Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလေး (၈) ခုလောက် ပြောင်းလဲကြည့်စို့

Updated 24th Sep 2016

Written by

Thutazone, Shweproperty

 

သင့်ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့ အပြောင်းအလဲလေးနည်းနည်း လုပ်ချင်ပါသလား။ လူတွေဟာ သူတို့ဘဝတွေကို ပိုပြီးတိုးတက် ကောင်းမွန်အောင် လုပ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ ဘယ်ကစပြီး လုပ်ရမလဲဆိုတာကိုတော့ မသိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင်ကတော့ အခုပဲအပြောင်းအလဲတွေ လုပ်ပြီး သင့်ဘဝကို အောင်မြင်ပျော်ရွှင်တဲ့ဘဝဖြစ်အောင်ဖန်တီးလိုက်ပါ။ အဲ့ဒီအတွက် လုပ်ရမယ့် အချက် (၈) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်.......



၁။ ဘဝမှာ စိတ်ကူးထားတဲ့ အောင်မြင်မှုတွေရဖို့ အလုပ်တွေကို စလိုက်ပါ



လူတိုင်းမှာ သူတို့ဘဝအတွက် ရည်မှန်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ဥပမာ- စာအုပ်တစ်အုပ် ရေးချင်တာမျိုး၊ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်ချင်တာမျိုးတွေပေါ့။ ဒီလိုရည်မှန်းချက်တွေဟာ သူတို့ဘဝတွေ အတွက်တော့ အရေးပါ အရာရောက်လှပါတယ်။ ဒါပေမယ့်လည်း အခြားသောလိုအပ်ချက်တွေကို ဦးစားပေးလိုက်တဲ့ အခါမှာ ဒီရည်မှန်းချက်တွေဟာ နောက်မှာရောက်သွားတတ်ကြပါတယ်။ ငါ့ဘဝအတွက် ရည်မှန်းချက်ကဘာလဲ။ ငါအခု စလုပ်နိုင်ပြီလား။ ငါ့ဘဝရည်မှန်းချက်ပြည့်ဖို့ ဒီနှစ်မှာ ဘာကို စပြီးလုပ်နိုင်မှာလဲ။ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။



၂။ အိပ်ချိန်မှန်အောင်ကြိုးစားလေ့ကျင့်ပါ



အားလပ်ရပ်တွေမှာ နောက်ကျမှ အိပ်ယာဝင်တတ်ကြတယ်ဆိုပေမယ့်လည်း နောက်ကျမှ အိပ်ယာက ထတဲ့ရက်တွေ နည်းနည်းများလာရင်တော့ သင့်ရဲ့အိပ်ချိန်ဟာ ပြန်အသစ်ဖြစ်စေနိုင်ပါတယ်။ ညနေပိုင်း အရမ်းပင်ပန်းမယ့် အလုပ်တွေရှောင်ခြင်း၊ အပြောင်းအလဲတစ်ခုခုလုပ်ပြီး လျှော့ချခြင်းတွေကို လုပ်ပြီး နေ့တိုင်း ပုံမှန်အိပ်ပြီး ပုံမှန် အိပ်ယာမှ ထသင့်ပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ အိပ်ချိန်တွေအတွက် အကောင်းဆုံး အကျိုးအမြတ်တစ်ခုပါပဲ။



၃။ ဦးစားပေးတစ်ခုအနေနဲ့ ပိုက်ဆံစုပါ



သင့်ဘဝမှာ အောင်မြင်မှုတစ်ခုရဖို့ဆိုရင်တော့ ပိုက်ဆံကို ဦးစားပေးအနေနဲ့ စုဆောင်းတတ်ဖို့ပါပဲ။ ဘဝမှာ မမျှော်လင့်ထားတာတွေအများကြီး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အရေးကိစ္စကြီးငယ် ပေါ်လာပါက အသုံးပြုနိုင်ဖို့အတွက် ပိုက်ဆံကို စုဆောင်းထားသင့်ပါတယ်။ တကယ်လို့ သင့်မှာ အရေးပေါ်ကိစ္စတွေအတွက် အသုံးမလိုခဲ့ဘူးဆိုရင်လဲ ဒီပိုက်ဆံဟာ သင့်အလုပ်ကနေ အနားယူတဲ့အခါမှာတော့ အသုံးဝင်မှာဖြစ်ပါတယ်။



၄။ လေ့ကျင့်ခန်း စလုပ်ပါ



ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ သင့်အတွက်တော့ များစွာ အကျိုးကျေးဇူးရရှိစေမှာပါ။ ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်သလို၊ စိတ်ခံစားမှုနဲ့ စွမ်းအားတွေကိုလည်းတိုးတက်စေပါတယ်။ ဒါ့အပြင် ရောဂါတွေကို ခုခံကာကွယ်နိုင်ပြီး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပြေးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီး၊ တောင်တက်၊ အလေးမ စတဲ့ ဘယ်အားကစားနည်းကိုမဆို သင်ရွေးချယ် ပြုလုပ်နိုင်ပါတယ်။ သင့်ဘဝရဲ့ လက်ကျန်အချိန်တွေမှာ အောင်မြင်မှုရချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း တစ်ခုခုကို သင် လုပ်ဆောင်သင့်ပါတယ်။



၅။ အခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးကို ရပ်လိုက်ပါ



ကမ္ဘာကြီးမှာ အရည်အသွေးအမျိုးမျိုး၊ ထူးချှွန်မှုအမျိုးမျိုးတွေပိုင်ဆိုင်ထားတဲ့ လူသားတွေနဲ့ ပြည့်နှက်နေတာပါ။ အခြားလူတွေ ဘာလုပ်နေတယ်ဆိုတာကို လိုက်ကြည့်နေရင် သင်လုပ်ရမယ့် ဦးစားပေးအရာတွေပျောက်ဆုံးသွားနိုင်ပါတယ်။ သင့်ဘဝရဲ့ အခက်အခဲတွေကိုပဲ တွေးနေတာမျိုး၊ အခြားလူတွေရဲ့ အကြောင်းတွေကို တွေးနေတာမျိုးတွေထက် သင့်ဘဝရည်မှန်းချက် အောင်မြင်နိုင်ဖို့နဲ့ ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။



၆။ နေ့တိုင်း တစ်စုံတစ်ခုကို လေ့လာသင်ယူဖို့ရည်ရွယ်ထားပါ



သင် ကျောင်းပြီးသွားပေမယ့် လေ့လာသင်ယူမှုကတော့ မပြီးဆုံးသင့်ပါဘူး။ ကမ္ဘာကြီးဟာ သင်မသိ နားမလည်နိုင်တဲ့ အရာတွေနဲ့ပြည့်နေတာပါ။ ဒါကြောင့် သင့်ကိုယ်သင် အမြဲလေ့လာသင်ယူနိုင်တဲ့လူ ဖြစ်အောင် အာရုံစိုက်ထားသင့်ပါတယ်။ သင့်ရဲ့စိတ်တံခါးတွေကို ဖွင့်ထားပါ။ သင့်ရဲ့လုပ်နိုင်စွမ်းနယ်ပယ်တွေကို ချဲ့ထွင်ပါ။ ပို့စ်ကဒ်တွေ၊ ဆွေးနွေးပွဲတွေကအစ စာအုပ်တွေအဆုံး သင်လေ့လာသင်ယူစရာတွေအများကြီးရှိနေပါတယ်။



၇။ ကိုယ့်ကိုယ်ကို အားပေးပါ။



သင့်ဘဝမှာ အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို တွန်းအားပေးတတ်ဖို့ပါပဲ။ ခရီးတွေထွက်ပြီး ဓာတ်ပုံတွေလျှောက်ရိုက်တာဟာလည်း ဘဝကို အကောင်းဆုံးတွန်းအားပေးခြင်းပါပဲ။ အသက်ကြီးလာတဲ့အခါမှာတော့ သင် လုပ်ခဲ့တာတွေဟာ သင့်အတွက်တော့ အဖိုးတန်တဲ့ အမှတ်တရတွေ ဖြစ်စေမှာပါ။ သင် စိတ်ပင်ပန်းတဲ့အခါမှာတော့ စောစောက အမှတ်ရစရာတွေကို ပြန်ကြည့်ခြင်းဖြင့် တစ်ဖန်ပြန်ပြီး ပြုံးပျော်နိုင်စေမှာပါ။



၈။ သင် ဘာကိုသဘောကျနှစ်သက်လဲ ဆုံးဖြတ်ပါ။



သင့်အတွက် အောင်မြင်မှုဆိုတာဟာ ဘာလဲ။ အခု ဘာလုပ်ရမယ်ဆိုတာကို သင်မသိသေးလဲ ကိစ္စတော့မရှိပါဘူး။ ဒါပေမယ့် ဘာကိုနှစ်သက်ပြီး ဘာကိုတန်ဖိုးထားတယ်ဆိုတာကိုတော့ သင် ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါဟာ သင့်ဘဝကို အောင်မြင်ပျော်ရွှင်စေမယ့် အရာတွေပါ။ ဘယ်ကစရမှန်းမသိရင် စာရွက်တစ်ရွက်ယူ၊ ထိုင်ပြီး သင့်စိတ်ထဲက ဦးစားပေးသင့်တယ်ထင်တဲ့အရာတွေကို ချရေးပါ။



သင့်အတွက် အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ သင့်ဘဝကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ ကံကောင်းကြပါစေ။

 

Posted By : Wai Phyoe

Photo Credit : developgood

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ