Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

သိထားသင့်တဲ့ အိမ်တွင်းအန္တရာယ်တွေ

Updated 13th Jun 2018

Written by

7daydaily, Shweproperty

 

အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေအပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ယုံကြည်ထားတဲ့အိမ်ထဲမှာ လူတိုင်းလိုလို သတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့ အတွက် မျှဝေပေးချင်ပါတယ်။

 

 မှို - နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊ မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့ ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်၊ ရေထုတ်ပိုက်၊ရေချိုးခန်းတို့မှာ မှိုတွေရှိနေတတ်ပါတယ်။ မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။

 

 ခဲ - ခဲပါတဲ့အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေတစ်ဆင့် ခဲမှုန်တွေ ပါးစပ်ထဲဝင်နိုင်ပါတယ်။ ခဲဆိပ် သင့်ရင် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအ တွက် အခက်အခဲဖြစ်စေခြင်း၊ ကလေးများကြီးထွားမှုနှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

 

သန့်ရှင်းရေးပစ္စည်းများ - ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးစတဲ့  သန့်ရှင်းရေးပစ္စည်းတွေမှာ  အဆိပ်အတောက်တွေပါပြီး အဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာဆေး ကြောသန့်စင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအဆိပ်အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်း၊ ဦးနှောက်၊ အသည်းနဲ့ကျောက်ကပ်ကိုပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေဖြစ်နိုင်လို့ပါ။

 

  ကော်ဇော - ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေးမလုပ် ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံကပ်ငြိနေတာကြောင့် အရေ ပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက် ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။

 

  လေသန့်ဖြန်းဆေး - အဆိပ်အတောက်ဖြစ်စေတဲ့ပါဝင်ပစ္စည်း အချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင်အနာဖြစ်ခြင်း၊ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်းတို့အပြင်  ကင်ဆာအထိပါဖြစ်နိုင်တာ ကြောင့် စနစ်တကျသုံးစွဲဖို့လိုအပ်ပါတယ်။

 

ကလေးနို့ဘူး - ရောဂါပိုးအများဆုံးကပ်ငြိနိုင်တာက ကလေးနို့ ဘူးတွေဖြစ်ပြီး နို့ဘူးတွေဆေးကြောတဲ့အခါ အရမ်းအပူပေးပြီး ခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကိုရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။

 

ပရုတ်လုံး - အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊ အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေမလာအောင်ထားတတ်ကြပါတယ်။ ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အ တောက်တွေ အရေပြားတို့၊ မျက်လုံးထဲတို့ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါဖြစ်နိုင်ပါတယ်။

 

အလှကုန်များ - ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ ယားယံတာ၊ ဓာတ်မတည့် တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။

 

အပူခံမကပ်ဒယ်အိုး - အပူခံပြီး မကပ်တဲ့ ပလတ်စတစ် တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့လူသုံးများမီးဖိုချောင်သုံး ပစ္စည်းတွေကို ထာဝရမသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလိုချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေပေး နိုင်လို့ပါ။      

 

 

Ref : 7daydaily

Photo Credit : 7daydaily

Posted By : Wai Phyoe                 

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ