Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles

အိမ်မှာ တွေ့ရတတ်တဲ့ ပင့်ကူနဲ့ အခြားအင်းဆက်ပိုးကောင်တွေ လွယ်ကူထိရောက်စွာ ရှင်းလင်းနည်း

Updated 14th Dec 2016

Written by

Trend Myanmar, Shweproperty

 

အိမ်မှာ ပိုးကောင်တွေ သို့မဟုတ် အင်းဆက်ပိုးကောင်တွေဆို ဘယ်လိုအကောင်မျိုးမှ မလိုချင်တတ်ကြပါဘူး။ အိမ်မှာ ပင့်ကူနဲ့ အင်းဆက်ပိုးတွေဟာ တကယ်စိတ်ပျက်စရာကောင်းသလို ကြောက်ဖို့လည်းကောင်းပါတယ်။ ဒီတော့ ဒီအကောင်တွေကို ရှင်းလင်းဖို့ လူတွေ နည်းလမ်းမျိုးစုံ ကြိုးစားကြပါတယ်။ ဒါပေမယ့် သူတို့တွေ ပြန်လာဖို့ လမ်းကြောင်း အမြဲရှာတွေ့ ကြပါတယ်။ သင်ဟာ ဒီပြသနာရင်ဆိုင်ရသူ တစ်ယောက်ဖြစ်ပါက   ဘေးကင်းပြီး ကုန်စရိတ်နည်းပေမယ့် အင်မတန် ထိရောက်တဲ့ ဖြေရှင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်.......



အင်းဆက်ပိုးကောင်တွေ ပူစီနံအနံ့ကို သိပ်မုန်းကြတာမို့ ဒီအပင်ဟာ သင့်အတွက် သူတို့ကို ခုခံကာကွယ်မယ့် အစွမ်းထက်ဆုံး လက်နက်ပဲ   ဖြစ်ပါတယ်။ အင်းဆက်ပိုးတွေအဖို့ အဆိပ်ဖြစ်ပေမယ့် လူတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ဘေးဥပါဒ်လုံးဝ မဖြစ်စေပါဘူး။ ဒါဟာ စီးပွားဖြစ် ထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေနဲ့ မတူတဲ့အချက် ဖြစ်ပါတယ်။ ဈေးပေါပေမယ့် အကျိုးသက်ရောက်စေဖို့ ပျက်ကွက်တယ်ဆိုတာ မရှိပါဘူး။



အင်းဆက်နှင်ဆေးအဖြစ်အသုံးပြုဖို့အတွက် ပူစီနံဆီအစက်အနည်းငယ်ကို ရေနဲ့ရောပြီး ဖျန်းဘူးတစ်ခုထဲထည့်ပါ။ ပြီးတော့ တစ်အိမ်လုံး   ထောင့်နေရာတွေ၊ တံခါး၊ ပြတင်းပေါက်တွေ၊ နောက်ဖေးကွက်လပ်၊ ပင့်ကူနဲ့ အင်းဆက်တွေ တွေ့ရတတ်တဲ့ နေရာအားလုံး ဖျန်းပေးရပါမယ်။



ဒီနည်းက အင်းဆက်ပိုးကောင်တွေကို အပြီးအပြတ် ရှင်းလင်းပေးပါလိမ့်မယ်။

 

Ref & Photo Credit : Trend Myanmar

Posted By : Wai Phyoe

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ