Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Furniture

ဆရာ ဇင်ယော်နီရဲ့ "ရွှေစားပွဲ ငွေစားပွဲ"

Updated 26th Apr 2016

Written by

ဇင်ယော်နီ, Shweproperty

 

တစ်နေ့သ၌ကျွနု်ပ်ထံသို့ တာလီဝမ်းဟု ခေါ်သောကျောင်းနေဖက် သူငယ်ချင်းတစ်ဦးရောက်ရှိလာလေ၏။ ၎င်းသည် ၃၁ရက်နေ့တွင်မွေး ဖွားသောကြောင့်  မိဘများက သာတီဝမ်းဟုမှည့်ခေါ်ခဲ့သော်လည်းအရပ်ထဲတွင်မူ တာလီဝမ်းဟုသာ အလွယ်ခေါ်ကြလေသောကြောင့် ၎င်း၏အမည်မှာလည်းတာလီဝမ်း ဟုတွင်ခဲ့ရလေ၏



၎င်းတာလီဝမ်းသည်ကုမ္ပဏီကြီးတစ်ခုထောင်ပြီး ကြီးပွားနေသည်ဟု ကြားသိရလေသည်။ လူချင်းမတွေ့ကြသည်။ လူချင်းမတွေကြသည်။ လူချင်းမတွေ့ကြသည်မှာမူ (၁၀) နှစ်ခန့်ပင်ကြာခဲ့ပြီဖြစ်လေ၏ ယခုမှ ကျားသာမိုးကြိုး ကျွနု်ပ်ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာခဲ့ခြင်းဖြစ်လေတော့၏ကျွနု်ပ်သည်တာလီဝမ်းအား လက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏ တာလီဝမ်းက -“ဆရာကြီးမင်းသိင်္ခတို့၊ ကိုယ်သူငယ်ချင်းတို့ဆရာတပည်တွေ လက်ဖက်ရည်ကိုတော်တော်ကြိုက်တဲ့အပြင် လာသမျှဧည့်သည်ကိုလည်းလက်ဖက်ရည်ပဲတိုက်တယ်။ ဘာလဲသစ္ဇာဆိုထား ကြထားလို့လား . . .”ဟုမေးရာ . . .” ဟုမေးရာ . . . ကျွနု်ပ်က “ဒီလိုပါ တာလီဖိုးရယ် ဇမ္မူဒီပါ လက်ယာတောင်ကျွန်း သြဘာနိမိတ်ထွန်းတယ်လို့ ဆိုတယ်မလား . .  ။ ရှေးဆရာကြီးတွေက လက်ဖက်ရည်ကို နိမိတ်ကောင်းယူပြီး လာဘ်ပွင့်ရေလို့ခေါ်လေ့ ရှိကြတယ်ကွ။လက်ဖက်ရည်ဆိုတော့ဗုဒ္ဖဟူးနံနဲ့ ကြာသပတေးနံကွာ . . . ၄ နဲ့ ၅ဆိုတော့ ပေါင်းလိုက်ရင် ၉ နဝင်းဖြစ်တာပေါ့ . . .။



ပြီးတော့ လက်ဆိုတဲ့ ဗုဒ္ဖဟူးဂြိုလ်သက်က ၁၇ ကွ၊ဖက်ဆိုတဲ့ ကြာသပတေးဂြိုလ်သက်က ၁၉ ကွ။ နှစ်ခုပေါင်းတော့ ၃၆၊၃နဲ့၆ကိုပြန်ပေါင်း လိုက်ရင်လည်း  ၉နဝင်းပဲပေါ့ကွာ။ရုပ်နဝင်း၊ နာမ်နဝင်း နဝင်းနှစ်ထပ် ရတယ်လ့ိုခေါ်တယ်။ နဝင်းကိုခံပြီးကံ ကိုမြင့်ရတယ်တဲ့။ အဲဒီတော့လက်ဖက် ၇ည်သောက်ခြင်း အားဖြင့်ကံအခွင့်အလမ်းတွေ ပွင့်လန်းပါစေဆိုတဲ့ နိမိတ်ကိုလည်းယူတာပေါ့ကွာ...” ဟုရှင်းပြလိုက်၇လေ၏ ထိုအခါ တာလီဝမ်းက  ကျွနု်ပ်၏စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို လှမ်း၍ယူကာမီးညှပ်၍ ရိူက်ဖွားရင်း . . .



“ဟုတ်ပါပြီဆရာသမားရယ် . . . အစတုန်းကတော့ ကိုယ်လည်းအဲ့ဒါမျိုးတွေသိပ်ပြီး စိတ်ဝင်တစား မရှိလှပါဘုူး။ . . .အခုတော့ အလိုလိုနေရင်း ကိုယ်မှာစိတ်ဓါတ်ကျချင်သလိုလို၊ အားငယ်သလိုလိုတွေ ဖြစ်လာနေတယ်ကွ၊ နေရင်းထိုင်ရင်းလုပ်ငန်းအပြိုင်တွေ ကိုလည်းလနသလိုလိုတွေ   ဖြစ်နေတယ်ကွ။ ပြီးတော့ တစ်ခါတစ်လေများဆိုရင် ငါလုပ်နေတဲ့ အလုပ်တွေကိုတောင် ရပ်ပစ်ချင်စိတ်၊   နောက်ဆုတ်ပြီး ထွက်ပြေးချင်စိတ်မျိုးတွေ   ပေါ်လာနေတယ်ကွာ။



အဲ့ဒါ ဆရာသမားတို့ပညာနဲ့ တွက်ချက်ကြည့်ချင်စိတ် ပေါ်လာလို့ပါကွာ။ ကိုယ်ကိုမကောင်းတဲ့အတတ်တွေ၊ ဘာတွေနဲ့များ တိုက်ထားခိုက် တာတွေများ  ရှိသလားလို့ပါ. . .”ဟုပြောလျှင် ကျွနု်ပ်ပြုံး “ငါလည်းမင်းရဲ့ သတင်းတွေကိုကြားပါတယ်ကွာ. မင်းရဲ့လုပ်ငန်းတော်တော် ကြီးပြီး၊အပြိုင်အဆိုင်တွေလည်းများတယ်ဆိုဘဲ့ . . လုပ်ငန်းကြီးတဲ့သူတွေမှာစိတ်ဖိစီးမူကတော့ အနည်းနဲ့အများပဲကွာမယ် . . . ရှိတတ်ကြစမြဲပါပဲကွာ ။



ကိုယ့်သူငယ်ချင်းကိုအကြံပေးချင်တာကတော့ ကိုယ်ရဲ့ အလုပ်စားပွဲတို့၊အိပ်ယာတို့မှာယက်မကြီးတွေ၊ ထုတ်တန်းကြီးတွေရဲ့အောက် မှာရှိနေသလားဆိုတာကိုတစ်ချက်သတိထားကြည့်ရမယ်။အဲဒီတန်းမှာမီးချောင်းတွေတပ်ထားတယ်ကွ အဲဒီမီးချောင်းတွေလဲ ရင်းပြုရင်းနဲ့အဲဒီတန်းကြီး ရှိနေတာကိုငါက သတိထားမိတာကွ။ ဟုတ်ပြီဟုတ်ပြီ။ မနက်ဖြန်မှာကိုပဲ ငါ့ရဲ့စားပွဲကိုအဲဒီတန်းကြီးနဲ့ လွတ်အောင်ရွှေ့မယ်ဟေ့။ပြီးတော  ငါ့အတွက်အဲဒီလို ကောင်းနိုးရာရာလေးတွေလည်း ပြောပေးပါဦးကွာ..” ဟုမေးလျှင်ကျွနု်ပ်က “ဒီလိုကွကိုယ်ရဲ့ အလုပ်စားပေါ်မှာကိုယ့်ရဲ့ ညာဘက်ကျကျတစ်နေရာမှာ ကြည့်မှန်လေးတစ်ချပ် ကိုကိုယ့်ဘက်ကိုလည့်ပြီး ထောင်ထားရမယ်ကွ။ ပြီးတော့ကိုယ်ရဖူးတဲ့ဆုတံဆိပ်၊ ဘွဲ့တံဆိပ်လိုဟာမျိုးကိုလည်းအလုပ်စားပွဲပေါ်မှာတင်ထားရမယ်။တကယ့်အစစ်ကိုတင်ဖို့ခက်နေရင်လည်း ဓာတ်ပုံလေးရိုက်ပြီးထောင်ထားပေါ့ကွာ . . .



ဒါမှမဟုတ်ရင်လည်းကိုယ်ရဖူးတဲ့ဘွဲ့လက်မှတ်တစ်ခုခုတို့ကိုယ်များများစားစားလှူဒါန်းခဲ့ဖူးတဲ့အလှူ တော်ငွေ ဂုဏ်ပြုလွှာမှတ်တမ်း လိုဟာမျိုးကို ဓာတ်ပုံအသေးချုံ့ပြီးထောင်ထားမှာပေါ့ကွာ . . . ။တစ်ခုရှိတာက မှန်ထဲကိုလှမ်းကြည့်လိုက်ရင် ကိုယ်ရဲ့မျက်နှာရယ်အဲဒီ ဆုတံဆိပ်ဘွဲ့ တံဆိပ်ရယ်ကို မှန်ထဲမှာမြင်နေအောင်ထားရမယ်ကွ။ အဲဒီမှန်ကိုလှမ်းလှှမ်းကြည့်ရင်း ကိုယ့်လုပ်ငန်းတွေ   အောင်မြင်သည် ထက ်အောင်မြင် ဖို့အောင်  ဓါတ်တွေရဖို့ အပြိုင်အဆိုင်တွေကို အောင်နိုင်ဖို့ ဆုတောင်းရမယ်။



အဲဒီလိုပစ္ဇည်းမျိုးတွေကလည်းကိုယ်ဟာတောမရောက်တောင်မရောက်မဟုတ်ဘူးနော်. ငါကဘယ်လိုကောင်ကွ။ ဘယ်လိုတော်တဲ့ ဘယ်လို ထူးချွန်တဲ့ စိတ်ဓါတ်ခွန်အားကိုပေးစေတယ်လေ . . . ပြီးတော့မှန်တဲ့နှစ်ဆ ပွားတဲ့သဘောရောင်ပြန် ဟပ်တဲ့သဘော၊ဂမ္ဘီရသဘော လည်းပါနေ တာပေါ့ကွာ။ မင်းရဲ့အလုပ်စားပွဲမှာ အဲဒီလိုလေးထားလိုက်ခြင်း အားဖြင့်ခွန်အား အသစ်တွေအကြံကောင်းဉာဏ်ကောင်းတွေ၊ ကံအခွင့် အလမ်းကောင်းတွေပွင့်လန်းစေပြီးအလုပ်တွေဘယ်လောက်များများ၊အပြိုင်အဆိုင်တွေဘယ်လောက်များများ အားနဲ့မာန်ရှေ့သို့ချီတက် သွားနိုင်ပါ လိမ်မယ်သူငယ်ချင်း” ဟုပြောပြလိုက်ရာမနိုင်ဝန်များကို ထမ်းထားရပုံပေါက်နေခဲ့သော တာလီဝမ်း၏ မျက်နှာသည ်ရုတ်ချည်း ဆိုသလိုပင ် တိမ်စင်ကင်းသော လမင်းပမာဝင်းပ သွားပါလေတော့၏။



ထို့နောက် - “ဟုတ်ပြီကွ ဟုတ်ပြီ။ အဲဒီစကားလေတေနဲ့တင်သူငယ်ချင်းဆီကိုလာရကျိုးနပ်သွားပါပြီကွာ . . .”ဟုပြောပြောဆိုဆို ပင်လက်တစ်ဖက်က  ကျွနု်ပ်၏လက်အားဆွဲဂုဏ်ပြုနူတ်ဆက်ရင်းတစ်ဖက်ကမူအလေးပြု သောပုံလုပ်လိုက်ပါလေတော့သတည်း။

 

Ref : Home & Decor

Photo Credit : Social

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ