Property Titles
ရှာဖွေရန်နှိပ်ပါ
Property Titles
Living Style and Home Services

တရုတ် Feng Shui (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ

Updated 5th May 2022

Written by

Ra Wai, Shweproperty

Feng Shui ပညာအရ သင့်အိမ်မှာ ခံစားမှုအပေါ် အများဆုံးသက်ရောက်မှုရှိစေတဲ့ နေရာတွေကို သင်သိပါသလား။ ဖုန်းရွှေဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက တရုတ်ပြည်မှာ အသုံးပြုခဲ့ကြတဲ့ ရိုးရာပညာ တစ်ခုဖြစ်ပြီး သင့်အိမ်အတွင်းမှာ ကောင်းတဲ့စွမ်းအင်တွေကို ဘယ်လိုထိန်းသိမ်းထားရမလဲဆိုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ကောင်းတဲ့စွမ်းအင်တွေရှိနေဖို့ သင့်အိမ်ထဲက တခြားနေရာတွေကိုသန့်ရှင်းရေးမလုပ်ခင် ဒီနေရာတွေကို အရင်ဆုံးသန့်ရှင်းအောင်လုပ်ဖို့လိုပါတယ်။

(၁) အိမ်ရှေ့တံခါး


အိမ်တစ်အိမ်မှာရှိတဲ့ အိမ်ရှေ့တံခါးဟာ ချီ (သို့) စွမ်းအင်ကို ဆွဲဆောင်တဲ့နေရာတစ်ခုပါ။ ဒါ့ကြောင့် ဒီနေရာဟာ Feng Shui ရဖို့ အရေးကြီးဆုံးနေရာဖြစ်ပါတယ်။ ပိုပြီးသန့်ရှင်းအောင်ထားတာ၊ ပိုပြီးတောက်ပတဲ့ ပုံစံဖြစ်အောင် ထားတာက ချီ (သို့) စွမ်းအင်အရည်အသွေးကို ပိုကောင်းစေပါတယ်။ ဒါကြောင့် သင့်အိမ်ရဲ့ဆင်ဝင် ဒါမှမဟုတ် အိမ်အဝင်တံခါးကို လုံလောက်တဲ့အလင်းရောင် ကောင်းကောင်းဝင်အောင် ၊ သန့်ရှင်းသပ်ရပ်မှုရှိအောင် ထားသင့်ပါတယ်။

(၂) အဝင်လမ်း


နောက်ထပ်တစ်နေရာက အဝင်လမ်းဖြစ်ပါတယ်။ Feng Shui ပညာမှာဆိုရင် အိမ်တံခါးနဲ့ အဝင်လမ်းကို ချီ(သို့) စွမ်းအင်ခံတွင်းပေါက်လို့ တောင်ခေါ်ပါတယ်။ နှာခေါင်းကနေ အသက်ရှုသွင်းသလို ချီစွမ်းအင်ကို နှုတ်ကနေ ရယူတဲ့သဘောပါ။ ဒါ့ကြောင့် အိမ်အဝင်လမ်းကို နေ့စဉ်တံမြက်စည်းလှည်းတာ၊ သန့်ရှင်းရေးလုပ်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။

(၃) မီးဖို


Feng Shui မှာ မီးဖိုချောင်ကို အိမ်တစ်အိမ်ရဲ့အသည်းနှလုံးနဲ့ နှိုင်းယှဉ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်တစ်အိမ်ရဲ့နွေးထွေးမှုက မီးဖိုချောင်ကလာတာကြောင့်ပါ။ မီးဖိုချောင်ထဲမှာဆိုရင် မီးဖိုဟာနေ့စဉ်အာရုံစိုက်ဖို့လိုအပ်တဲ့ အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ ကြွယ်ဝမှုရဲ့ အမှတ်သညာဖြစ်တဲ့အတွက် စွန်းပေနေတာမျိုးမရှိအောင် အသုံးပြုပြီးတဲ့အခါ မီးဖိုဘေးပတ်လည်ကို အဝတ်နဲ့သုတ်တာဖြစ်ဖြစ်လုပ်ပေးပါ။

(၄) ပြတင်းပေါက်နဲ့မှန်များ


သင့်နေအိမ်ရဲ့ပြတင်းပေါက်နဲ့ မှန်တွေဟာ စိတ်ရဲ့ကြည်လင်မှုနဲ့ကြွယ်ဝမှုကို ကိုယ်စားပြုတဲ့အတွက် ပြတင်းပေါက်နဲ့မှန်တွေကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေရှိနေရင် ပြတင်းပေါက်မှန်တွေမှာ ဖုန်တွေအမှိုက်တွေကပ်နေတတ်လို့ မကြာခဏသုတ်ပေးသင့်ပါတယ်။ သင့်အိမ်ကပြတင်း ပေါက်တွေ၊ မှန်တွေကို သန့်ရှင်းအောင်ထားတာက မိသားစုတွေရဲ့ ပျော်ရွင်မှုကိုလည်း တိုးစေပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်တွင်းသစ်ပင်လေးတွေနဲ့ ကျန်းမာရေး

အိမ်တွင်းသစ်ပင်လေးတွေနဲ့ ကျန်းမာရေး

အိမ်ဥယျာဉ်ခြံရှိ အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲ

Credit By : Kwee Blog
Posted By : Ra Wai (ShweProperty)

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy

ဝယ်ရန်

ငှားရန်

စီမံကိန်း အသစ်များ