Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

မိုးတွင်းမှာ သစ်သားပရိဘောဂများကို စနစ်တကျထိန်းသိမ်းဖို့ နည်းလမ်း (၅) ခု

Updated 1st Sep 2017

Written by

Home Lane, Shweproperty

 

မိုးရာသီရောက်ပြီဆိုရင်တော့ စာဖတ်သူတွေအနေနဲ့ အိမ်ရဲ့တစ်နေရာရာကနေ မိုးစက်လေးတွေကိုငေးရင်း ကော်ဖီတစ်ခွက်နဲ့ မျောနေကြလိမ့်မယ်ထင်ပါတယ်။ တစ်ချို့သောစာဖတ်သူတွေကတော့ မိုးစက်မိုးပေါက်တွေကြားထဲတိုးဝင်ပြီး မိုးရေစက် တွေနဲ့ ထိတွေ့ဆော့ကစားရင်း ပျော်ရွှင်နေကြမှာပါ။ ဒီလိုခံစားမူလေးတွေက မိုးရာသီမှာပဲရရှိနိုင်တဲ့အတွက် မိုးရာသီရောက်ဖို့ကို မျှှော် လင့်နေတတ်ကြပါတယ်။ မိုးရာသီမှာ ပျော်ရွှင်စရာတွေရှိနိုင်တယ်ဆိုပေမယ့် အိမ်မှာရှိတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂ ပစ္စည်းတွေ ပျက်စီးတတ်တဲ့ ပြဿနာကလည်းရှိနေတဲ့အတွက် စိတ်ညစ်စရာတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုပြောပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်မယ်ဆိုရင် စာဖတ်သူတို့ရဲ့ တန်ဖိုးကြီးတဲ့ သစ်ပရိဘောဂပစ္စည်းတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ် ပါတယ်။ အခုပဲ နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

 

(၁) သင့်ရဲ့ modular ပရိဘောဂပစ္စည်းတွေက မိုးရာသီအတွက်အဆင့်သင့်ဖြစ်လျှှင် စစ်ဆေးပါ။

 

သင့်ရဲ့ Modular Furniture အနီးမှာ Edge banding strips က ကောင်းမွန်ပြီး ဆွဲဆောင်မူရှိနေရုံတင်မဟုတ်ပဲ ပရိ ဘောဂပစ္စည်း ထုတ်လုပ်မူရဲ့ အစိတ်အပိုင်းအနေနဲ့လည်း အရေးကြီးပါတယ်။ ဒီအစိုဓါတ်ခံနိုင်တဲ့ bands က အတွင်းကနေစိမ့် ထွက်ခြင်းနဲ့ မိုးရွာနေစဉ်အတွင်း သစ်နဲ့လုပ်ထားတဲ့ဘုတ်ပြားတွေ ကောက်ကွေးခြင်းနဲ့ ဖောင်းလာခြင်းတို့ကနေတစ်ဆင့် အစိုဓါတ် ကိုရပ်တန့်စေပါတယ်။ Edge bands အားလုံးက ကွဲတာပဲ့တာမရှိပဲနှင့် သစ်လွင်နေတယ်ဆိုတာကို ကြည့်ဖို့စစ်ဆေးပါ။ အဲဒါတွေ အကုန်စစ်ဆေးပြီးလို့ သိလာပြီဆိုရင်တော့ လက်သမားကိုဖုန်းဆက်ခေါ်ဖို့ လိုအပ်ပါတယ်။

 

(၂) ပရိဘောဂတွေကို နံရံမကပ်အောင် ထားပါ။

 

ပထမဆုံး ပရိဘောဂတွေကိုနေရာချတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ အနားမှာရှိတဲ့အရာအားလုံးကို နံရံနားကို တွန်းထုတ် တတ်ကြပါတယ်။ဒီလိုပြုလုပ်ခြင်းကလည်း မိမိအိမ်နေရာ ပိုမိုကျယ်ဝန်းအောင် ပြုလုပ်နိုင်မှာပါ။ ဒါပေမယ့် မိုးရာသီရောက်ပြီဆို ရင်တော့ သင့်ရဲ့ပရိဘောဂတွေကို နံရံနဲ့အဝေးမှာထားဖို့ လိုအပ်ပါတယ်။ ပရိဘောဂတွေကိုနံရံနဲ့အဝေးမှာ ထားလိုက်ခြင်းက အ စိုပြန်နေတဲ့နံရံကနေ အစိုဓါတ်ကူးစက်ခြင်းကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ အဝတ်ဗီရိုက အရေးပါတယ်ဆိုရင်တောင် ပရိ ဘောဂပစ္စည်းတွေရဲ့အနောက်ဘက်က ယိုစိမ့်မူတွေကို စစ်ဆေးဖြစ်မှာမဟုတ်ပါဘူး။ မီးဖိုချောင်ဗီရိုနဲ့ အခြားပရိဘောဂတွေကို သေချာလုပ်ဖို့က အရေးပါပေမယ့်လည်း ဘယ်ယိုစိမ့်မူကမှ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။ မိုးရာသီမှာ နံရံနဲ့ပရိဘောဂ တွေကို အနည်းငယ်ခွာထားခြင်းက သင့်ရဲ့ကောင်းမွန်တဲ့ သစ်နဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေ ဆုံးရူံးရမူကို လျှော့ကျစေနိုင်မှာပါ။

 

(၃) တစ်ချို့အရာတွေကို ကိုယ်တိုင်ပြုလုပ်လိုက်ပါ။

 

မိုးရာသီရယ် စိုထိုင်းမူဆိုတဲ့စကားလုံးရယ် မှိုတက်တာရယ်က တွဲလျက်ရှိနေတာဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင်လို့ fresh ဖြစ်အောင်ထားတာ ဒါမှမဟုတ် ခြောက်သွေ့တဲ့တမာရွက်ကိုအသုံးပြုမယ်ဆိုရင် အထက်ပါအဖြစ်အပျက်တွေကနေ တားဆီးပေး ပါလိမ့်မယ်။ ပိုးမွှားတွေအတွက် အိမ်မှာပဲကိုယ်ပိုင်နည်းလမ်းတွေနဲ့ပြုလုပ်ပြီး မီးဖိုချောင်ပျက်စီးခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။

 

(၄) ဖယောင်းနဲ့ အစိုခံနိုင်တဲ့ကော်ကို အသုံးပြုပါ။

 

သစ်ထည်ပရိဘောဂတွေကို ဖယောင်းနဲ့ပွတ်တိုက်တာနဲ့ ပြောင်လက်အောင်တိုက်ချွတ်ခြင်းက မိုးရာသီမှာ သင့်ရဲ့ပရိ ဘောဂတွေကို ကာကွယ်ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဖယောင်းကို ရွေးချယ်ခြင်းက ပရိဘောဂတွေကို လေတွေရေ တွေမဝင်အောင် အလုံပိတ်တာမျိုးနဲ့ အစိုဓါတ်စုပ်ယူတာကို ကာကွယ်ပေးနိုင်မှာပါ။ သင့်ရဲ့ modular cabinets နဲ့ ပရိဘောဂတွေ ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ အစိုခံနိုင်တဲ့ကော်ကို အသုံးပြုနိုင်ပါတယ်။

 

(၅) စိုထိုင်းမူထိန်းစက်ကို အသုံးပြုပါ။

သင့်ရဲ့အိမ်သူအိမ်သားတွေအသက်ရူဖို့ တချို့အချိန်တွေမှာ အိမ်ရဲ့ ပြတင်းပေါက်နဲ့တံခါး တွေကို ဖွင့်ထားသင့်ပါတယ်။ ဒါပေမယ့် အဲဒါကအလုပ်မဖြစ်ဘူးလို့ ခံစားရပြီဆိုရင် ကောင်းမွန်တဲ့စိုထိုင်းမူထိန်းတဲ့စက်မှာ ရင်းနှီးမြုပ်နှံဖို့ လိုအပ်လာပါပြီ။ ဒီလို ဆိုရင်တော့ အိမ်အတွင်းက အပူချိန်နဲ့ စိုထှိုင်းမူကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီးတော့ Modular နဲ့ အခြားသစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိ ဘောဂတွေကို အချိန်အကြာကြီး မပျက်စီးပဲ ထားရှိနိုင်မှာပါ။

 

Ref & Photo Credit : Home Lane & Social

Posted By : Ra Wai (ShweProperty.com)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ