Property Titles
    ထပ်မံရှာဖွေရန်
    Property Titles
      Flooring

      မှန်ကို ဘယ်နေရာမှာ ထားသင့်လဲ

      Updated 11th Jul 2016

      Written by

      Duwun, Shweproperty

       


      ကိုယ်ပိုင်အိပ်ခန်းမှာ ချိတ်မယ်ဆိုရင် ပြတင်းပေါက်ရဲ့ ဘေးနားမှာ ချိတ်သင့်ပါတယ်။ မှန်ကို ဘယ်နေရာမျိုးမှာ ဘယ်လိုမျိုးထားသင့်တယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်......


       
      ၁ - ကြိုးနဲ့ဆွဲပြီး ချိတ်တာမျိုး မလုပ်ပါနဲ့။



      ၂ - ဧည့်ခန်းထဲမှာ ချိတ်မယ်ဆိုရင် မှန်အောက်ဘက်ကို အထဲဘက် နည်းနည်းစောင်းထားပါ။ မှန်ဟာ အခန်းကို ပိုပြီး ပြသပေးနိုင်မှာ ဖြစ်ပါတယ်။



      ၃ - ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ ချိတ်တာကောင်းပါတယ်။ တကယ်လို့ ကိုယ်ပိုင်အိပ်ခန်းမှာ ချိတ်မယ်ဆိုရင် ပြတင်းပေါက်ရဲ့ ဘေးနားမှာ ချိတ်သင့်ပါတယ်။



      ၄ - အခန်းနံရံမြင့်မြင့်၊ မျက်နှာကျက်မြင့်မြင့်ရှိတယ်ဆိုရင် ဒေါက်လိုက်ရှည်တဲ့ မှန်က သင့်လျော်ပါတယ်။ အခန်းက အလျားကျယ်တယ်ဆိုရင် အလျားရှည်တဲ့ မှန်က အဆင်ပြေပါတယ်။



      ၅ - မချိတ်သင့်ဆုံးနေရာကတော့ အိပ်ရာပေါ်မှာ ဖြစ်ပါတယ်။



      ၆ - တံခါးပေါ်မှာ မှန်ကပ်တာမျိုးရှိပြီး ဒီလို ကပ်မယ်ဆိုရင် တံခါးရဲ့အရှည်အတိုင်း တပ်သင့်ပါတယ်။ အပေါ်ပိုင်းပဲ တပ်တာမျိုး မလုပ်သင့်ပါဘူး။

       

      Ref : Duwun

      Photo Credit : peterfilichia

      Posted By : Wai Phyoe

      Get daily fresh news delivered to your inbox

      By subscibing you agree to our privacy policy


      ဝယ်ရန်

      ငှားရန်

      စီမံကိန်း အသစ်များ