Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Bedroom

သင့်ရဲ့ အိပ်ခန်းထဲမှာ ထင်ထားတာထက် ပိုညစ်ပတ်တဲ့ နေရာ (၇) ခု

Updated 20th Jul 2016

Written by

Duwun, Shweproperty

 

အရေးကြီးပါတယ် သင့်ရဲ့အိပ်ခန်းထဲမှာ ရှိတဲ့ အချို့အရာတွေဟာ သန့်စင်ခန်းထက်တောင် ပိုညစ်ပတ်နေတတ်ပါတယ်။


 
လူတွေနေ့စဉ်အိပ်စက်လေ့ရှိတဲ့ အိပ်ရာခင်းတွေဟာ သန့်ရှင်းနေရမယ်ဆိုတဲ့ အားလုံးမှာရှိကြပါတယ်။ ဒါပေမဲ့လည်း လူတွေသတိမထား မိလောက်အောင် အိပ်ရာခင်းတွေက ညစ်ပတ်နေလေ့ရှိပါတယ်။



၁။ လူအများစုဟာ ညစဉ် အိပ်ရာဝင်တဲ့အခါ ဘက်တီးရီးယားပိုးမွှားပေါင်း ၁.၅ သန်းလောက်နဲ့ ပျမ်းမျှ အိပ်စက်ရလေ့ရှိပါတယ်။



 ၂။ အိပ်ခန်းထဲမှာ ခင်းထားတဲ့ ကောဇောတွေဟာ သင့်ရဲ့သန့်စင်ခန်းထက်တောင် ဘက်တီးရီးယား ပိုများပါတယ်။ သန့်စင်ခန်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားထက် ကောဇောပေါ်မှာ ရှိတဲ့ ဘက်တရီးယားက အဆပေါင်း လေးထောင်လောက် ပိုများပါတယ်။



၃။ သင့်ရဲ့ လက်ကိုင်ဖုန်းလည်း ဒီလိုပါပဲ။ သင်ရဲ့အိမ်သာကြွေခွက်ထက် သင့်ရဲ့လက်ကိုင်ဖုန်းက ဘက်တီးရီးယားပိုး ပိုများနေတတ်ပါတယ်။



၄။ ခေါင်းအုံးမှာလည်း ပိုးမွှားအရှင်တွေရော၊ အသေတွေပါ ကပ်ငြိနေလေ့ရှိပါတယ်။ ၁၀ အောင်စ အလေးချိန်ရှိတဲ့ ခေါင်းအုံးတစ်လုံးဟာ သုံးနှစ်လောက် ကြာတဲ့အခါ မူရင်း အလေးချိန်ထက် သုံးဆလောက် ပိုလေးလာတတ်ပါတယ်။



၅။ လူတစ်ယောက်ဟာ အိပ်ရာခင်းပေါ်မှာ ချွေးထွက်လေ့ရှိပါတယ်။ လူတစ်ဦးက ပျမ်းမျှအားဖြင့် တစ်နှစ်ကို ချွေးပေါင်း ၂၆ ဂါလံလောက် အိပ်ရာပေါ်မှာ ထွက်လေ့ရှိပါတယ် ။



၆။ မွေ့ယာတစ်ခုဟာ ရှစ်နှစ်လောက် သက်တမ်းရှိသွားပြီဆိုရင် ခန္ဓာကိုယ်က ပိုးမွှားအသေကောင်များစွာ ရှိနေတတ်ပြီး အဲဒီပိုးမွှားတွေရဲ့ အလေးချိန်က စုစုပေါင်း ၈ ပေါင်လောက် ရှိနေတတ်ပါတယ်။



၇။ အိပ်ရာပေါ်မှာ အိမ်မွေးတိရိစ္တာန်တွေနဲ့ အတူအိပ်တာဟာ လူတွေကို ပိုပြီး နာမကျန်း ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။ သန့်ရှင်းမှုလည်း မရှိပါဘူး။

 

Ref & Photo Credit : Duwun

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ