Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

အိပ်မက်လှလှလေးတွေမက်ဖို့အဆောင်အဖြစ် အသုံးပြုလာတဲ့ Dream Catcher

Updated 9th Dec 2015

Written by

The Irrawaddy, Shweproperty

အိပ်မက်တွေဟာ အဓိပ္ပာယ်မျိုးစုံကို ပေးပါတယ်။ အိပ်မက်တွေကြောင့် ပျော်ရွှင်ရသလို၊ စိတ်ညစ်ရတာ တွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတာကို လက်မခံချင်တဲ့ လူတွေရဲ့ သဘာဝအတိုင်း ခပ်ဆိုးဆိုးအိပ်မက်တွေကို ဖျောက်ဖျက်ချင်ကြပါတယ်။



အိပ်မက်တွေနဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားများလည်း မှတ်သားဖူးပါတယ်။ ဥပမာ “မြွေကို မက်ရင် ပိုက်ဆံရတယ်ဆိုတာမျိုး၊ သူသေမက်ရင်လာဘ်ကောင်းတယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် အိပ်မက်ဆိုးတွေရဲ့ နှောင့်ယှက်တဲ့ဒဏ်ကြောင့် အလန့်တကြားနဲ့ အိပ်ရာကနိုးပြီး ပြန်အိပ်မရတဲ့ ညမျိုးတွေလည်း ကြုံဖူး ကြမှာပါ။



အဲဒီလို အိပ်မက်ဆိုးတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်ကင်းနိုင်ဖို့ Dream catcher လေးတွေနဲ့ မိတ်ဆက်   ပေးချင်ပါတယ်။ သူတို့တတွေက အိပ်မက်ဆိုးတွေကို ဖယ်ရှားပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့တွေက ကံကောင်းခြင်းတွေကိုလည်း ယူဆောင်ပေးတယ်လို့ ဆိုပါသေးတယ်။



အဲဒီ Dream catcher လေးတွေကို အိမ်မှာချိတ်ဆွဲရုံတင်မဟုတ်ဘဲ Key chain လေးတွေ၊ ဆွဲကြိုးလေးတွေ၊ တက်တူးတွေအနေနဲ့ပါ အသုံးပြုလာကြပါတယ်။ မိန်းကလေးအများစုသဘောကျကြတဲ့ Handmade  ပစ္စည်းလေးပါ။



ဈေးနှုန်းတွေအနေနဲ့တော့ Size အကြီးအသေးပေါ်မူတည်ပြီး နှစ်ထောင်ကနေ ၁ သောင်းကျော်အထိ ရှိပါတယ်။ အဲဒီပစ္စည်းလေးတွေကိုတော့ ဖန်စီပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေမှာ ရနိုင်ပါတယ်။



ဒါကြောင့် ဒီတပတ်မှာ မိန်းကလေးငယ်တွေအကြား အဆောင်အနေနဲ့ ခေတ်စားနေတဲ့ Dream catcher  လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးတွေရဲ့ အကူအညီနဲ့ အိပ်မက်ဆိုးတွေကနေ ကင်းဝေး ပြီး ကံကောင်းခြင်းတွေ ရရှိနိုင်ပါစေ။

 

Ref : The Irrawaddy

Posted By : Wai Phyoe Aung

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ