Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

ကျော နာကျင်နေခြင်းရဲ့ တရားခံဟာ ဇိမ်ခံ ဆိုဖာ များသာ ဖြစ်နေ

Updated 4th Feb 2016

Written by

Thit Htoo Lwin, Shweproperty

သင်ဟာ ဆိုဖာ တစ်ခုပေါ်မှာ သက်တောင့်သက်သာ ရှိစွာ နဲ့ ထိုင်နေတာလား?ဒါဆိုရင်တော့ သင်ဟာ ကြော နာကျင်ဖို့ သေချာနေပြီဖြစ်တယ်လို့ စစ်တမ်းကောက်ယူမှု တစ်ခုက ဆိုလိုက်ပါတယ်။



နူးညံ့တဲ့ ဆိုဖာတွေဟာ သင့်ရဲ့ နောက်ကျော ပြသနာတွေအားလုံးအတွက် အဓိက တရားခံပါပဲ။ လူ ၅ ယောက် မှာ ၁ ယောက် ဟာ ဇိမ်ခံ ဆိုဖာ တွေကို ဝယ်ယူကာ အဲဒီဆိုဖာတွေပေါ်မှာ ထိုင်ခြင်း ၊ အိပ်စက်ခြင်း တို့ကို ပြုလုပ်ပြီးတဲ့နောက် ကျော အောက်ပိုင်းကိုက်ခဲတာနဲ့ ပခုံးနာတာ စတဲ့ ကျောပြင် နဲ့ပတ်သက်တဲ့ ရောဂါတွေကို စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။



သစ်သားထိုင်ခုံတွေနဲ့ တည့်မတ်တဲ့ အနေအထားနဲ့ ပရိဘောဂတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ပေါ်ပြူလာ ဖြစ်ခဲ့ပေမယ့်လည်း တိုးတက်များပြားလာတဲ့ ကမ္ဘာ့လူဦးရေ က ပိုမို နူးညံ့ပြီး နစ်ဝင်သွားနိုင်တဲ့ ကူရှင်တွေကို ပြောင်းလဲ အသုံးပြုလာကြပါတယ်။



ဇီဝကမ္မဗေဒ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Richard Evans ရဲ့ ပြောကြားချက်အရတော့ ပိုမိုနူးညံ့တဲ့ ပရိဘောဂ တွေဟာ ပိုမို သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရတာမှန်ပေမယ့်လည်း ရေရှည်မှာတော့ သက်တောင့်သက်သာမရှိတော့တဲ့အနေအထားကို ပြောင်းလဲသွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ နူးညံ့တဲ့ ဆိုဖာ တွေဟာ ထိုင်တဲ့သူကို မှန်ကန် တဲ့အနေအထားမျိုးမှာ မရှိစေတော့တဲ့အတွက် ဖြစ်တယ်လို့ Richard က ဆိုထားပါတယ်။



အနောက်နိုင်ငံတွေမှာရှိတဲ့ အရွယ်ရောက်ပြီးသူတွေဟာ သူတို့ တစ်နေ့တာ ရဲ့ ၅၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ထိုင်နေခြင်းနဲ့ ကုန်ဆုံးစေကြပါတယ်။ ဗြိတိန် လူမျိုး ၁၀ ယောက်မှာ ၈ ယောက်ဟာ သူတို့ရဲ့ ဘ၀ ရှင်သန်ချိန်တွေမှာ ကျော နာကျင်တဲ့ ရောဂါ တစ်ခုခုကို ခံစားဖူးကြတယ်လို့လည်းသိရပါတယ်။



အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန က လမ်းညွှန်ထားတာကတော့ ကျော နာကျင်ခြင်းကင်းဝေးဖို့အတွက် သင့်ရဲ့ ဒူးခေါင်းနဲ့ သင့်ရဲ့ တင်ပါးကို တစ်ပြေးညီ ထိုင် သင့်ပြီး ကျောနာကျင်ခြင်းဟာ သင့်ရဲ့ ခြေဖဝါး အနေအထားနဲ့လည်း သက်ဆိုင်နေတဲ့အတွက် ခြေထောက်ချိတ်၍ ထိုင်ခြင်း ၊ ခြေတစ်ချောင်း ထောင်၍ထိုင်ခြင်းတို့ဟာလည်း ကျောနာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်လို့ လမ်းညွှန်ထားပါသေးတယ်။



ဒါဟာ လူအယောက် ၂၀၀၀ ကိုလေ့လာထားတဲ့ စစ်တမ်းကောက်ယူမှု တစ်ခုဖြစ်ပြီး အခြား ခေတ်သစ်နေထိုင်မှု တွေကနေ ကျော နာကျင်ခြင်းဖြစ်ပေါ်စေနိုင်တာတွေကတော့ ဒေါက်မြင့်ဖိနပ်စီးခြင်း ၊ လေးလံသော ပခုံးလွတ်အိတ် များကို အချိန်ကြာရှည်စွာ သယ်ပိုးခြင်း နဲ့ စမတ်ဖုန်းကို ငုံ့၍ အာရုံစိုက်ခြင်းတို့ ပဲ ဖြစ်ပါတယ်။

 

Ref : Thit Htoo Lwin

Photo Credit : lwinpyin

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ