Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Cleaning Services

ခြေထောက်အနံ့အမြန်ပျောက်ဖို့

Updated 25th Apr 2016

Written by

Gentleman Magazine, Shweproperty

 

ရှုးဖိနပ်တွေစီးတဲ့အခါမှာ ခြေထောက်ကနေ မကောင်းတဲ့အနံ့ထွက်တာမျိုးက အမျိုးသားတိုင်းရဲ့ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးကြပါတယ်။  ဒီလိုခြေထောက်ကနေ အနံ့ထွက်တာကို အမြန်ဆုံး အနံ့ ပျောက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သင့်ခြေထောက်က အနံ့ထွက်လာခဲ့ရင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လုပ်ဆောင်ကြည့်ပါ။



၁။ လိုအပ်တဲ့ပစ္စည်းတွေရှာပါ



အနီးစပ်ဆုံးဆေးဆိုင်ကိုသွားပြီး ခြေထောက်လိမ်းပေါင်ဒါ၊ အနံ့ဖျောက်ဖိနပ်အောက်ခံဆိုးလ်ပြားနဲ့ သန့်ရှင်းရေး လုပ်ဖို့လိုအပ်တာတွေ ဝယ်လိုက်ပါ။ ကလေးသုံးဖြစ်ဖြစ်၊ မျက်နှာသုံးဖြစ်ဖြစ်၊ ပိုးသတ်တဲ့အခါသုံးတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။



၂။ ခြေထောက်တွေကို သန့်ရှင်းပါ



ရေချိုးခန်းဖြစ်ဖြစ်၊ အိမ်သာဖြစ်ဖြစ်ကိုသွားပြီး ဖိနပ်နဲ့ခြေအိတ်တွေကို ချွတ်လိုက်ပါ။ ခြေအိတ်မဝတ်ဘူးဆိုရင် အနံ့ထွက်ရခြင်းအကြောင်းရင်း တစ်ခုပဲဖြစ်ပါတယ်။ ဖိနပ်နဲ့ခြေအိတ်ချွတ်ပြီးရင် ခြေထောက်ကို သေချာ သန့်ရှင်းပါ။





၃။ ပေါင်ဒါသုံးပါ



သင့်ရဲ့ခြေထောက်တွေကိုရော ဖိနပ်ကိုပါ ပေါင်ဒါတွေ ဖြူးပေးလိုက်ပါ။ ပေါင်ဒါဖြူးထားခြင်းအားဖြင့် ခြေထောက်က အဆီနဲ့ချွေးထွက်တာကို ထိန်းထားပေးနိုင်ပါတယ်။



၄။ အောက်ခံဆိုးလ်ပြားထည့်ပါ



ဝယ်လာတဲ့ အောက်ခံဆိုးလ်ပြားကို ဖိနပ်နဲ့အနေတော်ဖြတ်ပြီး ဖိနပ်အတွင်းမှာ ထည့်လိုက်ပါ။ သူတို့က ခြေဆီတွေကိုရော အနံ့အသက်တွေကို စုပ်ယူထားပါလိမ့်မယ်။

 

Ref : Gentleman Magazine

Photo Credit : gtmjournal

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ