Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

ဆိုဖာကတ္တီပါက ဘယ်လိုအသုံးဝင်သလဲ

Updated 2nd Nov 2017

Written by

MM-Homedecor, Shweproperty

 

လူအများစုကကတ္တီပါရဲ့ဇိမ်ကျတဲ့အထိအတွေ့နဲ့ပုံပန်းသွင်ပြင်ကြောင့် ကြိုက်နှစ်သက်ကြပေမယ့် ထိန်းသိမ်းရခက်တာကြောင့် ပရိဘောဂတွေပေါ်မှာဖုံးအုပ်အသုံးပြုဖို့ကိုတော့ လက်တွန့်နေတတ်ကြပါတယ်။တကယ်တော့ ဒီလိုဖြစ် စရာမလိုပါဘူး။ကိုယ့်ရဲ့ဆိုဖာအတွက် ဆိုဖာကိုဘယ်အချိန်မှာသုံးရင် အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်၊ဘယ်လိုကတ္တီပါမျိုးကိုအသုံးပြုသင့်တယ်ဆိုတာလေ့လာကြည့်လို့ရပါတယ်။

 

တည်ဆောက်ပုံနှင့်အသွင်အပြင်

ကုလားထိုင်စွပ်နောက်ခံမှာပါတဲ့အမျှင်တွေရဲ့အလျားကိုတည်ဆောက်ပုံလို့ခေါ်တာဖြစ်ပါတယ်။ကတ္တီပါစတွေမှာအမျှင်တွေရဲ့အလျားကတိုပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွင်းဆိုဖာတွေအတွက်အစွပ်လုပ်ဖို့ဆိုရင် ကတ္တီပါစတွေ မှာပါတဲ့အမျှင်တွေရဲ့အလျားကိုရှည်ရှည်ဖြတ်တောက်ကြရပါတယ်။

အသွင်အပြင်ဆိုတာကတော့ ကတ္တီပါအမျှင်တွေသွားတဲ့အရပ်မျက်နှာလမ်းကြောင်းကိုဆိုလိုတာပါ။ဒီလမ်းကြောင်း ပေါ်မူတည်ပြီးတချို့ကတ္တီပါတွေကတခြားဟာတွေနဲ့မတူဘဲတမူထူးခြားစွာအလင်းပြန်နိုင်ပါတယ်။ကတ္တီပါအမျှင်တွေသွားရာလမ်းကြောင်းကိုဆန့်ကျင်ပြီးလက်နဲ့ပွတ်လိုက်တဲ့အခါ ကတ္တီပါသားကပိုပြီးအရောင်ပျော့ပြောင်းသွားနိုင်သလိုအရောင် ပိုပြီးလည်းနက်နဲသွားနိုင်ပါတယ်။ဒါကောင်းတဲ့အရာပါ။ကတ္တီပါသားအုပ်ထားတဲ့ပစ္စည်းကိုထင်ရှားပေါ်လွင်စေပြီး ပရိဘောဂကိုလည်းအမြင်အာရုံအားဖြင့် ဆွဲဆောင်မှုရှိအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

 

အရောင်

ကတ္တီပါစက သိပ်သည်းမှုထူထပ်တဲ့အတွက် အရောင်အသွေးကိုကောင်းကောင်းဖော်ပြနိုင်ပါတယ်။သိပ်သည်းဆ ကြောင့် ကတ္တီပါစက ဆိုးဆေးပမာဏများစွာကိုစုပ်ယူနိုင်ခြင်း၊တောက်ပသောအရောင်အသွေးကိုဖန်တီးနိုင်ခြင်းဆိုတဲ့ ဂုဏ် သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။သာမန်ဆေးဆိုးပြီး ရက်ထားတဲ့ချည်ထည် ဒါမှမဟုတ် လီနင်သားတွေထက်စာရင် ကတ္တီပါ က အရောင်ပိုပြီးတောက်ပပါတယ်။

 

အရည်အသွေး

ကတ္တီပါသားအားလုံးမှာ တူညီတဲ့အရည်အသွေးရှိတာမဟုတ်ပါဘူး။အခန်းထဲက နောက်ခံအစနဲ့ကတ္တီပါစကို နှိုင်း ယဉ်ကြည့်ရင် ပါဝင်တဲ့ချည်မျှင်က အမျှင်သေးငယ်တာနဲ့ထူထပ်တာကို မြင်တွေ့ရပါလိမ့်မယ်။နမူနာစတစ်ခုကို ထောင့်ဖြတ် မျဉ်းအတိုင်းကွေးကြည့်မယ်ဆိုရင် ချည်မျှင်ကိုဘယ်လောက်ထိတင်းတင်းကျပ်ကျပ်ရက်လုပ်ထားတယ်ဆိုတာ ကြည့်လို့ရပါ တယ်။အမျှင်တွေကိုဖြတ်ပြီး နောက်ခံကိုမြင်နေရမယ်ဆိုရင် ကတ္တီပါစမှာ တစ်တုရန်းလက်မအတွင်း ချည်မျှင်တွေလျော့ရဲ နေတာဖြစ်ပြီးတော့ အရည်အသွေးလည်းကောင်းမွန်ခြင်းမရှိပါဘူး။

 

ခံနိုင်ရည်

ချည်ထည်တစ်ခုရဲ့ခံနိုင်ရည်စွမ်းကိုတိုင်းတာတယ်ဆိုတာ ပွတ်တိုက်ကြည့်ပြီးဆုံးဖြတ်ရတာဖြစ်ပါတယ်။လူတစ် ယောက်ထိုင်ပြီး ပြန်ထလိုက်တဲ့ပုံစံဖြစ်အောင် အသားကို နှစ်ခါပွတ်ကြည့်ပါ။ကတ္တီပါစရဲ့အမျှင်တွေက တောင့်တင်းခိုင်မာ နေသေးရင် ခံနိုင်ရည်ရှိသေးတာဖြစ်ပြီးတော့ အမျှင်လေးတွေက နှစ်ခုထက်ပိုပြီး ကျိုးကျသွားပြီဆိုရင်တော့ ခံနိုင်ရည်မရှိ တော့ပါဘူး။ကတ္တီပါသားအများစုက အကြမ်းပတမ်းခံပါတယ်။တချို့ဆိုရင် နှစ်ခါပွတ်တဲ့အကြိမ်ပေါင်း ၂၅၀၀၀၀ ထိလုပ် ဆောင်နိုင်ပါတယ်။

 

ပိပြားခြင်း

အရမ်းအကြမ်းခံပါတယ်ဆိုတဲ့ကတ္တီပါတောင် ပုံမှန်အသုံးပြုနေရာကနေ ဖိခြေလိုက်တဲ့ဒဏ်ကိုခံနိုင်ရည်မရှိပါ ဘူး။ကတ္တီပါက ဖိခြေတာကိုမခံနိုင်တာ ချွတ်ယွင်းချက်မဟုတ်ပါဘူး။ဖြစ်တတ်ပါတယ်။တချို့က ကတ္တီပါကို ပိပြားနေ တဲ့ပုံစံနဲ့ကြိုက်ပါတယ်။တချို့ကတ္တီပါအမျိုးအစားတွေကတော့ ထည့်သွင်းလုပ်ဆောင်တဲ့ပစ္စည်းနဲ့ ရက်လုပ်တဲ့သိပ်သည်းမှု ကြောင့် ဖိခြေမှုကိုခံနိုင်ရည်မရှိတတ်ကြပါဘူး။

 

အခြေခံကုန်ကြမ်း

 

ကတ္တီပါကို ဘယ်အမျှင်နဲ့မဆိုရက်လုပ်လို့ရပါတယ်။သဘာဝချည်မျှင်၊သစ်စေး၊ချည်မျှင်တုတွေနဲ့ရက်လုပ်ထားတဲ့ ကတ္တီပါတွေတောင်ရှိပါတယ်။အရည်အသွေးအကောင်းဆုံးတက္တီပါစတစ်ခုကိုဖန်တီးဖို့ အနည်းဆုံးအမျှင်နှစ်မျိုးလောက်သုံး ပြီး ရက်လုပ်တတ်ကြပါတယ်။

 

ပိုးကတ္တီပါ

ပိုးကတ္တီပါက ထိလိုက်ကိုင်လိုက်ရင် အရမ်းနူးညံ့မှုရှိပြီး ရေစိုနေတယ်လို့ထင်ရလောက်အောင် အရောင်က စိုနေပါ တယ်။ဒါပေမဲ့ အကြမ်းပတမ်းအသုံးမပြုတဲ့ပစ္စည်းတွေအတွက် အသုံးပြုလို့သင့်တော်ပါတယ်။တခြားသဘာဝချည်ထည်တွေ လိုပဲ ပိုးကတ္တီပါက နေရောင်နဲ့ထိရင် အရောင်မှိန်သွားတတ်ပါတယ်။

 

လီနင်ကတ္တီပါ

လီနင်ကတ္တီပါက ခြောက်သွေ့တဲ့အရောင်ရှိပြီး ဆိုးဆေးကို ကောင်းကောင်းစုပ်ယူနိုင်တဲ့အတွက် နက်မှောင်ပြီး အ ရောင်အသွေးကောင်းမွန်ပါတယ်။လီနင်ချည်မျှင်က ထူးထူးခြားခြားထူထဲမှုရှိတာကြောင့် လီနင်ကတ္တီပါစတွေမှာ ပုံမှန်မ ဟုတ်တဲ့အစင်းကြောင်းတွေရှိနေတတ်ပါတယ်။လီနင်ကတ္တီပါသားအမျှင်က တခြားကတ္တီပါသားတွေထက် ပိုတိုလေ့ရှိပါပြီး ပွန်းပဲ့ခြင်းနဲ့ပိပြားခြင်းတို့ပိုပြီးဖြစ်နိုင်ခြေများပါတယ်။တခြားအမျိုးအစားတွေထက်စာရင် လေဝင်လေထွက်ကောင်းမွန်ပြီး အေးမြတာကြောင့် လီနင်ကတ္တီပါကို နွေးထွေးတဲ့ရာသီဥတုတွေမှာ ပိုပြီးလူကြိုက်များပါတယ်။

 

ဝါဂွမ်းကတ္တီပါ

ဝါဂွမ်းကတ္တီပါက အလွယ်တကူပိပြားသွားနိုင်တဲ့အတွက် ပိုမိုရုန်းကြွနိုင်ဖို့ ပိုလီအက်စတာလို တခြားအမျှင်နဲ့ရော နှောအသုံးပြုလေ့ရှိပါတယ်။အရောင်မှိန်ပေမယ့် အရောင်တောက်ပပြီး ကြံ့ခိုင်အောင် ပိုးတုချည်နဲ့ရောနှောအသုံးပြုနိုင်ပါ တယ်။

 

သိုးမွေးကတ္တီပါ

ကတ္တီပါကို သိုးမွေးနဲ့လည်း ရက်လုပ်လို့ရပါတယ်။ကြံ့ခိုင်မှုရှိတဲ့အပြင် ရုန်းကြွမှုရှိတဲ့ကတ္တီပါစတစ်ခုအတွက် အ ကောင်းဆုံးစံချိန်စံနှုန်းတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။သိုးမွေးကတ္တီပါက အရမ်းထူထဲပြီး ပိုးနဲ့သစ်စေးအမျှင်တွေ လောက် တောက်ပြောင်ခြင်းမရှိပါဘူး။

 

ချည်မျှင်တုကတ္တီပါ

ချည်မျှင်တုကတ္တီပါတွေကို အရည်အသွေးမြင့်ပိုလီအက်စတာသားနဲ့လုပ်ထားတာပါ။တော်ရုံနဲ့ ပိပြားသွားခြင်းမရှိ ပါဘူး။အရောင်လည်းမမှိန်ဘူးဆိုပေမယ့် သဘာဝချည်မျှင်နဲ့လုပ်ထားတဲ့ကတ္တီပါသားတွေလို နက်မှောင်တဲ့အရောင်ကို တော့ ပေးနိုင်စွမ်းမရှိပါဘူး။ချည်မျှင်တုကို သဘာဝချည်မျှင်နဲ့ရောလိုက်မယ်ဆိုရင်တော့ နှစ်ခုလုံးအတွက်အကောင်းဆုံးဖြစ် လာနိုင်ပါတယ်။

 

ဖြတ်တောက်ထားသည့်ကတ္တီပါ

ဖြတ်တောက်ထားတဲ့ကတ္တီပါက အမျှင်ထဲမှာဖြတ်ရာရှိပါတယ်။ဖြတ်ရာကို ရိုးရာပန်းပွင့်ဒီဇိုင်းကနေ ခေတ်ပေါ်ဂျီသြ မေတြီဒီဇိုင်းကွက်တွေအထိ ဒီဇိုင်းအမျိုးမျိုးလုပ်ဆောင်နိုင်ပါတယ်။

 

ဘယ်အမျိုးအစားက သင့်တော်လဲ

ကတ္တီပါက တခြားချည်မျှင်တွေနဲ့ယှဉ်ရင် ဂရုစိုက်ရတယ်ဆိုပေမယ့် ကြံ့ခိုင်မှုရှိတဲ့အတွက် သုံးရတာတန်ပါတယ်။ ကိုယ်အသုံးပြုမယ့်ရည်ရွယ်ချက်နဲ့ကိုက်မယ့်ကတ္တီပါသားကိုသာ ရွေးချယ်ဝယ်ယူပါ။သာမန်အသုံးပြုတာထက်ပိုချင်တယ်ဆို ရင် ပိုး ဒါမှမဟုတ် ဝါကတ္တီပါကိုမသုံးပါနဲ့။ကုလားထိုင်စွပ်အတွက်ဆိုရင် အကြိမ်ပေါင်းများစွာထိတွေ့အသုံးပြုနေရမှာဖြစ်တဲ့ အတွက် တင်းတင်းကြပ်ကြပ်ရက်လုပ်ထားတဲ့ သိုးမွေး ဒါမှမဟုတ် ပိုလီအက်စတာကတ္တီပါစကိုရွေးချယ်ပါ။

 

အိမ်မွေးတိရစ္ဆာန်များ

ကတ္တီပါက အမွေးတွေကိုသံလိုက်လိုစုပ်ယူနိုင်တာကြောင့် အိမ်မွေးတိရစ္ဆာန်ရှိတဲ့လူတွေအတွက်တော့ စိုးရိမ်စရာ ပါပဲ။ဖြစ်တတ်တယ်ဆိုပေမယ့် အဝတ်အပါးလေး ဒါမှမဟုတ် ကတ္တီပါဘရပ်ရှ်နဲ့ အမွေးတွေကိုပြန်ဖယ်ရှားလို့ရပါတယ်။ကတ္တီ ပါလည်းသုံးချင်တယ်။တိရစ္ဆာန်အမွေးတွေကလည်း ပြဿနာတစ်ခုဖြစ်နေတယ်ဆိုရင် ကိုယ်မွေးထားတဲ့ခွေး သို့မဟုတ် ကြောင်ရဲ့အရောင်နဲ့တစ်ထပ်တည်းတူတဲ့ ကတ္တီပါအရောင်ကိုရွေးချယ်ပါ။ကောင်းတဲ့အချက်က လီနင်လိုသိသာထင်ရှားတဲ့ ရက်ကြောင်းတွေနဲ့ချည်ထည်တစ်မျိုးထက်စာရင် ကြောင်တွေက ကတ္တီပါစထဲကို သူတို့လက်သည်းတွေဝင်သွားတဲ့အထိ ကုတ်ခြစ်နိုင်စွမ်းမရှိတာပါပဲ။

 

ပြုပြင်ထိန်းသိမ်းမှု

ကတ္တီပါကိုပိပြားမသွားစေရဘဲ အသစ်အတိုင်းပဲရှိနေစေချင်တယ်ဆိုရင် အောက်ပါအချက်တွေအတိုင်းလုပ်ဆောင် နိုင်ပါတယ်။

• ကူရှင်တွေကို တစ်ခုနဲ့တစ်ခုအမှီပြုပြီးနေရာကနေ ဖိမိပြီးအရာတွေမဖြစ်ပေါ်အောင် မကြာခဏနေရာပြောင်းပေးပါ။

• အဝတ်စ ဒါမှမဟုတ် ကတ္တီပါသုံးဘရပ်ရှ်နဲ့ အပတ်စဉ်သန့်ရှင်းရေးလုပ်ပေးပါ။

• ကတ္တီပါမှာအတွန့်ကြောင်းတွေမဖြစ်အောင် ကူရှင်တွေကိုအမြဲပွပွလေးဖြစ်အောင်ထားပါ။

• စာအုပ်၊ အဝေးထိန်းစက် (remote control) တို့လိုပစ္စည်းတွေကို ကတ္တီပါပေါ်မှာအကြာကြီးမထားပါနဲ့။

 

အခြားအရာများနှင့်လိုက်ဖက်ခြင်း

အခန်းတစ်ခုထဲမှာ ကတ္တီပါအသုံးပြုလိုက်ခြင်းက နောက်ထပ်လှပမှုတစ်ခုကိုပေးစွမ်းနိုင်ပါတယ်။လီနင်လို သိသာ ထင်ရှားတဲ့ရက်ကြောင်းတွေနဲ့ကတ္တီပါစတွေက ပိုပြည့်စုံပါတယ်။အရောင်အသွေးစုံလင်အောင်ရှိတဲ့အနက်က ကိုယ့်အခန်း ထဲမှာ တခြားအရာတွေနဲ့လိုက်ရောညီထွေရှိမယ့်အရောင်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

 

Ref & Photo Credit : MM-Homedecor

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ