Updated 22nd May 2018
Htet Hmu (ShweProperty.com), Shweproperty
တစ်နေ.တာ လှုပ်ရှားရုန်းကန်ပြီးသမျှ အိပ်စက်အနားယူရာနေရာဖြစ်တဲ့ သင့်အိပ်ခန်းဟာ အပြင်အဆင် ညံ့ဖျင်းစွာနဲ. ငြီးငွေ.ပျင်းခြောက်ဖွယ်ကောင်းနေရင် ဝင်ရောက်အိပ်စက်ရတဲ့ သင့်ကိုလည်း စိတ်အပန်းဖြေမှု အပြည့်အဝပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကျော့ရှင်းသပ်ရပ်လှပတဲ့ အမျိုးသမီးတစ်ယောက်ရဲ. အငွေ.အသက်တွေ စုစည်းရာနေရာဟာ သူမရဲ. အိပ်ခန်းဖြစ်တာကြောင့် လှပဆန်းသစ်ပြီး ကြည်နူးနှစ်သက်ဖွယ်ကောင်းတဲ့ အဆင်တန်ဆာလေးတွေနဲ. အလှဆင်ယင်သင့်ပါတယ်။ သတိပြုရမယ့်အချက်ကတော့ အလွန်အကျွံ ရှုပ်ယှက်ခတ်နေအောင် အလှမဆင်မိဖို.ပါပဲ။ သင်ဝတ်စားဆင်ယင်နေသမျှ ဖက်ရှင်တွေ၊ ဒါမှမဟုတ် လွတ်လပ်ပေါ့ပါးဟန်တွေနဲ. ကိုယ်စားပြု အလှဆင်နိုင်တဲ့ သင့်အိပ်ခန်းဟာ အားစိုက်ထုတ်မှု အနည်းငယ်ပြုရုံနဲ. ကွဲပြားခြားနားတဲ့ အသွင်ကို ဖြစ်ပေါ်လာပါလိမ့်မယ်။ သင် အသုံးပြုမှီငြမ်းနိုင်မယ့် အကြံဉာဏ်နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ စိတ်ခံစားမှုတစ်စုံတစ်ရာ ပေးစွမ်းနိုင်ဖို. Pattern တွေ၊ colour တွေကို အသုံးပြုပါ။
သင်စွဲလမ်းလွန်းတဲ့ အကြိုက်အဆင်ဒီဇိုင်းတွေ၊ pattern တွေ၊ ရှိတယ်ဆိုရင်၊ အိပ်ခန်းအလှဆင်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ပွင့်ရိုက်ဒီဇိုင်းလို၊ geometric ဒီဇိုင်းလို အနှစ်သာရတွေကို အိပ်ခန်းအတွင်း ပေါင်းစပ်ချင်ရင်လည်း ရပါသေးတယ်။ ရိုးရိုးရှင်းရှင်း အရောင်လေးတွေနဲ. ပေါ့ပေါ့ပါးပါး အဆင်ဒီဇိုင်းလေးတွေ ပေါင်းစပ်ထားတဲ့ အလှဆင်မှုမျိုးကိုလည်း ဖန်တီးပြင်ဆင်နိုင်ပါတယ်။ သင့်စိတ်ကြိုက် ဖြစ်နေတဲ့ အရောင်၊ အဆင်ဒီဇိုင်းလေးတွေကို အိပ်ခန်းထဲက အသုံးအဆောင်တွေ၊ အစိတ်အပိုင်းတွေမှာ ပူးပေါင်းပါဝင်စေနိုင်ပါတယ်။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ နံရံအစရှိတဲ့ အရာတွေမှာ သင်စိတ်ကူးပေါ်သလို ဖန်တီးနိုင်ပါတယ်။ ပန်းအိုးလှလှတစ်လုံး၊ ဒါမှမဟုတ် ပန်းရိုက်ဒီဇိုင်းလှလှလေးနဲ.စောင် စတာလေးတွေနဲ.တင်လည်း ပြောင်းလဲမှုဖြစ်စေနိုင်ပါသေးတယ်။
အုံးတားကို အဓိကထားပါ။
အိပ်ခန်းတစ်ခန်းကို အလှဆင်တဲ့အခါ အဓိကထား အာရုံစိုက်ပြင်ဆင်ရမှာကတော့ အုံးတားပဲဖြစ်ပါတယ်။ အိပ်ခန်းထဲကို လျှောက်လှမ်းဝင်လာတဲ့အခါ သင့်ခုတင်ရဲ. အုံးတားဟာ အမြင်အာရုံထဲက ပျောက်ကွယ်တိမ်မြုပ်နေတာမျိုး မဖြစ်စေရပါဘူး။ အုံးတားဟာ အိပ်ခန်းတံခါးပေါက်နဲ. မျက်နှာချင်းဆိုင် အနေအထားမှ ရှိနေသင့်ပါတယ်။ အုံးတားဟာ အိပ်ခန်း တစ်ခန်းရဲ. အဓိက ဆုံချက်နေရာဖြစ်တာကြောင့် ဆွဲဆောင်မှုတစ်ခုခုရှိနေအောင် ပြုလုပ်ရပါမယ်။ သင့်မှာ ရှိနေပြီးသား ဖက်ရှင်ကျကျ အဝတ်စနဲ. ဖုံးအုပ်အလှဆင်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ကူရှင်အုံးတားဟာလည်း ကောင်းမွန်တဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်စေနိုင်သလို မျောလွင့်နေဟန်ရှိတဲ့ canopy လိုက်ကာမျိုးကိုလည်း ခုုတင်မှာအလှဆင်နိုင်ပါတယ်။ လက်ပွေ. ခေါင်းအုံးငယ်လေးတွေ ထားရှိခြင်းဟာလည်း ရိုးရှင်းတဲ့အလှဆင်နည်းတစ်မျိုးပါပဲ။
အိပ်ရာခင်းလှလှလေးတွေသုံးပါ။
သင့်အိမ်ရာဟာ အခန်းတစ်ခန်းလုံးရဲ. အထင်ရှားဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အိပ်ရာခင်းဝယ်ယူတဲ့အခါ ဈေးကြီးတာကို ဦးစားပေးဝယ်ယူဖို. မလိုပါဘူး။ သင့်အကြိုက်နဲ. ကိုက်ညီပြီး အိပ်ခန်းနံရံရဲ. အရောင်တွေနဲ. ပုလဲနံပသင့်မယ့် အရောင်အသွေး၊ အဆင်ဒီဇိုင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အိပ်ခန်းနံရံတွေကို ဆေးသုတ်တာလိုမျိုး ကြီးကြီးမားမား အရောင်ပြောင်းလဲတာမျိုး မလုပ်ဘူးဆိုရင် ကြိုက်ရာ အိပ်ရာခင်းအရောင်ကို ရွေးနိုင်ပါတယ်။ အသားရွေးတဲ့အခါမှာလည်း ချည်သား၊ လီနင်သားရွေးချယ်တာထက် သင်နှစ်သက်ပြီး သုံးစွဲရ သက်တောင့်သက်သာဖြစ်စေတဲ့ ပိတ်သားမျိုးကို ရွေးချယ်ရပါမယ်။ အိပ်ရာဖုံးဟာလည်း အလားတူ စတိုင်လ်ကျဆွဲဆောင်မှု ရှိနေရပါမယ်။ ထူထဲတဲ့ အသားမျိုးဖြစ်ပြီး လပေါင်းများစွာ အသုံးပြုလို. ရေရှည်ခံစေမယ့် စွန်းထင်းခံပြီး အကြမ်းခံမယ့် အမျိုးအစားကို ရွေးသင့်ပါတယ်။ ရိုးရှင်းတဲ့ အရောင်လေးတွေကို ရွေးရင် ပိုပြီးလွတ်လပ်ပေါ့ပါးဟန်ဖြစ်စေပါလိမ့်မယ်။ ဒါမှမဟုတ် သင့်အစွဲရှိတဲ့ အရောင်မျိုးကိုလည်း ရွေးလို.ရပါတယ်။
ကြည့်မှန်တွေနဲ. တင့်တယ်စေပါ
သင့်ရဲ.စတိုင်လ်ကျလှပတဲ့ အိပ်ခန်းကို ကြည့်မှန်တွေ မပါဘဲနဲ. ပြင်ဆင်ဖို. မတွေးတောပါနဲ.။ ကြည့်မှန်တွေဟာ အခန်းတစ်ခန်းကို ပိုပြီးချစ်စရာကောင်းသွားစေနိုင်တဲ့ အလင်းရောင်ကို ကောင်းစွာ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ပြောင်လက်တောက်ပမှု အနည်းငယ်ဟာ သင့်အိပ်ခန်းကို ပိုပြီး ချစ်စရာကောင်းသလို မိန်းမသားလည်း ဆန်သွားစေပါတယ်။ သင့်အခန်းအနေအထားနဲ. လိုက်ဖက်မယ့် မှန်ဒီဇိုင်းမျိုးကို ရွေးချယ်ရမှာပါ။ သင့်အိပ်ခန်းဟာ romantic၊ modern၊ classic စတဲ့ အမျိုးအစားပေါ် မူတည်ပြီး မှန်ဒီဇိုင်းကိုလည်း လိုက်ဖက်အောင် ရွေးချယ်အလှဆင်ပါ။ ကြည့်မှန်ရဲ. အမြင့်ဟာ သင့်မျက်လုံးအမြင့်၊ ဒါမှမဟုတ် ထိုအမြင့်ရဲ. အထက်မှာ ရှိနေပါစေ။
ကြည့်မှန်နဲ. အလှဆင်ရာမှာ အနိမ့်အမြင့်ကို သတိပြုရပါမယ်။ မြင့်လွန်းလို.လည်းမရသလို၊ နိမ့်လွန်းလို.လည်း ကြည့်မကောင်းနိုင်ပါဘူး။ တကယ်လို. သင်အလှဆင်မယ့်မှန်ဟာ နံရံလောက် အရွယ်အစားရှိနေတယ်ဆိုရင် အခန်းရဲ. အလယ်လောက်မှာ ထားသင့်ပါတယ်။ ဒါ့အပြင် ပြတင်းပေါက်လို အခြားအရာတစ်ခုခု ရှိနေ ပြီးသားနံရံမှာ မှန်ကို ချိတ်ဆွဲတာမျိုး ရှောင်ကြဉ်ရပါမယ်။ သို.မှသာ ပြတင်းက ဝင်ရောက်လာတဲ့ အလင်းရောင်ကို အခြားတစ်ဖက်က ကြည့်မှန်ကနေ အခန်းတွင်းအလင်း အမှောင်ကို ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။
၅။ ခေါင်းအုံးများများသုံးပါ။
အိပ်ခန်းအလှဆင်ရာမှာ အများဆုံး လျှော့တွက်ခံရတဲ့ အိပ်ခန်း အသုံးအဆောင်တစ်ခုကတော့ ခေါင်းအုံးပဲ ဖြစ်ပါတယ်။ ခေါင်းအုံးကို တစ်အုံး၊ နှစ်အုံးတည်း မသုံးပါနဲ.။ ခေါင်းအုံးတွေဟာ အလျှံပယ် အသုံးပြုခွင့်ရတဲ့ အသုံးအဆောင်လို.လည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် အရွယ်အစား၊ ပုံစံဒီဇိုင်း၊ အရောင်အသွေးစုံတဲ့ ခေါင်းအုံးတွေနဲ. သင့်အိပ်ခန်းကို အလှဆင်နိုင်ပါတယ်။
သင့်အိပ်ခန်းထဲကို တစ်စုံတစ်ယောက် ဝင်ရောက်ကြည့်ရှုလိုက်ပြီ ဆိုတာနဲ. သင်နားခိုအိပ်စက်ရာ အိပ်ခန်းဆိုတာကို မမေးဘဲနဲ. သိရှိနေပါမယ်။ သင့်အကြိုက်၊ သင့်စတိုင်လ်၊ ဟန်ပန်တွေနဲ. တစ်သားတည်းကျနေတဲ့ အိပ်ခန်းတစ်ခန်းဟာ အနားယူဖို. လှဲလျောင်းမှေးစက်လိုက်တိုင်း သင့်ကို စိတ်ကြည်နူးနှစ်သက်မှု ပေးစွမ်းနိုင်မှာမို.ပါပဲ။ သင့်အကြိုက်နဲ. ညီတဲ့ အရောင်၊ ဒီဇိုင်း၊ အဆင်စတာတွေကို စိတ်ကြိုက်ရွေးချယ် သုံးစွဲပါ။
စတိုင်လ်ကျကျ၊ လုံခြုံမှုရှိရှိနဲ. ပြတင်းတွေကို အလှဆင်ပါ။
အိပ်ခန်းတစ်ခန်းကို အလှဆင်ဖို. စိတ်ကူးတဲ့အခါ ပြတင်းတွေဟာလည်း မမေ့မလျော့ အာရုံစိုက်ရမယ့် အစိတ်အပိုင်းအဖြစ် နေရာယူထားပြန်ပါတယ်။ ပြတင်းအလှဆင်ပစ္စည်းလေးတွေနဲ. ပိုပြီး ရှုချင်စဖွယ်ဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်။ သင်အပါအဝင် လူတွေရဲ. မျက်လုံးဟာ အခန်းထဲဝင်ရောက်တဲ့အခါမှာ ပြတင်းကအလင်းရဲ. ဆွဲဆောင်မှုှုကို ခံကြရပါတယ်။ ပြတင်းနဲ. လိုက်ဖက်မှန်ကန်တဲ့ အလှဆင်ယင်မှုဟာ သင့်အိပ်ခန်းကို လှပတင့်တယ်စေနိုင်သလို ရုပ်ဆိုးကျည်းတန်မှုလည်း ဖြစ်စေနိုင်ပါတယ်။ ခန်းဆီး၊ လိုက်ကာတွေ ရွေးချယ်တဲ့အခါ အလင်းဝင်ရောက်မှုကို ပိတ်ပင်တားဆီးစေတဲ့ ပုံစံအမျိုးအစားတွေကို ရှောင်ကြဉ်ရပါမယ်။ ခန်းဆီးရွေးချယ်ရာမှာ သင်နှစ်သက်တဲ့အရောင်နဲ. လိုက်ဖက်မှုရှိတဲ့ ပိတ်သားကို ရွေးသင့်ပါတယ်။
Written By : Htet Hmu (ShweProperty.com)
Photo Credit : Hoylowcost
Posted By : Wai Phyoe Aung (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။