Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Flooring

မနက်ခင်း လန်းဆန်းတက်ကြွစွာ နိုးထချင်ရင် ဒီ (၆) ချက်အတိုင်း ကျင့်ပါ

Updated 29th Apr 2016

Written by

Simplemost, Shweproperty

 

စိတ်ကို ကြည်လင်နိုးကြားစေတဲ့ ပထမဆုံးအချက်က အိပ်ချိန်အလုံအလောက် ရရှိခြင်းဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်ပါက နောက်တစ်နေ့ နွမ်းလျပြီး စိတ်ဝိုးတိုးဝါးတား ဖြစ်တတ်ပါတယ်။



 နေ့ဘက်မှာ ကျန်းမာရေး အလေ့အကျင့်တွေ ပြုလုုပ်ဖို့ ရွေးချယ်ကြသလိုပဲ ညနဲ့ မနက် အတွက် အားအင်ပြည့်ဝပြီး ရှေ့ဆက်လုပ်ဆောင်မယ့် အရာတွေ ကျော်လွှားနိုင်ဖို့ အသင့်ဖြစ်စေမယ့် ထိုနည်း၎င်းပဲ လုပ်ပေးသင့်ပါတယ်။



စိတ်ပိုမိုလန်းဆန်းလျက် မနက်အိပ်ယာနိုးချင်ရင် ဒီအကျိုးဖြစ်စေတဲ့ အချက်တွေ စမ်းလုပ်ကြည့်ပါ။



ညမအိပ်မီ



၁။ အီလက်ထရောနစ် ပစ္စည်းများ ပိတ်ထားပါ



ကျွန်ုပ်တို့ အများစု အိပ်ရာမဝင်ခင် ကစားခြင်း (သို့) အင်တာနက် သုံးစွဲခြင်းဖြင့် တန်ဖိုးရှိတဲ့အချိန်ကို ကုန်ဆုံးစေကြပါတယ်။ ဒီအီလက်ထရောနစ်ပစ္စည်းသုံးစွဲမှု မှန်သမျှဟာ အိပ်စက်မှုကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ညမအိပ်ခင် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းက အိပ်ပျော်အောင် ဆွဲဆောင်တဲ့ ဟော်မုန်းပမာဏ လျော့နည်းစေပါတယ်။



၂။ နေ့ဘက်မှာ ကဖိန်းဓာတ် အရမ်းနောက်ကျမှ သုံးဆောင်ခြင်းကို ရှောင်ပါ



ညနေ ၃ နာရီနောက်ပိုင်း သုံးဆောင်တတ်ပေမယ့် ကဖိန်းဓာတ်က နောက်ပိုင်း အိပ်ချိန်တွေမှာ အကျိုးသက်ရောက်စေနိုင်ပါသေးတယ်။ ညမအိပ်မီ ၃ နာရီမှ ၆ နာရီကြိုပြီး ကဖိန်းဓာတ်သောက်သုံးခြင်းက အိပ်စက်ခြင်းကို အကျိုးသက်ရောက်စေနိုင်ပါတယ်။



၃။ အပူချိန်လျော့နည်းပါ



အိပ်တဲ့အခါ ခန္ဓာကိုယ်ဟာ အအေးဓာတ်ကို နှစ်သက်ပါတယ်။ ညနေပိုင်းမှာ ကျွနု်ပ်တို့ရဲ့ သဘာဝခန္ဓာကိုယ်အပူချိန် ကျဆင်းတာကြောင့် ၆၀ ကနေ ၆၇ ဒီဂရီကြားရှိတဲ့ အပူချိန်က အသင့်တော်ဆုံး ဖြစ်ပါတယ်။



မနက်အချိန်မှာ



၄။ တစ်ရေးမမှေးပါနဲ့



မနက်ပြန်အိပ်ဖို့ မက်မောကြတတ်ပါတယ်။ အဲဒီလိုအိပ်ပြန်ခြင်းက ပထမ စနိုးတဲ့အချိန်ထက် အိပ်ချင်စိတ် ပိုဆိုးစေတတ်ပါတယ်။



၅။ ခန်းဆီးတွေ ဖွင့်ထားပါ



ညအချိန် အမှောင်ထဲ အိပ်စက်ရတာကြောင့် မနက်မှာ ကိုယ့်ကိုယ်ကို အလင်းနဲ့ ထိတွေ့ပေးသင့်ပါတယ်။ အလင်းရောင်ဆိုတာ ခန္ဓာကိုယ်ကို အိပ်ယာမှနိုးမယ့် အချိန် ညွန်ပြအသိပေးတဲ့ ဇီဝလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။



၆။ ရေအနည်းငယ်သောက်ပါ



ကော်ဖီချက်ချင်းသောက်မယ့်အစား သင့်မနက်ခင်းကို ရေတစ်ခွက်နဲ့ စတင်ပါ။ ရေဓာတ်ခန်းခြောက်ခြင်းက အာရုံစူးစိုက်မှုပြသာနာနဲ့ နွမ်းနယ်မှုဖြစ်စေနိုင်ပြီး ရေမသောက်ပဲ အချိန်ကြာကြီးနေပြီးနောက်မှာ ရေဓာတ်ခန်းခြောက်ပါတယ်။



Posted By : Wai Phyoe

Photo Credit : Trend

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ