဖို.အချိန် မရှိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နာရီဝက်၊ တစ်နာရီအတွင်း ရှုပ်ပွပေရေနေတဲ့ သင့်အိမ်ကို သန်.ရှင်းနေသယောင် ထင်ရစေဖို. ပြုလုပ်ရမယ့် လှည့်ကွက်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ သင့်အတွက် အခက်ကြုံချိန်မှာ အသုံးတည့်မယ်လို. ယူဆပါတယ်။
ဗြုတ်စဗျင်းတောင်းတွေကို ဖယ်ရှားပါ။
အချိန်လုပြီး လုပ်ဆောင်ရရမယ့်အခါမှာ ဒီနည်းလမ်းဟာ အကောင်းဆုံးထဲက တစ်ခုလို. ဆိုုနိုင်ပါတယ်။ သူ.နေရာနဲ.သူ ဖြစ်မနေတဲ့အရာ အားလုံးကို သိမ်းကျုံးစုယူပြီး ဧည့်ခန်းနဲ. အဝေးတစ်နေရာရာမှာ သွားထားလိုုက်ပါ။ မျက်စိရှုပ်စရာ ဖြစ်စေတဲ့အရာတွေကို ကောက်ယူပြီး အိမ်ရဲ. တစ်နေရာရာမှာ သွားထားလိုုက်ခြင်းအားဖြင့် သင့်ဧည့်ခန်းစတဲ့ အရေးကြီးနေရာတွေကို ပိုပြီး သပ်ရပ်သွားစေနိုင်ပါတယ်။
ဗာဟီရအမှိုက်သရိုက်တွေကို ဖုံးကွယ်ပါ။
အိမ်တိုင်းနီးပါးမှာ ဘာမှန်းဖော်ပြလို. မတတ်နိုင်တဲ့ ဗာဟီရတွေ၊ သမှိုက်ရှုပ်တွေ ရှိတတ်ပါတယ်။ အိမ်မရှင်းအားလို. ရှုပ်ပွနေချိန်တိုင်းမှာ ထိုဗာဟီရတွေက ရာနှုန်းအများဆုံး ဖြစ်နေတတ်ပြန်ပါသေးတယ်။ ဒီလို အလျင်လိုနေတဲ့ အချိန်မျိုးမှာ သူတို.ကို တစ်ခုချင်းရှင်းနေဖို. မစဉ်းစားလိုက်ပါနဲ.။ သင်အချိန်မမီနိုင်ပါဘူး။ ဖုံးကွယ်ထားလိုက်ပါ။ မမြင်သာတဲ့ တစ်နေရာရာမှာ ထိုးသိပ်ထားလိုက်ပါ။ သင့်ဧည့်သည်ပြန်သွားပြီဆိုမှ အဆိုပါဗာဟီရတွေကို ပြန်လည်ရှင်းလင်းပါ။
လူကြည့်နိုင်မယ့်နေရာတွေကို အာရုံစိုက်ပါ။
လူကြည့်နိုင်၊ မြင်နိုင်မယ့်နေရာတွေကို အာရုံစိုက်ပြီး သန်.ရှင်းအောင်ပြုလုပ်ပါ။ ဥပမာ - သင့်အိမ်လာမယ့်ဧည့်သည်အများစုဟာ သင့်အိမ်ခန်းထဲကိုတော့ ဝင်မကြည့်နိုင်ပါဘူး။ ဒါ့ကြောင့် သင့်အိမ်ကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ. သန်.ရှင်းသွားစေချင်ရင် အိပ်ခန်းလို အရေးမကြီးတဲ့အခန်းတွေကို ချန်ထားခဲ့သင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ထိုအခန်းတွေကို တံခါးသာ ပိတ်ထားလိုုက်ပါ။ ပထမဆုံး တံခါးပေါက်က စဝင်လိုက်တာနဲ. မြင်ရမယ့်နေရာတွေကိုသာ အာရုံစိုက်ရှင်းလင်းထားပါ။
လက်ဆေးကန်ကို ဆေးကြောသုတ်သင်ပါ။
မိနစ်အနည်းငယ်မျှ အချိန်ပေးပြီး လက်ဆေးကန်ကို ဆေးကြောသင့်ပါတယ်။ သင့်ဧည့်သည်ဟာ အိမ်သာကို ဝင်ရောက်နိုင်တာကြောင့် လက်ဆေးကန်ကို ဆေးကြောထားတာနဲ. ရာခိုင်နှုန်းတော်တော်များများ သန်.ရှင်းသွားပါလိမ့်မယ်။ အချိန်အနည်းငယ်ပိုနေသေးတယ်ဆိုရင် အိမ်သာကြွေခွက်တွေနဲ. ကြည့်မှန်တွေကိုပါ ဆေးကြောသုုတ်သင်သင့်ပါတယ်။ ဒီအရာလေးတွေဟာ သင်နဲ. သင့်အိမ်ရဲ. အဆင့်အတန်းကို များစွာ ဖော်ပြပါတယ်။
ဒယ်အိုးအပေတွေကို Oven ထဲထည့်ထားပါ။
သန်.ရှင်းရေးလုပ်ရမယ့် နေရာအစိတ်အပိုင်းတွေ များလွန်းနေပြီး အချိန်မရတော့ဘူးဆိုရင် ဒယ်အိုးအပေတွေကို oven ထဲသာထည့်ထားလိုက်ပါ။ ဒါပေမဲ့ အထဲက ဒယ်အိုးအပေတွေကို မေ့လျော့ပြီး oven ကို ဆက်လက်အသုံးပြုတာတော့ မဖြစ်ပါစေနဲ.။ ဒီနည်းလမ်းဟာ သင့်ဧည့်သည်တွေ မသိရှိစေဘဲ သင့်အိမ်ဂေဟာကို သန်.ရှင်းသပ်ရပ်နေသယောင် လှည့်စားနိုင်တဲ့ အလွယ်နည်းလေးတွေ ဖြစ်ပါတယ်။
ထမင်းစားပွဲကို သန်.ရှင်းထားပါ။
အိမ်တစ်လုံးနဲ. တစ်လုံး ဖွဲ.စည်းပုံ အမျိုးမျိုး ကွဲပြားနိုင်ပေမယ့် တစ်စုံုတစ်ခု ဧည့်ခံကျွေးမွေးတဲ့ အခါနဲ. အပေါ့အပါးထသွားတဲ့အခါမျိုးတွေမှာ သင့်ထမင်းစားပွဲကို သေချာပေုါက် ဧည့်သည်က မြင်တွေ.နိုုင်ပါတယ်။ သင့်ထမင်းစားပွဲကို ဘာမှန်းမသိတဲ့ အရှုပ်တွေနဲ. ပွရှုပ်ညစ်ပေနေတာမျိုး မဖြစ်ပါစေနဲ.။ သန်.ရှင်းသပ်ရပ်နေအောင် ဂရုတစိုုက် ရှင်းလင်းထားသင့်ပါတယ်။
အထက်ပါ အလွယ်နည်းလေးတေါဟာ မိနစ်အနည်းငယ်အတွင်း သင့်အိမ်ကို သန်.ရှင်းသပ်ရပ်နေသယောင် ထင်မြင်ရစေနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်များတဲ့ အိမ်ရှင်မတွေနဲ. ကိုက်ညီမှုရှိမယ်လို. မျှော်လင့်မိပါတယ်။
Ref : Allin Oo
Posted By : Wai Phyoe Aung
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။