Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Office Cubicles

အားလုံးမှားတတ်ကြသည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အမှား(၆)ခု

Updated 9th Feb 2016

Written by

Gentelman Magazine, Shweproperty

 

သင် ကြိုးစားရှာဖွေထားတဲ့ ဝင်ငွေတွေ ဘာမှအဖတ်မတင်ပဲ ကုန်သွားလို့ စိတ်ညစ်နေပါသလား။ နောင်ရေးအတွက် စုဆောင်းလို့ မရလို့ အခက်တွေ့နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ငွေကြေးစီမံခန့်ခွဲမှုမှာ အမှားအယွင်းရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် လစဉ်အသုံးစရိတ် အလျှင်မှီဖို့ပဲဖြစ်ဖြစ်၊ နောက်ရေးအတွက် ကြိုတွေးပြီးစုဆောင်းဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ် ငွေကြေးစုဆောင်းတာ၊ သုံးစွဲနေတာနဲ့ ပတ်သက်ပြီး အခက်ကြုံနေရသူတွေအတွက် အားလုံးမှားတတ်ကြတဲ့ ငွေကြေးစီမံခန့်ခွဲမှုအများ (၆)ခုကို ဖော်ပြလိုက်ပါတယ်။



    ၁။ အသုံးစရိတ်ကို အတိအကျမသိခြင်း



တိကျသေချာတဲ့အသုံးစရိတ်ကို မသိရင် စီမံခန့်ခွဲလို့မရပါဘူး။ ဝင်ငွေတွေကို ဘာအတွက်သုံးလဲလို့ မေးလိုက်ရင် လူအများစုက သူတို့မှတ်မိတာအနည်းငယ်ကိုပဲပြောတတ်ကြပြီး တကယ်တမ်းစာရင်းချ ကြည့်လိုက်တဲ့အခါကျမှ သူတို့ရဲ့အသုံးစရိတ်ကို အံ့သြတကြီးဖြစ်တတ်ကြရပါတယ်။ ဒါ့ကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို သေချာမှတ်သား စာရင်းပြုလုပ်ထားဖို့လိုအပ်ပါတယ်။



    ၂။ ကြားဖောက်အသုံးစရိတ်များကို မမှတ်မိခြင်း



တစ်ခါတစ်လေမှာ လစဉ်ပုံမှန်အသုံးစရိတ်မဟုတ်ပဲ အကြောင်းတစ်ခုခုကြောင့် ထုတ်သုံးလိုက်ရတဲ့ အသုံးစရိတ်တွေကို ဆိုလိုပါတယ်။ ဥပမာ အားလပ်ရက်အပန်းဖြေခရီးထွက်ဖို့ စရိတ်တို့၊ အရေးပေါ် ဆေးဖိုးဝါးခတို့ဖြစ်ပါတယ်။ ဒီလို အသုံးစရိတ်တွေကို ခန့်မှန်းတွက်ချက်   သေချာမှတ်သားပြီး (၁၂)နဲ့ စားကာ လစဉ်အသုံးစရိတ်ထဲကို ထည့်သွင်းထားသင့်ပါတယ်။ ပြီးတော့မှ သီးခြားစီ ပြန်ဖယ်ထားမယ်ဆိုရင် လိုအပ်တဲ့အချိန်မှာ အလုံအလောက်ရှိနေမှာဖြစ်ပါတယ်။




    ၃။ လိုတာထက်ပိုသုံးခြင်း



ဘာတွေအတွက် ဘယ်လောက်သုံးနေမိလဲဆိုတာကို သိပြီဆိုတာနဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့နည်းလမ်း တွေကို စဉ်းစားရမှာဖြစ်ပါတယ်။ လိုချင်ယုံသက်သက်နဲ့ မလိုအပ်တာတွေ ဝယ်မိနေသလား၊ မလိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုရော သုံးမိနေလား၊ စတာတွေကို ပြန်တွေးကြည့်ပါ။ အပြင်မှာဝယ်စားတာနဲ့ အိမ်မှာချက်စား တာနဲ့ စရိတ်ချင်းယှဉ်တွက်ကြည့်ပါ။ ဒီလိုအသေးအမွှားလေးတွေကို ဆင်ခြင်လိုက်ရုံနဲ့ အချိန်တစ်ခုရောက်ရင် ရလာမယ့်အကျိုးကျေးဇူးကို သင်အံ့သြသွားနိုင်ပါတယ်။



    ၄။ တစ်လစာတစ်လအကုန်သုံးခြင်း



ဒါဟာတကယ့်အမှားကြီးတစ်ခုပါပဲ။ သင့်လက်ထဲမှာ ငွေပိုငွေလျှံမစုဆောင်းထားပဲ တစ်လစာတစ်လအကုန် သုံးပစ်လိုက်လို့မဖြစ်ပါဘူး။ ဘဏ္ဍာရေးပညာရှင်တွေကတော့ အနည်းဆုံး (၈)လကနေ (၁၂)လစာလောက် အထိ အသုံးစရိတ်အပိုရရှိအောင် စုဆောင်းထားရှိဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ငွေကိုစုဆောင်းတဲ့နေရာမှာ လည်း လုံခြုံပြီး စိတ်ချရတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုမှာ ထည့်ဝင်တာပဲဖြစ်ဖြစ် အတိုးနှုန်းကောင်းတဲ့ ဘဏ်တစ်ခုခု မှာအပ်နှံထားတာပဲဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

 

    ၅။ ငွေပိုမှစုဆောင်းဖို့ ရည်ရွယ်ခြင်း



တစ်လတာအဆုံးသတ်ချိန်မှာ ပိုတဲ့ငွေကိုစုဆောင်းဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ တကယ်စုဖို့ ဘာမှ မကျန်ဘူးဆိုတာ အံ့သြစရာမဟုတ်ပါဘူး။ တကယ်တော့ ပိုမှစုမယ့်အစား မသုံးရသေးခင်မှာ စုဖို့ရည်ရွယ်ထားတဲ့ပမာဏကို စုဆောင်းထားသင့်ပါတယ်။ သုံးလို့ပိုမှာ စုဆောင်းတာထက် စုလို့ ပိုတာကိုပဲ သုံးသင့်ပါတယ်။



    ၆။ အပြီးအနားယူချိန်အတွက် မစုဆောင်းခြင်း၊



အလုပ်ကနေ အပြီးအနားယူချိန်အတွက် အသုံးစရိတ် တနည်းအားဖြင့် အိုစာမင်းစာကို ကြိုစုဆောင်းထားခြင်းမရှိတာမျိုးကို ဆိုလိုပါတယ်။ ပင်စင်လစာရှိတယ်ဆိုပေမယ့် လုံလောက်မှုရှိမရှိကို ချင့်တွက်ဖို့လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ သင့်ရဲ့အသုံးစရိတ်ကို သေချာစစ်ဆေးပါ။ ပြီးရင် သင်အနားယူချိန်မှာ ပြောင်းလဲလာနိုင်တဲ့ကုန်ဈေးနှုန်းအခြေအနေကို မှန်းဆပြီး လုံလောက်တဲ့ပမာဏကို ကြိုတင်စုဆောင်းရမှာဖြစ်ပါတယ်။

 

Ref : Gentelman Magazine

Photo Credit : businessnewsdaily

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ