Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

ကျန်းမာ လှပစေရန် မီးဖိုချောင်တွင် ရှိသင့်သော အရာ (၉) မျိုး

Updated 27th May 2016

Written by

ygnnews, Shweproperty

 

မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသားတစ်ခုလို့ ပြောလို့ ရပါတယ်။ မီးဖိုချောင်ထဲက အစားအစာတွေကြောင့် သင့်ကို ပိုပြီး ကျန်းမာလှပစေ သလိုပဲ အ ခန့်မသင့်ရင် ကိုယ်အလေးချိန် တိုးလာပြီး ကျန်းမာရေးလည်း ချူချာတတ် ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ဆေးဖက်ဝင် မီးဖို ချောင်လေးတစ်ခု ဖြစ်စေဖို့ ဖန်တီးပေးရ မှာပါ။ ဒီအတွက် သိပ်ပြီး ခေါင်းမစားပါနဲ့။ ဖော်ပြပါ အချက်တွေကို လေ့လာကြည့် လိုက်ပါ။



၁။ ဝယ်ပြီး မစားမိ မဖြစ်ရလေအောင်



သင့်ရေခဲသေတ္တာ ထဲမှာ အစိမ်းစား ရတဲ့အသီးအနှံ တွေကို ရေစင်အောင် ဆေးကြောပြီးမှ ထည့်ထားပါ။ နာနတ် သီး၊ ကီဝီသီးနဲ့ အခွံခွာစားရတဲ့ အသီး တွေကို အသင့်ခွာပြီး လှီးကာ ထည့်ထား ပါ။ ရေခဲသေတ္တာ ထဲကို ထည့်ချိန်မှာ သင့် မျက်စိရှေ့ အလွယ်တကူ   မြင်သာတဲ့နေ ရာမှာထည့်ထား တာကြောင့် ရေခဲသတ္တာ ဖွင့်လိုက်ချိန်မှာ အသီးအနှံတွေကို အ လွယ်တကူ စားမိစေ ပါလိမ့်မယ်။



၂။ အသုပ်များကို ခွက်ကြီးကြီးဖြင့် ပြင်ဆင်ပါ



ဟင်းရွက် သုပ်တွေက ကျန်းမာရေး နဲ့ ညီညွတ်တယ်ဆိုတာ သင်သိပါရဲ့လား။ ဟင်းရွက်သုပ်တွေကို ညစာစားတိုင်း ပါဝင်အောင် စားပေးပါ။ တခြားအသားငါး တွေကို ညပိုင်းအချိန်မှာ ပိုစားမယ့်အစား ကျန်းမာလှပစေရန်မီးဖိုချောင်တွင် ရှိသင့်သော အရာကိုးမျိုး ဟင်းရွက်သုပ်တွေကို ပိုစားပေးတာက ခန္ဓာကိုယ်မှာ အဆီပိုကင်းစေပါလိမ့်မယ်။ ဟင်းရွက်သုပ်တွေကို ခွက်ကြီးကြီးထဲမှာ ထြည့်ပီး များများသပု စ် ားပါ။ ထမင်း မစား ခင် ဟင်းရွက်သုပ်ကို မိသားစုလက်စုံစား တာက ပျော်စရာလည်းကောင်းပါတယ်။



၃။ အတိုင်းအတာပစ္စည်းများ ရှိပါစေ



ဆီဖြစ်စေ၊ အသားငါးဖြစ်စေ၊ ရေ ဖြစ်စေ တိုင်းတာတွက်ချက်ပြီး ချက်ပြုတ် နိုင်ဖို့အတွက် တိုင်းတာရတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ ဇွန်းနဲ့ ခွက်တွေကို အလွယ်တကူ ယူသုံးလို့ရအောင် မြင်သာတဲ့နေရာမှာ ထားပါ။ အထူးသဖြင့် ကိုယ်အလေးချိန် ကျအောင်   လေ့ကျင့် စားသောက်နေသူ တွေအနေနဲ့ လိုအပ်တဲ့ ပမာဏကို မျှတ အောင်စားနိုင်ဖို့အတွက် အတိုင်းအတာ ပမာဏက အရမ်းကို အရေးပါပါတယ်။



၄။ သရေစာကို ကြိုတင်ဝယ်ထားပါ



သင်က အပြင်သရေစာစားရတာ ကို ကြိုက်တတ်သူဖြစ်ရင် ဈေးဝယ်ထွက် ချိန်မှာ အသင့်ထုပ်ပိုးထားတဲ့ သရေစာ မုန့်ထုပ်တွေထဲက အစေ့အဆန်၊ ပြောင်း ဖူးပေါက်ပေါက်၊ ချိစ်ကိတ်နဲ့ အသီး ခြောက်တွေကို ကယ်လိုရီပါဝင်မှု ဘယ် လောက်ရှိသလဲဆိုပြီး အညွှန်းကို ဖတ်ပါ။ ကယ်လိုရီ ၁၅၀ အောက်သာ ပါဝင်တဲ့ သရေစာမုန့်တွေကို ဝယ်ထားပြီး သင် စားချင်တဲ့အချိန်မှာ ယူစားပေးတာ ကြောင့် မလိုအပ်ဘဲ ကယ်လိုရီပိုမိုရရှိမှု ကို ကာကွယ်ရာရောက်ပါတယ်။



၅။ မတည့်စာများ ဝေးဝေးရှိပါစေ



ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတဲ့ ဆော်ဒါပါဝင်တဲ့ ဖျော်ရည်တွေ၊ ဆီကြော် မုန့်တွေနဲ့ အချိုလွန်ကဲတဲ့အစားအစာ တွေကို သင့်မီးဖိုချောင် ထဲမှာ ဘယ်တော့ မှမထားပါနဲ့။ ကလေးငယ်ရှိတဲ့အိမ်တွေ မှာဆိုရင်လည်း ရေခဲမုန့်လိုမျိုးနဲ့ ဆီကြော် မုန့်တွေကို ဆောင်မထားပါနဲ့။ ကိုယ်တိုင် ပြုလုပ်ရတဲ့ အသီးဖျော်ရည်နဲ့ အသီးအနှံ တွေကိုသာ လတ်ဆတ်အောင် ပြုပြင်ပြီး ကျွေးပါ။



၆။ ပန်းကန်သေးသေးသုံးပါ



ထမင်းစားချိန်မှာ ပန်းကန်သေး သေးကို သုံးပြီး စားတာကြောင့် အစာ အများကြီးမစား မိစေတော့ပါဘူး။ ၇။ များများဝယ်သင့်သော အရာများ သင့်မီးဖိုချောင်ထဲမှာ အများဆုံးရှိ သင့်တာကတော့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေပါပဲ။ ဝယ်လာပြီးချိန်မှာ   ရေကို   ပြောင်စင်အောင် ဆေးကြောပြီး သိမ်းထားလိုက်ပါ။ နောက်ထပ်ရှိသင့် တာတွေကတော့ ဒိန်ချဉ်၊ ပါစတာ၊ ဟင်း ချိုချက်ဖို့ အသားမှုန့်၊   နှမ်းဆီ ဒါမှမဟုတ် ဟင်းရွက်ဆီ၊ ပင်လယ်ဆားနဲ့ အညို ရောင် ပေါင်မုန့်တွေပဲဖြစ်ပါတယ်။



၈။ ဟင်းရည်ချက်နိုင်သော အရာများ



သင်စားတဲ့အချိန်တိုင်းမှာ ဟင်းရည် တစ်မျိုးပါဝင်သင့်ပါတယ်။ မနက်စာဖြစ် စေ၊ ညစာဖြစ်စေ ဟင်းရည်တစ်မျိုးတော့ ပါဝင်အောင် သုံးဆောင်ပါ။ ဒါကြောင့် ဟင်းရည်အဖြစ် အလွယ်တကူဖန်တီးနိုင် မယ့် အရွက်တွေကို သင့်ရေခဲသေတ္တာထဲ မှာ ဆောင်ထားပါ။



၉။ တစ်ခါတစ်ရံသုံးသင့်သော အရာများ



မီးဖိုချောင်ထဲမှာ ချိစ်၊ ထောပတ်နဲ့ ယိုမျိုးစုံတွေကို အလွယ်တကူမြင်နိုင်တဲ့ အကန့်လေးတွေထဲမှာ သိမ်းထားပါ။ တစ်ခါတလေစားတာက   ပြဿနာမဟုတ် ပေမယ့် အမြဲတမ်းဆိုရင်တော့ မကောင်း ပါဘူး။ သင်ထိုင်လေ့ ရှိတဲ့ ဧည့်ခန်းထဲမှာ လည်း အစားအစာတွေကို မထားပါနဲ့။ အလွယ်တကူ ယူစားမိပြီး ကိုယ်အလေး ချိန်တက်လာနိုင် ပါတယ်။

 

Posted By : Wai Phyoe

Photo Credit : photolok

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ