Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

ရွံစရာကောင်းမှန်းမသိပဲ လူတွေထပ်ခါထပ်ခါ ပြုလုပ်မိနေကြတဲ့ အရာများ

Updated 15th Nov 2016

Written by

Trend Myanmar, Shweproperty

 

သင် သတိမထားမိပေမယ့် တကယ်စစ်ဆေးကြည့်လိုက်မှ ရွံစရာကောင်းတဲ့အရာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ အဖြစ်အများဆုံးနဲ့ သင့်အနေနဲ့ ရှောင်ဖို့သိပ်မခက်ခဲတဲ့ အချက်တွေကို စုစည်းပေးထားပါတယ်။


 
၁။ မွေးနေ့ကိတ်ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်မီးမှုတ်ခြင်း


 
ပျော်စရာကောင်းတဲ့ အပြုအမှုဖြစ်ပေမယ့် မှုတ်ထုတ်လိုက်တဲ့ လေထဲမှာ တံတွေးအမှုန်တွေ အများကြီး ပါသွားပါတယ်။ နှာစေး၊ချောင်းဆိုး၊ ခံတွင်းရောဂါအထိ ကူးနိုင်ပါတယ်။ အဲဒါကြောင့်  ဖယောင်းတိုင်မှုတ်မယ့် ကိတ်ကို ဘေးမှာ အသေးတစ်လုံးထားပြီး မှုတ်ခိုင်းသင့်ပါတယ်ဆိုပြီး ဆရာဝန်တစ်ယောက်မှ အကြံ ပေးထားပါတယ်။


 
၂။ ရေချိုးခန်းထဲ ကော်ဖီခွက်ယူသွားခြင်း


 
တစ်ခုခုကျန်ခဲ့လို့ဆိုပြီး ရေချိုးခန်းထဲဝင်ရင်း ကော်ဖီခွက်ပါ အမှတ်မထင် ယူသွားတတ်ကြပါတယ်။ ဒါသေချာစဉ်းစားမယ်ဆိုရင် ရွံစရာအရမ်းကောင်းပါတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ အဲဒီကော်ဖီခွက်ကိုပဲ စားပွဲပေါ်တင်ပြီး ပြန်သောက်တယ်။ ရေချိုးခန်းထဲက ဘက်တီရီးယားတွေအားလုံး ကော်ဖီခွက်အတူ သင့်ပါးစပ်ထဲ ရောက်နေပြီဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။


 
၃။ နားကြပ်မျှပြီး အသုံးပြုခြင်း


 
သင်နားလည်လောက်ပြီထင်ပါတယ်… ပြောချင်တာကတော့ နှာဖာချေးကိစ္စပါပဲ။ ရွံဖို့ကောင်းရုံတင် မဟုတ်ပါဘူး… ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နားကြပ်ကို ဘယ်သူ့ကိုမှ မျှပြီး အသုံးပြုခွင့် မပေးသင့်ပါဘူး။


 
၄။ ဘူဖေးမှ ဗိုက်အပြည့်နဲ့ ပြန်လာခြင်း


 
ဘူဖေးကနေ ဗိုက်အပြည့် အမျိုးစုံစားသောက်ပြီးမှ ဝမ်းသာအားရ ပြန်လာကြတာ အားလုံးမြင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် သူတို့ကို အားကျစရာ မကောင်းတဲ့အချက်တွေကို သူတို့ သတိထားမိမလားမသိဘူး။ လူစုံ အရွယ်စုံ ဇွန်းတစ်ချောင်းကို လက်တစ်ရာလောက်ကိုင်ပြီးမှ စားတဲ့အစားအစာထဲ ရောဂါပိုးမပါပဲ သန့်ရှင်းနေမလားဆိုတာ စဉ်းစားစရာပါပဲ။

 

Ref & Photo Credit : Trend Myanmar

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ