Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

ခေါင်းအုံးညစ်ပတ်ခြင်းက အဆုတ်မှိုစွဲရောဂါဖြစ်စေနိုုင်ပြီးအသက်ဆုံးရှုံးနိုုင်

Updated 27th Apr 2016

Written by

Daily Mill, Shweproperty

 

အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေးသမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူစပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာ လို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။



ဒေါက်တာရဲ့ စစ်ဆေးမှုမှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။ သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်း ဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ ရောဂါကို သေသေချာချာ စစ်ဆေး မှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။



အဆိုပါ မှိုဟာ ဘယ်နေရာကနေ လူကို ကူးစက်ခဲ့သလဲဆိုတာကို ထပ်မံ စမ်းသပ်လိုက်တဲ့အခါမှာတော့ ကျွန် တော်တို့နဲ့ အနီးဆုံး ပတ်ဝန်ကျင်မှာ ရှိနိုင်ပြီး အထူးသဖြင့် ကျွန်တော်တို့ အိပ်တဲ့အခါ အုံးတဲ့ ခေါင်းအုံးမှာ ပိုလို့ ရှိနိုင်ပါတယ်။ အဲဒီ မှိုတွေဟာ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ဆီကို ဝင်ရောက်နိုင်ဖို့ အရမ်း လွယ်ကူပြီး၊ နေမကောင်းသူ အုံးထားတဲ့ ခေါင်းအုံးကို အသုံးပြုမိပါကလည်း အဖျားဗိုင်းရပ်စ်နဲ့ အခြား ကူးစက် ရောဂါတွေ ကူးစက်နိုင်ချေ ပိုရှိတယ်လို့ သိရပါတယ်။



သို့အတွက်ကြောင့် မိမိ တစ်ကိုယ်ရေ အုံးနေတဲ့ ခေါင်းအုန်းတွေကို တစ်ပတ်လှျှင် အနည်းဆုံး တစ်ကြိမ်လောက် လျှော်ဖွပ် သန့်စင်ပေးသင့်ပြီး နေ့စဉ် နေရောင်ကောင်းကောင်းရဲ့အောက်မှာ လှန်းပေးသင့်ပါတယ်။ နေရောင် ဟာ မှိုနဲ့ အခြားပိုးမွှားများကို နှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သက် ရှည်ကျန်းမားတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသုံးအဆောင်ပစ္စည်းတွေ သန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

 

Posted By : Wai Phyoe

Photo Credit : Social

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ