Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Kitchen

ခန္ဓာကိုယ်ကိုု အနံ့ဆိုး ထွက်စေတဲ့ အစား အစာများ

Updated 23rd May 2016

Written by

Messenger, Shweproperty

 

ခန္ဓာကိုယ် အနံ့ဆိုးကို သင်စားနေတဲ့ အစား အစာတွေက ဖြစ်စေနိုင်တယ် ဆိုတာ သိပါသလား။ ခန္ဓာကိုယ် အနံ့ဆိုး ဆိုတာ မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့စေပြီး ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ဘယ်အစား အစာတွေက အနံ့ဆိုးတွေ ဖြစ်စေတတ်လဲ။ ဆက်လက် ဖတ်ရှုကြည့်ပါ။



၁။ အနီရောင် အသားများ



            အစာချေဖျက်တဲ့ အခါ အနီရောင် အသားတွေမှာပါတဲ့ အမီနို အက်ဆစ်ကြောင့် အူထဲမှာ အကြွင်းအကျန်တွေ ကျန်နေတတ်ပါတယ်။ ထိုအကြွင်းအကျန်ကို အူထဲက အင်ဇိုင်းတွေက ဖြိုခွဲလိုက်ပြီး လူတွေ ချွေးထွက်တဲ့အခါ အရေပြားက ဘတ်တီးရီးယားတွေနဲ့ ရောနှော သွားပါတယ်။ ဤနည်းဖြင့် သင့်ကိုယ်နံ့ကို ပိုဆိုးစေပါတယ်။



၂။ ငါး



            ငါးက ကျန်းမာရေး အတွက်များစွာ အထောက်အကူ ပြုတယ် ဆိုတာ မှန်ပေမယ့် ငါးမှာ ပါဝင်တဲ့ B-complex vitamin က ငါးညှီနံ့ ထွက်စေပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ အဆိုအရ တချို့သော လူတွေက ငါးကို စားသုံးပြီးတဲ့ နောက်မှာ ချွေးထဲကနေ ထို Vitamino ဓာတ်ကို စစ်ထုတ်ပါတယ်တဲ့။ ဒီနည်းဖြင့် အနံ့ဆိုးတွေကို တဖြည်းဖြည်းချင်း ထွက်စေပါတယ်။



၃။ သရေစာများ



            သရေစာမှာ ပါဝင်တဲ့ သန့်စင်ထားတဲ့ သကြားတွေနဲ့  glycemic ပါဝင်မှု မြင့်မားခြင်းက အနံ့ဆိုး ထွက်စေပါတယ်။ ကျွမ်းကျင် ပညာရှင်တွေ ပြောကြားချက်အရ သရေစာ မုန့်များကို စားသုံးပြီးတဲ့နောက် ပြောင်းလဲသွားတဲ့ သွေးတွင်း သကြားဓာတ်က အရေပြားပေါ်က ဘက်တီးရီးယားတွေနဲ့ ပေါင်းပြီး တချို့သော လူတွေမှာ အနံ့ဆိုး ထွက်စေပါတယ်။



၄။ ကြက်သွန်ဖြူ



            ကြက်သွန်ဖြူ မှာလည်း ကောင်းကျိုးများစွာ ရှိပေမယ့် သူ့မှာ Allicin ဆိုတဲ့ဓာတ် ပါဝင်ပါတယ်။ ကြက်သွန်ဖြူကို စားသုံး လိုက်တဲ့အခါ ထို Allicin ဓာတ်က လျင်မြန် စွာပြိုကွဲပြီး ဓာတ်ပြောင်းကာ ချွေးအနံ့ဆိုး ထွက်စေပါတယ်။



၅။ ကြက်သွန်နီ



            ကြက်သွန်နီ ကလည်း ကြက်သွန်ဖြူနဲ့ အတူတူပါပဲ။ အကျိုးပြုပေမယ့် အများအပြား စားရင် ကိုယ်အနံ့ဆိုး ထွက်ရုံ သာမက ခံတွင်းနံ့ပါ ဆိုးစေပါတယ်။ ကြက်သွန်နီက ခံတွင်းနံ့ကို နာရီ အတော်ကြာ နံစေပါတယ်။  ဒါကြောင့် ကြက်သွန်နီကို အစိမ်းလိုက် မစားပဲ ချက်ပြုတ်ပြီးသာ စားသင့်ပါတယ်။



၆။ ဒူးရင်းသီး



            ဒူးရင်းသီးကို ကြိုက်နှစ်သက်တဲ့ သူတွေလည်း ရှိသလို ဒူးရင်းသီးကို အနံ့တောင် မခံနိုင်တဲ့ သူတွေလည်း ရှိပါတယ်။ သေချာတာကတော့ ဒူးရင်းသီးက ကိုယ်အနံ့ဆိုး ထွက်စေတယ် ဆိုတာပါပဲ။



၇။ အရက်



            အရက်ကို သောက်သုံးခြင်းက ခန္ဓာကိုယ်ကို အလွန် ဆိုးဝါးတဲ့ အနံ့ ထွက်စေပါတယ်။ ၎င်းက သင့်ရဲ့ ခန္ဓာကိုယ်၊ ခံတွင်းနဲ့ ဆီးကို အလွန် အနံ့ဆိုး စေနိုင်ပါတယ်။ ဘယ်အမွှေးနံ့သာ၊ ဘယ်ခံတွင်း ငုံဆေးကမှ ထိုအနံ့ဆိုးကို မသတ်နိုင်ပါဘူး။ အရက်ကြောင့် ကိုယ်နံ့ နံတာကို ဖျောက်ဖို့က စိတ်ရှည်ရှည်နဲ့ အချိန်ပေးရုံပါပဲ။



၈။ နို့ထွက် ပစ္စည်းများ



            ထိုအစား အစာတွေက vitamin D နဲ့ Calcium ဓာတ်တွေ ပါဝင်လို့ ကျန်းမာရေး အတွက် သင့်လျော်ပေမယ့်လည်း ပရိုတင်း ပါဝင်မှုများတာကြောင့် ကိုယ်နံ့ နံစေပါတယ်။ သူတို့က ခံတွင်းနံ့ကိုလည်း ဆိုးစေပါတယ်။

 

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ