Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

ရေခဲသေတ္တာစနစ်တကျ အသုံးပြုနည်း

Updated 26th Sep 2020

Written by

Sint Sint, Shweproperty

ကိုဗစ်ရောဂါပြန့်ပွားနေတဲ့  ဒီလိုချိန်မှာနေ့စဉ်စျေးဝယ်ဖို့ခက်ခဲတဲ့ အိမ်ရှင်မတို့အတွက် နိုင်ကနည်းလမ်းကောင်းလေးတွေ မျှဝေပေးမယ်နော်။ 

 

ချစ်တို့ရေ ဒီနေ့တော့ အသီးရွက်တွေကို အထားခံအောင်လုပ်နည်းလေးတွေ ပြောပြပေးသွားမယ်နော် ။

 

အချို့သောအသီးရွက် တွေကတော့ အရမ်းနုတဲ့အတွက် နိုင်ကတော့စျေးတစ်ပါတ်စာဝယ်ရင် အထားမခံတဲ့အရွက် တွေကို ပထမ၃ရက်မှာချက်ပီး အထားခံတာလေးတွေကို နောက်ရက်တွေထဲမှာချက်ပါတယ်။ 

 

 

ဒီနေ့ ပြောင်းဖူး ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ချဉ်ပေါင်ရွက် သိမ်းနည်းလေးပြောပြပေးပါ့မယ်။ပန်းဂေါ်ဖီစိမ်းတွေဝယ် လာပီး ၃/၄ ရက်အပြင်  ပိုမခံလို့စိတ်ညစ်နေပီလား ။ ဆားလေးနဲ့ဆေးပီး  အနေတော်အတုံးလေးတွေဖြတ် ၊ ရေနွေးဆူဆူထဲ ၃မိနစ်လောက်ပြုတ်ပီးရေခဲရေထဲချက်ချင်း ပြန်စိမ်လိုက်ပါနော် ။ ဒါမှအရောင်မပြောင်းတဲ့ ပန်းစိမ်းလေးရမှာပါ။ ပီးရင်တော့ ရေစစ်ပြီးရေခဲသေတ္တာအခဲခန်းထဲသိမ်းနိုင်ပါပီ။ 

 

ပြောင်းဖူးကတော့ အပေါ်ကအခွံတွေမခွာပဲပြုတ်တာကို နိုင်ကပိုကြိုက်ပါတယ်။ ပြုတ်ပီးမှအခွံနွှာ ပီးရေခဲရေထဲစိမ်ပေးပါနော် ။အေးသွားပီဆိုရင် ဓါးလေးနဲ့ လှီး ချပီး ပြောင်းဖူးစေ့လေးတွေအိပ်ထဲ၊ဘူးထဲထည့်သိမ်းနိုင်ပါပီ။  ကြော်ပဲစားစား ရေနွေးလေးဖျောပြီး သုပ်ပဲစားစား အဆင်သင့်ပဲပေါ့။ 

 

နိုင်ကတော့ မနက်ပိုင်းထမင်းကြော်ဖို့ဆိုရင် ပြောင်းဖူးစေ့လေးရယ်ဥနီသေးသေးလှီးထားတာရယ် ပဲစိမ်းလေးရယ် ရောပီး တစ်အိပ်သီးသန့်သိမ်းပါတယ်။  

 

 

ကဲ ချဉ်ပေါင်ရွက်ကိုတော့ ဝယ်ပီးအအေးခန်းထဲထားရင်ရိကုန်လို့စိတ်ညစ်ရမှာပါ။ ဒီတော့ ချဉ်ပေါင်ရွက်လေးကိုချွေ ရေစင်အောင်ဆေး ။ ဆီသတ်ပြီး ချဉ်ပေါင်ရွက်လေးကိုလှိမ့်လိုက် ။ရေကုန်ပီး ခြောက်ခြောက်လေးဖြစ်လာပီဆိုရင် အိုးချပီး အအေးခံထားရပါမယ် ။ 

 

အေးပြီဆိုမှသိမ်းမယ့် ဘူး ထဲထည့်ပီး ခဲထားနိုင်ပါပီ။ စားချင်တဲ့ချိန်မှ ချဉ်ဟင်းပဲချက်ချက် မျှစ်လေးပုဇွန်လေးနဲ့ကြော်ကြော် မချက်ခင်တစ်နာရီလောက်အပြင်ထုတ်ထားရုံပါပဲ။ဝမ်းသာစရာကောင်းတာက frozen လုပ်ထားတဲ့ ဒီအသီးရွက်ဟာ၆လ အထိအထားခံတာပါပဲ ။ (မီးတော့မှန်ဖို့လိုတာပေါ့)

 

သိပြီးသားချစ်မမတွေလည်းရှိပေမယ့်မသိသေးတဲ့ အိမ်ရှင်မလက်သစ်လေးတွေ ၊ကိုဗစ်နဲ့မှ ပျင်းပျင်းနဲ့မီးဖိုချောင်ထဲရောက်လာသူတွေအတွက် အသုံးတည့်မယ်လို့ထင်ပါတယ်။ 

 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

 

ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး

 

အစားအသောက်တင်မကပဲ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်တဲ့ အိမ်သုံးပစ္စည်းများ

 

အိမ်တိုင်း၊ဆိုင်တိုင်း အသုံးပြုနေတဲ့ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာခုနစ်မျိုး

 

ရေခဲသေတ္တာနံဘေးနဲ့ ရေခဲသေတ္တာပေါ်မှာ ဘယ်လိုပစ္စည်းတွေ မထားသင့်ဘူးလဲ

 

Credit : Ni Ni Naing

Photo Credit : Nytimes

Posted By : Sint Sint (ShweProperty.com)             

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ