Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Bedroom

ကိုယ်ဝတ်မယ့် အဝတ်အစား၊ ဖိနပ်၊ ဘောင်းဘီတွေမှာ ဒီလိုပြသနာလေးတွေ ကြုံရတဲ့အခါ

Updated 7th Nov 2016

Written by

Trend Myanmar, Shweproperty

 

တစ်ခါတစ်လေ အပြင်သွားခါနီးမှ ကိုယ်ဝတ်မယ့်အဝတ်အစားက အဆင်မပြေဖြစ်တာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ အချိန်ကလည်း မရှိတော့ဘူး။ အဝတ်အစားမှာ ပြသနာလေးတွေကလည်း ဖြစ်နေပြီဆိုရင် ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလေးတွေ သိထားတော့ ပိုကောင်းတာပေါ့။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်........


 
၁။ဖိနပ်ကို တစ်ခုခုနဲ့ ခြစ်မိသွားလို့ အရာထင်သွားတဲ့အခါ


 
သွားရမယ့်နေရာက သာမန်မဟုတ်ဘူး။ ဒင်နာပါတီ၊ ပွဲတစ်ခုခုဖြစ်နေတယ်ဆိုရင် ဖိနပ်မှာ သွားရင်းလာရင်း တစ်ခုခုနဲ့ခြစ်မိလို့ အရာထင်သွားတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရမှာအမှန်ပါပဲ။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် ဖိနပ်မှာထင်နေတဲ့ အစင်း၊ အရာကို ပိတ်စတစ်ခုခုနဲ့ ပွတ်တိုက်ရပါလိမ့်မယ်။ ပိတ်စသားပေါ်မူတည်ပြီး သင့်ဖိနပ်ဟာ အသစ်တစ်ရံလိုတောင် ဖြစ်သွားနိုင်ပါသေးတယ်။ လည်သာလိုမျိုးအသားဆိုရင် သွားတိုက်ဆေးနဲ့ နည်းနည်းလေး တိုက်လိုက်ရုံပါပဲ။ နည်းနည်းကြမ်းတဲ့အသားမျိုးဆိုရင် ခဲဖျက်လေးကို အသုံးပြုပြီး အမှတ်၊ အစင်းကို ဖျက်ပစ်နိုင်ပါတယ်။ canvas လိုအသားမျိုးဆိုရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းလေး သုံးပေးလိုက်ပေါ့။ ဝါနေတာတွေတောင် ပျောက်သွားဦးမှာပါ။


 
၂။ဘောင်းဘီ၊ ဖိနပ်မှာ ပီကေကပ်သွားတဲ့အခါ


 
လမ်းလျှောက်ရင်း ပီကေတွေ ဖိနပ်မှာ ကပ်သွားတဲ့အခါ၊ ဒါမှမဟုတ် ဘောင်းဘီမှာ ပီကေတွေ ကပ်နေတဲ့အခါမျိုးတွေမှာ ဒါကို ပြန်ခွာဖို့ အခက်အခဲ ရှိတယ်ဆိုရင် ခုနကပ်နေတဲ့ပီကေပေါ်မှာ ရေခဲတုံးလေးတွေ နည်းနည်းပွတ်ပေးလိုက်ပါ။ ဒါဆို ပီကေက ပျော့မနေတော့ပဲ မာလာပြီး ခွာရလွယ်ကူသွားပါပြီ။


 
၃။အသားကပ်ဘောင်းဘီအပါးကို တစ်ခုခုနဲ့ ငြိမိတဲ့အခါ


 
ပါးလွှာတဲ့ အသားကပ်ဘောင်းဘီကို တစ်ခုခုနဲ့ငြိမိသွားရင် အားလုံးဆက်တိုက်ပြဲရိသွားဖို့သာရှိပါတယ်။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် သင့်မှာရှိတဲ့ အရောင်မပါတဲ့ လက်သည်း polish လိုဟာမျိုးကို သုတ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။


 
၄။သင့်အဝတ်အစားမှာ ကြောင်မွှေး၊ ခွေးမွှေးစတာတွေ ကပ်နေတဲ့အခါ


 
သင်ဝတ်မယ့် အကျႍ၊ ဘောင်းဘီစတာတွေမှာ ကြောင်မွှေး၊ ခွေးမွှေးတွေ ကပ်နေတာမို့ ခါရတာ အကုန်အစင်မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင် လက်နဲ့ခါနေမယ့်အစား တိပ်ခပ်ကြီးကြီးကို လက်မှာ ပတ်လိုက်ပြီး အဲ့ဒါနဲ့ ခါလိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပြီးစီးသွားပါလိမ့်မယ်။


 
၅။ဘရာစီယာကြိုးကို လူမမြင်စေချင်တဲ့အခါ


 
တစ်ခါတစ်လေ ကိုယ်ဝတ်ထားတဲ့ ဘရာစီယာကြိုးဟာ ဝတ်ထားတဲ့အကျႍနဲ့ မလိုက်ဖက်တာပဲဖြစ်ဖြစ်၊ ကြိုးကိုမပေါ်စေချင်တာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲ အာရုံစားနေရင် တွယ်ချိတ်၊ ဒါမှမဟုတ် စက္ကူတွေဘာတွေ တွဲချိတ်လေ့ရှိတဲ့ ချိတ်မျိုးနဲ့ ကျောဘက်က ဘရာနှစ်ခုကို ဆွဲယူပြီး ကျောလယ်မှာ ချိတ်ထားလိုက်ပါ။ ဒါဆိုစွတ်ကျယ်လို ဟာမျိုးဝတ်ရင်တောင် သူ့ဟာနဲ့သူ အလယ်မှာ ပျောက်နေမှာပါ။

 

Posted By : Wai Phyoe

Photo Credit : roomsidea

Ref : Trend Myanmar

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ