Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့် (၅) ခု

Updated 24th Aug 2016

Written by

Gentleman Magazine, Shweproperty

 

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေပါသလား။ တကယ်တမ်းလက်တွေ့မှာတော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အရမ်းလွယ်တယ်လို့ ပြောရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အခုဖော်ပြမယ့် အချက်(၅)ခုနဲ့ ပြည့်စုံဖို့ပဲ လိုတာပါ။



၁။ သင့်စိတ်ဆန္ဒကို တိုးတက်အောင်မြင်စေနိုင်မယ့် လူတွေနဲ့ ဝန်းရံထားပါ



သင့်ရည်မှန်းချက်တစ်ခု ပြီးမြောက်အောင်မြင်စေဖို့အတွက် လက်ရှိအောင်မြင်ပြီးသားလူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားဖို့လိုပါတယ်။ သူတို့တွေက သင့်ကို ဘာလုပ်ဖို့လိုတယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဒီလိုဆိုရင် မဖြစ်နိုင်ဘူးလို့ထင်တဲ့ ရည်မှန်းချက်တွေက တကယ်ဖြစ်လာနိုင်ကို သိမြင်လာပါလိမ့်မယ်။



၂။ မဖြစ်နိုင်ဘူးထင်တာတွေကို ပြန်လည်ဆန်းစစ်ပါ



သင်အိပ်မက်ကို အကောင်အထည်ပေါ်လာဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ ဝန်းရံပြီးတဲ့အခါမှာ သင့်ရဲ့ခံယူချက်ကို အဆင့်မြှင့်တင်ဖို့ လုပ်ရမှာဖြစ် ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို ဆန်းစစ်ပြီးအတွေးတွေကို ပြန်လည်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်တိုင်ပြန်ပြင်ရေးတဲ့သဘောပဲ ဖြစ်ပါ တယ်။ ဒီလိုဆန်းစစ်ရာမှာ  ဘယ်အချက်တွေက ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေစေတာလဲ၊ တကယ်ပဲ အဟန့်အတားဖြစ်နေတာလား ဒါမှမဟုတ် စိတ်ထဲမှာပဲ တွေးကြောက်နေတာလား၊ စိုးရိမ်စိတ်တွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ စသဖြင့် စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။



၃။ မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေးနိုင်ပါစေ



သင့်ရဲ့ဝင်ငွေတိုးတက်လာဖို့က မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်စွမ်းပေါ်မှာ မူတည်နေပါတယ်။ တန်ဖိုးတွေ   ပေါင်းထည့်ပေးနိုင် ဖို့အတွက် အလုပ်ကြိုးစားဖို့ လိုတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ တကယ်တော့ မျှော်လင့်မထားတဲ့ တန်ဖိုးတွေပေါင်းထည့်ရာမှာ သင့်ရဲ့အဆက်အသွယ်တွေ၊ အချိန်တွေ၊ ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေကနေ တဆင့်ပေါင်းထည့်ပေးလို့ ရနိုင်ပါတယ်။ မှန်ကန်တဲ့လူတွေနဲ့ အဆက်အသွယ်ကောင်းတွေ တည်ဆောက်နိုင်တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် သင့်ရဲ့အချိန်တွေကို ရင်းနှီးမြုပ်နှံပြီး ပြဿနာဖြေရှင်းနိုင် သူတစ်ယောက် ဖြစ်လာဖို့ လိုပါတယ်။ အလုပ်ကိုချည်းပဲ ကြိုးစားလုပ်ဆောင်ဖို့နဲ့ လစာကောင်းတဲ့ အလုပ် တစ်ခုရဖို့   စတဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးချိန်ထားပြီး လူမှန်နေရာမှန်မှာ ချိန်သားကိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားဖို့ လိုပါတယ်။



၄။ စားသုံးသူကို သေချာရွေးချယ်ပါ



သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို   ဈေးနှုန်းမြှင့် တင်  ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းမြှင့်တင်ဖို့ တစ်ယောက်ယောက်ကို ပြောကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမျိုးပဲ ကြားရမှာသေ ချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စားသုံးသူတွေကို ပညာသားပါပါရွေးချယ်တတ်ဖို့ လိုပါတယ်။ စားသုံးသူတွေက ပေးချင်တဲ့ ဈေးနှုန်းဟာ သူတို့လက်ခံရရှိတဲ့ တန်ဖိုးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ဖြစ်ပါတယ်။



၅။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံပါ



လူအများစုက အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်အောင်မြင်ချင်တတ်ကြပါတယ်။ ဒီနည်းလမ်းက လူတစ်ချို့အတွက်ပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ရေရှည်အတွက် ရင်းနှီးမြုပ်နှံတဲ့အခါမှာ ရလဒ်တွေက ပိုပြီး မြန်မြန်ရရှိတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အချိန်ကို သုံးစွဲပုံ၊ ဝန်ထမ်းတွေ ခန့်အပ်မှု၊ တည်ဆောက်ထားတဲ့ဆက်ဆံရေး၊ ဖန်တီးထုတ်လုပ်တဲ့ ထုတ်ကုန်၊ လုပ်ငန်းရဲ့ဖွဲ့စည်းပုံ စတာတွေအားလုံးမှာ   ရေရှည်အ တွက်တွေးပြီး ရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။

 

Posted By : Wai Phyoe

Ref : Gentleman Magazine

Photo Credit : papercity

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ