Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Flooring

ကိုယ့်အိမ်က ကိုယ့်ကို မကျန်းမာအောင် လုပ်နေလား

Updated 5th May 2016

Written by

Messenger, Shweproperty

 

လေထု ညစ်ညမ်းမှုဟု ဆိုလျှင် စက်ရုံမီးခိုး၊ ကားမီးခိုး စတာတွေ ကိုသာ လူအများပြေး မြင်မိကြ လိမ့်မည်။ လေ့လာမှု စစ်တမ်းတစ်ရပ် ကမူ လူအများသည် စက်ရုံ မီးခိုး၊ ကားမီးခိုးစသော ပြင်ပ လေထု ညစ်ညမ်းမှုကြောင့်ထက် အိမ်တွင်း လေထု ညစ်ညမ်းမှုတွေကြောင့် ပို သေဆုံးနေ ရသည်ဟု ဆိုလိုက်သည်။



အိမ်ထဲမှာ ချက်ပြုတ်ရာက ထွက်သည့် မီးခိုး၊ ကျပ်ခိုး၊ အိမ်ထဲက ဖုန်မှုန့်စသည့် အိမ်တွင်း လေထု ညစ်ညမ်းမှု များကြောင့် ၂၀၁၂ ခုနှစ် တွင် ကမ္ဘာ တစ်ဝန်း လူ (၄ ဒသမ ၃) သန်း သေဆုံးခဲ့ ရသည်။ ပြင်ပ လေထု ညစ်ညမ်းမှုကြောင့်လည်း အလားတူပင် (၄ ဒသမ ၃) သန်း သေဆုံးခဲ့ ရသည်။



ဘွိုင်လာအိုး အခိုးအငွေ့၊ အမွှေး ဘူး၊ ဖယောင်းတိုင်၊ အမွှေးတိုင် တို့က ထွက်သော အခိုးအငွေ့များ သည်လည်း အိမ်တွင်း လေထု ညစ်ညမ်းစေသည့် လက်သည်များ ဖြစ်သည်။ အိမ်တွင်း လေထု ညစ်ညမ်းမှု ကြောင့် ခေါင်းမူးခေါင်းကိုက်၊ အသက် ရှူကျပ်၊ ပင်ပန်းနုံးချိခြင်းများ ဖြစ်ပွားရသည်။ သို့ဖြစ်သည့်တိုင် လူ အများစုသည် အိမ်တွင်း လေထုညစ်ညမ်းမှု အန်္တရာယ်ကို သတိမထား မိကြဟု စစ်တမ်းက ဖော်ပြသည်။ စစ်တမ်းကို ဆာရေး တက္ကသိုလ်က ဦးဆောင်ပြီး ဥရောပနှင့် သြစတြေးလျ သိပ္ပံပညာရှင် အများအပြား ပူးပေါင်း ပါဝင် ထားသည်။



လေထု ညစ်ညမ်းမှု ဆိုရင် လူတွေက စက်ရုံ မီးခိုး၊ ကားမီးခိုးတွေလောက်သာ ပြေးမြင်ကြတယ်။ လှောင်ပိတ်မွန်းကျပ်နေတဲ့ အိမ်ထဲက အခိုးအငွေ့တွေ၊ ပင့်ကူအိမ်တွေနဲ့ ဖုန်တက်နေတဲ့ အိမ်ထဲက ဖုန်မှုန့် လေတွေ ဟာလည်း လေထု ညစ်ညမ်းမှုပဲ ဆိုတာ မေ့နေကြတယ်။ တကယ်ဆိုလျှင် အိမ်တွင်း လေထုညစ်ညမ်း မှုက လူတွေကို ပိုတောင် ဒုက္ခပေးနေပါ သေးတယ်ဟု စစ်တမ်း အဖွဲ့ ခေါင်းဆောင် ဆာရေး တက္ကသိုလ်မှ ဒေါက်တာ ပရာရှန့်ကူးမားက ပြောသည်။



တိုက်ခန်းများနှင့် နေထိုင်သော မြို့ပြများတွင်လည်း မြေညီထပ် အပါအဝင် မြေကြီးနဲ့ နီးသော အထပ် များသည် လမ်းက ဖုန်မှုန့်များ အဝင်ဆုံးဖြစ်ကာ အိမ်တွင်း လေထု ညစ်ညမ်းမှု အဆိုးဝါးဆုံး ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။ အထပ်မြင့် ရောက်လေ ဖုန်မှုန့် ဒဏ်ကင်းဝေးလေ ဖြစ်ကာ အိမ်တွင်း လေထု သန့်ရှင်းမှု ပိုရှိလာကြောင်းလည်း ဒေါက်တာ ကူးမားက ထောက်ပြ ပြောကြားသည်။ စစ်တမ်းကို Science of the Total En- vironment ဂျာနယ်တွင် ထည့်သွင်း ဖော်ပြသည်။

 

Posted By : Wai Phyoe

Photo Credit : Messenger

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ