Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Flooring

ပိုးမွှားအင်းဆက်တွေ အကိုက်ခံရတဲ့အခါ ဆေးလိမ်းမယ့်အစား ဒါတွေသုံးပါ

Updated 27th May 2016

Written by

ygnnews, Shweproperty

 

ပိုးမွှားအင်းဆက်တွေ၊ ခြင်၊ ဂျပိုး၊ သန်း စတာတွေ အကိုက်ခံရတဲ့အခါ တစ်ချို့တွေက ကုတ်တတ်ကြတယ်။ ဒါဟာ အသားရေမှာ အမာရွတ်ဖြစ်စေတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ဆေးဆိုင်သွားပြီး ဘာလိမ်းရင်ကောင်းမလဲဆိုပြီး စိတ်ပူပန်တတ်ကြတယ်။ ဒါဟာ အသားရေကို ဂရုစိုက်ရာရောက်တာမို့ ကောင်းပေမယ့် ဆေးဆိုင်ထိသွားစရာမလိုပဲ အိမ်မှာရှိတဲ့အရာတစ်ချို့နဲ့ ဒီပြဿနာကို   ဖြေရှင်းကြည့်  လိုက်ရအောင်။



၁။မရှိမဖြစ်လိုအပ်တဲ့ အဆီများ



လာဗင်ဒါအဆီ၊ အုန်းဆီစတာတွေက ယားယံခြင်း၊ နာကျင်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ အကောင်ကောက်ပြီးပြီးချင်း သုတ်လိမ်းထားလိုက်ရင် သက်သာသွားပါလိမ့်မယ်။



၂။ပျားရည်



သင်က ကပ်စေးစေးဖြစ်တာမျိုးကို အရေးမကြီးဘူးလို့ထင်ရင်တော့ အကောင်ကိုက်ခံထားရတဲ့ နေရာကို ပျားရည်နည်းနည်း သုတ်လိမ်းထားလိုက်ပါ။ ယားယံတာတေါ သက်သာသွားမှာပါ။



၃။နို့နဲ့ရေ



နို့နဲ့ရေ ရောထားတဲ့ အရည်ထဲကို အဝတ်လေးနှစ်ပြီး အင်းဆက်ပိုးမွှားအကိုက်ခံလိုက်ရတဲ့ အသားပေါ်ကို တို့ထိပေးပါ။  ဒါဆို အဖုအပိန့်ဖြစ်တာမျိုးလည်း မရှိတော့ပဲ ယားယံတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။



၄။သံပုရာရည်



ပိုးမွှားတွေကို သေစေနိုင်တဲ့ သံပုရာရည်ကို အသားအရေပေါ် သုတ်လိမ်းမယ်လို့ စဉ်းစားမိရင်တော့ အိမ်ထဲမှာနေဖို့တော့ လိုပါလိမ့်မယ်။ အပြင်သွားတဲ့အခါ ခုနသံပုရာရည်သုတ်လိမ်းထားတဲ့ အသားရေပေါ် နေထိရင် နေလောင်တတ်တာမို့လို့ပါ။



၅။သွားတိုက်ဆေး



Menthol ပါဝင်မှုနှုန်းများတဲ့ သွားတိုက်ဆေးကလည်း အင်းဆက်တွေအကိုက်ခံရတဲ့အခါ အသားပေါ် သုတ်လိမ်းသင့်တဲ့အရာပါပဲ။ ယားယံတာမျိုးတွေ မရှိပဲ သက်သာသွားပါလိမ့်မယ်။



၆။ရေခဲ



နောက်ထပ် ယားယံမှုကို သက်သာသွားစေမယ့်အရာက ရေခဲပါ။ ရေခဲတုံးလေးနဲ့ ယားယံနေတဲ့ အသားပေါ် တို့ပေးလိုက်တာနဲ့ အဖုအပိန့်ဆိုတာ မရှိတော့ပဲ အိုကေသွားမှာပါ။



၇။ရှာလကာရည်



အက်ဆစ်ဓာတ်ပါတဲ့ ရှာလကာရည်ကတော့ အိမ်နောက်ဖေး မီးဖိုချောင်မှာ အဆင်သင့်ရှိနေမှာပါ။ အင်းဆက်ပိုးမွှား အကိုက်ခံရပြီဆိုတာနဲ့ အိမ်နောက်ဖေးပြေးဝင်ပြီး ဒါလေးကို နည်းနည်းသုတ်လိမ်းထားလိုက်ရုံပါပဲ။

 

Posted By : Wai Phyoe

Photo Design : Thet Swe Lin

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ