Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Finance & Legal

အောင်မြင်တဲ့အမျိုးသမီးတွေမှာတွေ့ရတဲ့ အောင်မြင်ရေးအချက် (၅) ချက်

Updated 3rd Oct 2016

Written by

Yangon Life, Shweproperty

 

သင် ဘယ်လောက်အောင်မြင်နေသလဲ။ ရည်မှန်းချက်တွေ ပြည့်နေပြီလား။ ရာထူးတွေတိုးနေလား။ ကိုယ်ပိုင်အလုပ်ကရော   အောင်မြင်နေပြီ လား။   ဒီမေးခွန်းတွေအတွက် စိတ်တိုင်းကျအဖြေ မရသေးဘူးဆိုရင်တော့   အောင်မြင်တဲ့ အမျိုးသမီးတွေမှာတွေ့ရတဲ့   အောင်မြင်ရေး အချက် ငါးချက်ကို လေ့လာကြည့်ရအောင်။



(၁) ရည်မှန်းချက် အပျောက်မခံဘူး



အောင်မြင်တဲ့အမျိုးသမီးတွေဟာ အခက်အခဲအတားအဆီးတွေနဲ့ ကြုံလာတဲ့အခါတိုင်း ဖြစ်ချင်တာကိုပြန်ညှိနှိုင်းပြီး အလျော့အတင်း လုပ်မယ့် အစား၊ ကိုယ်ချထားပြီးတဲ့ရည်မှန်းချက်ကိုသာ အာရုံထားပြီး ခိုင်ခိုင်မာမာရှေ့ဆက်လေ့ရှိပါတယ်။ အမျိုးသမီးဆိုတာ သဘာဝအရကိုက တုံးတိုက် တိုက် ကျားကိုက်ကိုက် ခွန်အားသုံးထိုးထွက်ဖို့ဆိုတာထက် အလိမ္မာဉာဏ်သုံးပြီး အခက်အခဲတွေကို   ကျော်လွှားလေ့ရှိ သူတွေပါ။   အောင်မြင်ချင် တယ်ဆိုရင် ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အလျော့မပေးပါနဲ့။



(၂) လုံခြုံသက်သာရှိနေရာကနေ ဖောက်ထွက်ဖို့ ဝန်မလေးဘူး



အောင်မြင်တဲ့အမျိုးသမီးတွေမှာ ကိုယ့်စွမ်းရည်ကို ဖြန့်ကျက်နိုင်ဖို့အတွက် ကိစ္စအသစ်တွေကိုင်တွယ်ဖို့၊ တာဝန်ကြီးကြီးတွေလက်ခံယူဖို့အရေးမှာ အကြောက်တရားကို နေရာပေးလေ့မရှိတာကို တွေ့ရပြန်ပါတယ်။ အဆင့်မြင့်တိုးတက်ခြင်းဆိုတာ အဆင်ပြေချောမွေ့နေတဲ့အနေအထား အခိုက် အတန့်တွေမှာ ပေါ်လာလေ့မရှိပါဘူး။ ကူးရင်ကူး၊ မကူးရင်မြုပ်ဆိုတဲ့ ရေနက်ပိုင်းရောက်သွားတဲ့အခါမှသာ အများမတူတဲ့ကိုယ်စွမ်းကိုယ်စတွေ လူမြင်သူမြင်ပေါ်လာတတ်တာမျိုးပါ။



(၃) အခက်အခဲ အတားအဆီးတွေကို ဝင်တိုးလေ့ရှိတယ်



ထိုးဖောက်အောင်မြင်မှုဆိုတာ မကြာခဏဆိုသလို အားလျော့စိတ်ပျက်စရာကိစ္စတွေအဖြစ် အယောင်ဆောင်ရောက် လာလေ့ရှိပါတယ်။   အောင်မြင်သူအမျိုးသမီးတွေဟာ အဆိုပါအားလျော့စိတ်ပျက်စရာတွေထဲကနေပဲ မဆုတ်မနစ်သတ္တိရှိရှိဖြတ်လျှောက်သွားလေ့ရှိပါတယ်။ တခြား တစ်ဖက်မှာ ကိုယ်မျှော်လင့်ထားတာထက် ပိုကောင်းတာတွေတောင် ရနိုင်ပါသေးတယ်။



(၄) အများသူငါ မစဉ်းစားတာတွေ လုပ်ကြတယ်



အောင်မြင်တဲ့ အမျိုးသမီးတွေဟာ အများသူငါနဲ့ မတူတမူထူးတဲ့ကိစ္စတွေလုပ်ဖို့ မကြောက်ရွံတတ်ပါဘူး။ ကိုယ့်အပေါ်ကို ဘယ်လိုထင်မလဲဆိုတဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကို ဂရုမစိုက်တဲ့ သဘောပါ။ လွယ်လွယ်ပြောရရင် ဥပမာ အများက အိမ်ပြန်ဖို့ ရုံးဆင်းချိန်မျှော်နေရင် ကိုယ်ကအလုပ်ချိန် လွန်တောင် အလုပ်လုပ်တာမျိုး။ ထူးချွန်အောင်မြင်သူဆိုတာ အများထက် ခြေလှမ်းကျော် ရှေ့ရောက်နေသူတွေမှဖြစ်လာတာပါ။



(၅) ရည်မှန်းချက်ကြီးကြီးထားကြတယ်



အောင်မြင်မှုဆိုတာ အချိန်ယူလျှောက်ရတဲ့ ခရီးရှည်တစ်ခုပါ။ ရည်မှန်းချက်ကိုစကတည်းက မြင့်မြင့်ကြီးကြီးထားမှသာ အရောက်သွားဖို့ အခွင့် အရေးတွေပိုရနိုင်ပါတယ်။ မိမိဖြစ်ချင် ရောက်ချင်တဲ့ရည်မှန်းချက်ကို အာရုံထဲရှင်းနေမှသာ အဆင့်တိုင်းမှာပြုလုပ်ရတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ချက်တွေဟာ ပုံစံတကျနဲ့ ထိရောက်ပါလိမ့်မယ်။\



ဒီအချက်ငါးချက်ဟာ အောင်မြင်တဲ့အမျိုးသမီးတွေမှာ တွေ့ရတဲ့အရာတွေဆိုပေမယ့် အမျိုးသမီးတွေနဲ့ပဲ ဆိုင်တာတော့ မဟုတ်ပါဘူး။   အောင်မြင် တဲ့အမျိုးသား၊ အမျိုးသမီးတိုင်းမှာ တွေ့ရမယ့် အရာမျိုးတွေပါ။ ခုခေတ်ဟာ အမျိုးသမီးမို့လို့ဆိုတဲ့ အတားအဆီးတွေတဖြည်းဖြည်း ကျိုးပျက် လာနေပြီး၊ တန်းတူအခွင့်အလမ်းတွေ ပွင့်လာနေပါတယ်။ အမျိုးသမီးမို့မလုပ်ရ၊ အမျိုးသမီးမို့ မဖြစ်နိုင်ဆိုတဲ့ ထင်မြင်ချက်နေရာတွေမှာ ကိုယ့်ဆန္ဒ အတိုင်း ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အထောက်အကူနည်းလမ်းတွေ အစားထိုးလာပါပြီ။

 

Posted By : Wai Phyoe

Ref & Photo Credit : Yangon Life

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ