Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

သင့်အိပ်ခန်းကို ဘယ်လိုအရောင် သုတ်မလဲ

Updated 31st Oct 2017

Written by

Health [removed]s Journal, Shweproperty

 

အခန်းကို လိမ္မော်ရောင်သုတ် ခြင်းသည် ယုံကြည်သက်ဝင်မှုနှင့် စွမ်းအားရှိခြင်း သင်္ကေတများဖြစ်စေ ၍ အကောင်းမြင်သည့် ခံစားချက် နှင့် ပျော်ရွှင်ခြင်းကို ပေးစွမ်းစေ သည်။

 

အဝါရောင်ဆေးသုတ်ခြင်းသည် စိတ်ရှည်ခြင်း၊ ဉာဏ်ပညာကြီးခြင်းအပြင် နေအလင်းရောင်ထွက် လာသည့် အလားအလာသဏ္ဌာန် ဆောင်သည်။

 

ပန်းရောင်မှာ အိပ်ခန်းနံရံအ တွက် သင့်လျော်မှုရှိစေပြီး ပျော်ရွှင် ဝမ်းမြောက်ခြင်း သရုပ်ကိုပြသည့် မည်သို့သော ပန်းရောင်မဆို အိပ်ခန်း မကြီးအတွက် အလှဆုံးအရောင်ဖြစ် သည်။

 

မရမ်းရောင်သည် ယုံကြည်အား ထားခြင်း၊ လေးစားခြင်း သစ္စာရှိခြင်း တည်းဟူသော စိတ်ဓာတ်ကို ကိုယ် စားပြုသည်။ လိုက်ကာ အိပ်ယာခင်း၊ ခေါင်းအုံးများတွင် အသုံးပြုနိုင်သော် လည်း အိပ်ခန်းအတွက် လွန်ကဲသော သက်ရောက်မှုကို ဖြစ်စေ၍ နံရံအ ရောင်အဖြစ် မသုံးမိပါစေနှင့်။

 

အခန်းအပြာရောင်သည် မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး ကြီးပွား တိုးတက်မှု စိတ်အေးချမ်းသာမှုရှိစေ သော ပတ်ဝန်းကျင်ကိုဖြစ်စေသည်။ စိမ်းပြာရောင်ကိုလည်း အသုံးပြုနိုင် သည်။

 

အစိမ်းရောင်မှာ သဘာဝဆန် ပြီး မျှော်လင့်ချက်ရောင်ခြည်၊ လတ် ဆတ်မှုကိုပေးနိုင်ပြီး စိတ်နှင့် ခန္ဓာကို နုပျိုသစ်လွင်စေသည်။ အထူးသဖြင့် ကလေးများအိပ်ခန်းကိုစိမ်းတိမ်း တိမ်းအရောင်သုတ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်စိတ်ကိုဖြစ် စေသည်။

 

အနီရောင်သည် စိတ်ဖိစီးမှုများ စေပြီး အင်အားစုပ်ယူ သကဲ့သို့ဖြစ် တတ်သည်။ အနီရောင် ဖျော့ဖျော့ကို နံရံအစား၊ ခေါင်းအုံးအရောင်အဖြစ်သုံးနိုင်သည်။

 

အဖြူရောင်မှာပေလွယ်ပြီး အိပ် ခန်းမျက်နှာကျက်နှင့် အခန်းတွင် သုတ်ထားခြင်းဖြင့် တန်ပြန်အလင်း ကိုရရှိစေသည်။ မျက်စေ့ကျိန်း စေသဖြင့် မသုတ်သင့်ပါ။

 

Ref : Health Updates Journal

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ