Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

အစာတွေကို အချိန်မဟုတ်ဘဲ စားရင် ဆိုးကျိုးပေးနိုင်တယ်ဆိုတာ သိသလား

Updated 29th Aug 2016

Written by

7daydaily, Shweproperty

 


ကျန်းမာသော ခန္ဓာကိုယ်ဖြစ် ဖို့ လိုအပ်တဲ့ အာဟာရတွေကို မျှတစွာ စားသုံးဖို့ လိုအပ်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် အာဟာရဖြစ် ပါတယ် ဆိုတဲ့ အစားအစာတွေကို စားသောက်တဲ့ နည်းလမ်းမမှန်ခဲ့ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ သိထားရအောင်လို့   ဖော်ပြပေး လိုက်ပါတယ်။



ထမင်း - ထမင်းဟာ ကစီဓာတ် ကြွယ်ဝတဲ့အတွက် ညအချိန်တွေ မစားဖို့ အာဟာရဗေဒပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ ည ဘက်ထ မင်းတွေစားတဲ့အခါ ဗိုက်ပွပြီး ကောင်းကောင်းအိပ်မပျော် စေပါဘူး။ ဒါတင်မက ညဘက် ထမင်းစားရင် အလွယ်တကူအစာ မကြေတဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း တိုးစေပါတယ်။



နွားနို့ - အသားဓာတ်နဲ့ အာဟာရ ဓာတ်မျိုးစုံပါဝင်တဲ့ နွားနို့ဟာ ကျန်းမာရေးအတွက် အထောက် အကူပေးပေမယ့်   နွားနို့ကို   နေ့လယ်ဘက် မှာသောက်တဲ့အခါ လေးကန်ထိုင်းမှိုင်းတာမျိုး ဖြစ်တတ်တယ်လို့ သုတေသီတွေက ဆို ထားပါတယ်။ ညဘက်နွားနို့ သောက်တာက အကောင်း ဆုံးဖြစ် ပြီး ခန္ဓာကိုယ်ကိုသက်သောင့် သက်သာဖြစ်စေတဲ့အပြင် အာ ဟာရဓာတ်တွေကိုလည်း ထိထိ ရောက်ရောက်ရရှိစေတယ်လို့ သိ ရပါတယ်။



ဒိန်ချဉ် - ဒိန်ချဉ်ကို ညဘက် သောက်ရင် ခန္ဓာကိုယ်အပူတွေများစေပြီး အချဉ်ပေါက်စေကာ အစာချေဖျက်မှုကို ဒုက္ခပေးနိုင် တယ်လို့ ဆိုပါတယ်။ ဒါတင်မက အအေးမိ၊ ချောင်းဆိုး၊ နှာရည်ယို တာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ ဒိန်ချဉ်ကို နေ့ဘက်မှာ စားပေးရင် အစာချေဖျက်မှုလုပ်ငန်း စဉ်ကို ကောင်းကျိုးပြုပြီး အူကျန်း မာရေးလည်း ကောင်းစေတယ်လို့ ဆိုပါတယ်။



လက်ဖက်စိမ်း - ကောင်းကျိုးတွေ များလွန်းတဲ့အတွက် ဂရင်းတီးဆို ရင် လူတိုင်းလိုလိုသောက်လေ့ရှိ ရာမှာ မှန်ကန်တဲ့အချိန်မှာ သောက်မိဖို့တော့ လိုပါတယ်။ ဂရင်းတီးမှာပါတဲ့ ကဖိန်းဓာတ်က အချဉ်ပေါက်တာတို့ ရေဓာတ်ခန်းခြောက်တာ တို့ ဖြစ်စေနိုင်လို့ မနက်အစောကြီးက လွဲလို့   နေ့ခင်းကြိုက် တဲ့အချိန်သောက်နိုင်တယ်လို့ ဆိုပါတယ်။



ပန်းသီး - ပန်းသီးတစ်လုံးနေ့စဉ် စားပေးရင် ဆရာဝန်တောင်မလို ဘူးလို့ ပြောကြပေမယ့် စားတဲ့အချိန်မမှန်ရင် ကျန်းမာရေးဆိုးကျိုးပေးနိုင်ပါတယ်။ ညအချိန်စားရင်အစာအိမ်ထဲမှာ အချဉ်ဓာတ်ထုတ်လုပ်မှုများစေပြီး နေ့ဘက်မှာစားရင်တော့ အူရဲ့လုပ်ငန်းစဉ်တွေကို ထောက်ကူတဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်ကို ဖယ်ရှားရှင်းလင်းပေးတယ်လို့ သိရပါတယ်။



ငှက်ပျောသီး - ညဘက်မှာ ငှက် ပျောသီးစားတဲ့အခါ အအေးမိ၊ ချောင်းဆိုးစေတဲ့အပြင် ချွဲ၊ သလိပ်ထတာမျိုးတွေလည်း ဖြစ်တတ်တဲ့ အပြင် ဗိုက်ထဲ မှာ အစာလုံးဝမရှိ ချိန်စားရင်လည်း အစာအိမ်ကို ဒုက္ခပေးနိုင်တယ်လို့ သိရပါတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျော သီးကို   နေ့အချိန်စားပေး ရင်တော့ အစာချေဖျက်မှုစနစ်ကို ထောက် ကူတဲ့အပြင် တစ်နေကုန် အားအင်ပြည့်ဝစေတယ်လို့ ဆိုပါတယ်။



အခုဆိုရင် အစားအစာတွေ ကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ မှန်ကန်တဲ့စားချိန်တွေကို သိရပြီဆိုတော့ အလေ့အထအမှားတွေ လုပ်နေမိရင်လည်း   ပြင်ဆင်လိုက်ရအောင်ပါ။

 

Ref & Photo Credit : 7daydaily

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ