Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

သင် အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေပါသလား

Updated 10th Jun 2016

Written by

Lwin Pyin, Shweproperty

 

သတင်းစာ ၊ ဂျာနယ်စားပွဲခင်း နှင့် ကျန်းမာရေး ဆိုတဲ့ ကျန်းမာရေးအ သိပေးဆောင်းပါးလေးကို ဖတ်ရူပြီး ကိုယ့်အနီးအနားဝန်းကျင်က လူတွေပါသိအောင် Share ပေးလိုက်ကြဦးနော်။



အချို့သူတွေက ထမင်းစားခါနီးမှာ စားပွဲခုံပေမှာစိုးလို့ဆိုပြီး အလွယ်တကူ တွေ့ရာဂျာနယ်တွေ ၊ သတင်းစာတွေနဲ့ ခင်းကျင်းပြီး ထမင်းပွဲပြင်ဆင်စားသောက်လေ့ရှိကြပါတယ်။


ဘာကြောင့် ဒီလိုသတင်းစာတွေခင်းကျင်းစားသောက်နေရလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ကြပါဘူး။



တစ်ချို့တွေကတော့ စားပွဲပေမှာစိုးလို့ ၊ ဒီလိုခင်းကျင်းထားတော့ ပိုသန့်တယ်ထင်ကြပါတယ်။ တစ်ချို့ဆို ပုံများတဲ့ဂျာနယ်ဆို ပိုပြီးတော့တောင် ရွေးချယ်ခင်းလေ့ရှိကြပါတယ်။



ဒါဆို ဒီလိုသတင်းစာခင်းကျင်းစားသောက်ရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးဖြစ်ပြီး ဘယ်လို တကယ်တော့  အစားသောက်တွေ စားသောက်ချိန်မှာ အခုလိုChemical တွေနဲ့ပေါင်းစပ်ပြီး ဖေါ်စပ်ထားတဲ့ မင်တွေကြောင့် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်နေ တယ်ဆိုတာ သတိမထားမိကြပါဘူး။



ကျန်းမာရေးပညာရှင်တစ်ချို့ အခိုင်အမာပြောဆိုကြတာကတော့ ဒီလိုဂျာနယ်တွေ ၊ သတင်းစာတွေမှာ ရိုက်နှိပ်ထားတဲ့ မှင်တွေမှာပါဝင်တဲ့ ခဲဓါတ်၊ ခရိုမီယမ်ဓါတ်၊ ကက်ဒမီယံ ဓာတုဒြပ်စင်တွေ၊ မာကျူရီသတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဥပမာ ဒီထဲက ခဲဓါတ်က လူတွေရဲ့ ခန္ဓာကိုယ်ကို ဘာဆိုးကျိုးဖြစ်စေနိုင်သလဲဆိုတော့ အကြောင်းကြောင်းကြေင့် လူ့ရဲ့ပါးစပ်ထဲရောက်သွားပြီဆိုပါက လူတွေရဲ့သွေးကြော ထဲမှာရှိတဲ့ဆဲလ်အသစ် ပေါက်ဖွားမှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။



ဒိထက်ဆိုးရင် သွေးကြောကနေတဆင့် ဦးနှောက်ထဲထိ ဝင်ရောက်ပြီး ဆဲလ်တွေကိုဖျတ်ဆီးပြီး ဦးနှောက်ရဲ့အတွင်းပိုင်းထိ ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ပေါ်ပေါက်နိုင်လဲဆိုတော့ ခေါင်းမူးတာတွေ ၊ အိပ်မပျော်တာတွေ၊   ခေါင်းကိုက် တာတွေ ၊ မှတ်ဉာဏ်ချို့ယွင်းမှုတွေ အထိဖြစ်ပေါ်လာနိုင်ပါတယ်။



နောက်ပြီး ဒီသတင်းစာတွေ၊ ဂျာနယ်တွေဟာ နေ့စဉ်ဖတ်ရူသူတွေလက်ထဲရောက်ဖို့ အလျဉ်မှီရိုက်နှိပ်နေရတဲ့အတွက် ဒီမှင်တွေခြောက်နေပေမဲ့လည်း အမှုံအမွှားကတော့ လွင့်နိုင်သေးပါတယ်။ ဒီမှာ တစ်ချို့သူတွေကမေးကောင်းမေးပါလိမ့်မယ် ဒါဆိုသတင်းစာအဟောင်းတွေဆိုရင်တော့ မှင်တွေက ခြောက်ပြီး ဘယ်ဘေးဥပါဒ်မှမရှိဘူးပေ့ါဆိုပြီး ။ ဒီလိုလဲမဟုတ်ပါဘူး။



အကောင်းဆုံးကတော့ အစားသောက်တွေစားရင် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေခင်းပြီးမစားသောက်တာ အကောင်းဆုံးပါပဲ ။ သတင်းစာ ၊ ဂျာနယ်တို့ဆိုတဲ့အရာဟာ တစ်ဦးတစ်ယောက်ထဲလှန်လှောပြီး ထားထားတဲ့အရာမဟုတ်ပါဘူး။ လူပေါင်းစုံက ကိုင်တွယ်ဖတ်ရူကြပါတယ်။ နောက်ပြီး လူတွေရဲ့လက်ဆိုတာက ဘာတွေကိုင်မိလို့ ကိုင်မိမှန်းမသိနိုင်ပဲ ရောဂါပိုးမွှားမျိုးစုံ ကပ်တွယ်နေတဲ့ အစိတ်အပိုင်းပါ။ ဒီလိုလက်တွေအများကြီးကနေ ကိုင်တွယ်ဖတ်ရူထားတဲ့ ဂျာနယ်တွေ ၊ သတင်းစာတွေမှာလည်း ဘာရောဂါတွေကပ်ပါနိုင်လဲဆိုတာ ဘယ်သူမှ မျက်စိနဲ့မမြင်နိုင်ဘူးလေ ။



ဒါကြောင့် အကောင်းဆုံးကတော့ အစားသောက်စားရင် အခင်းအကျင်းအဖြစ် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေကို အသုံးမပြုဖို့ အကောင်းဆုံးအကြံပြုပါတယ်။



တစ်ချို့တွေဆို အသီးအရွက်တွေ ၊ သစ်သီးဝလံတွေရောင်းချတဲ့နေရာမှာလည်း အသီးတွေအောက်မှာ သတင်းစာတွေကို အလွယ်တကူ ခင်းကျင်းထားတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုအသီးအနှံတွေဝယ်မိတယ်ဆိုရင်လည်း ရေနဲ့သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားသောက်ဖို့လည်းမမေ့ပါနဲ့။

 

Ref : Lwin Pyin

Photo Credit : wallpaperscraft

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ